Wednesday, June 17, 2026

ရှန်ဟိုင်းရောက် နိုင်ငံတော်သမ္မတထံသို့ မြိုတော်ဝန် လာရောက်...

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ...

ဖလမ်းမြို့တွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ပြန်လည်လည်ပတ်၊ ကာကွယ်ဆေးထိုးနှံမှုများ...

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ကလေးငယ်များအား အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးလျက်ရှိပြီး တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း ပုံမှန်ပြန်လည်ဆောင်ရွက်နေကြောင်း...

ဖလမ်းမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင်...

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ ကျင်းပလျက်ရှိသော Placement Test အထူးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ အဆိုပါ Placement...

မက်ဆီ၏ ပထမဆုံး Hat-trick ဖြင့်...

ယခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် ပြိုင်ပွဲ၏ ပထမဆုံး Hat-trick ကို သွင်းယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်ကိုလည်း လိုက်မီသွားခဲ့ကြောင်း သိရသည်။ Ballon...
HomeArticlesကျွန်တော်ရေးခဲ့သောစာအုပ်များ(၇)

ကျွန်တော်ရေးခဲ့သောစာအုပ်များ(၇)

ဇာတက ပင်လယ်နှင့် ရာမာယ ဏကို ခြေရာခံခြင်း ခေါင်းစဉ်ဖြင့် ၂ဝဝ၆ ခုနှစ်မှာ ကျွန်တော့်ဆောင်း ပါးတစ်ခုကို ကံ့ကော်ဝတ်ရည်စာပေက ထုတ်ဝေခဲ့သည်။ ထိုဆောင်းပါး ရေး ဖြစ်သည့်အကြောင်းနှင့်ပတ်သက်၍ ပြောစရာကလေးများ ရှိပါသည်။

၁၉၈၅ ခုနှစ်တွင် အခြေခံ ပညာသင်ရိုးကို သူငယ်တန်းမှ ဒသ မတန်းအထိ အသစ်ပြောင်းလဲခဲ့ရာ အတန်းအသီးသီးအတွက် ပြဋ္ဌာန်း စာအုပ်များ ပြုစုရာတွင် ကျွန်တော် လည်း အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ပြုစုခဲ့ရပါသည်။ သတ္တမတန်း အတွက် စကားပြေပြဋ္ဌာန်းစာအဖြစ် အမျိုးသားပညာဝန်ဦးဖိုးကျား၏ ‘ငါး ရာ့ငါးဆယ်ကောက်နုတ်ချက်များ’မှ ကောင်းနိုးရာရာ ဇာတကဝတ္တုများ ကို ရွေးချယ်ပြဋ္ဌာန်းခဲ့ကြသည်။ ‘ငါး ရာ့ငါးဆယ်’မှာ ဂေါတမဘုရားရှင်၏ အတိတ်ဘဝဖြစ်တော်စဉ် ၅၄၇ ဇာတ်ကို ဆိုလိုကြောင်း အများသိပါ သည်။ ငါးရာ့ငါးဆယ်ဇာတ်တော်များ ကို ဇာတကဝတ္တုများဟုလည်း ခေါ် ကြသည်။ မူရင်းမှာ ပါဠိဘာသာဖြင့် ရှိသော ဇာတကအဋ္ဌကထာဖြစ်သည်။ ဇာတကအဋ္ဌကထာကို ကုန်းဘောင် ခေတ်တွင် ညောင်ကန်ဆရာတော်က မြန်မာဘာသာဖြင့် အတိအကျပြန် ဆိုထားသော ငါးရာ့ငါးဆယ်ဇာတ် ဝတ္တုများရှိပြီး ဖြစ်သည်။ သို့သော် ကျောင်းသားလူငယ်များ ဖတ်ရှုရန် ခက်ခဲဖွယ်ရှိသည့်အတွက် ဆရာကြီး ဦးဖိုးကျားက လွယ်ကူသောစကား ပြေဖြင့် ဇာတ်တော်အချို့ကို ပြန်ရေး ခဲ့ခြင်းဖြစ်သည်။ ယင်းတို့အထဲမှ ဝတ္တုအချို့ကို သတ္တမတန်းအတွက် ရွေးချယ်ပြဋ္ဌာန်းခြင်းဖြစ်သည်။

ကျွန်တော်သည် ထိုဇာတက ဝတ္တုများကို ကျောင်းသားများအား သင်ကြားရာတွင် ဆရာ၊ ဆရာမများ အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အာဘော်ချင်းတူရာ ဝတ္တုများကို စုစည်းပြီး ‘ဇာတက ဝတ္တုများမှ ဆရာနှင့်တပည့်’၊ ‘ဇာတ ကဝတ္တုများမှ ခေါင်းဆောင်သဘော’၊ ‘ဇာတကဝတ္တုများမှ ယောက်ျား ကောင်းသဘော’ဟူသော ခေါင်းစဉ် များဖြင့် ပညာတန်ဆောင် မဂ္ဂဇင်း တွင် ဆောင်းပါးများ ရေးခဲ့ပါသည်။

သစ္စာမဂ္ဂဇင်းအတွက် စာမူ တောင်းသောအခါ ဇာတ်တော်ကြီး ဆယ်ဘွဲ့ထဲက စိတ်ဝင်စားမိသော အလှကွက်ကလေးများကို ရွေးချယ် ပြီး တေမိယဇာတ်တော်၊ မဟာဇနက ဇာတ်တော်၊ မဟော်သဓာဇာတ်တော်၊ ဝေဿန္တရာဇာတ်တော်ဟူသော ဇာတ်တော်တစ်ခုချင်းစီမှ ‘အလှတစ် ကွက်’ကို ဖော်ညွှန်းသည့်ဆောင်းပါး များလည်း ရေးဖြစ်ခဲ့ပါသည်။ တေ မိယဇာတ်တော်တွင် ငရဲကြောက် မင်းပြုရမည်စိုးသဖြင့် စကားတစ်ခွန်း မှမပြောဘဲ ဆွံ့အချင်ယောင်ဆောင် နေသော တေမိမင်းသားကို မင်္ဂလာ မရှိသူဖြစ်၍ မြေမြှုပ်သတ်ရန် အမိန့် အရ သုနန္ဒာရထားရထားမှူးက တွင်း တူးနေစဉ် ဘုရားလောင်းက မိမိ အစွမ်းသတ္တိကိုပြရန် အချိန်တန်ပြီ ဖြစ်၍ သိကြားမင်းစီမံပေးသော နတ်ဝတ်တန်ဆာကို ဆင်ယင်ပြီး သုနန္ဒာကို စကားသံပေးသောအခါ မှ တွင်းတူးနေသော သုနန္ဒာမော့ ကြည့်ပြီး မိမိအရှင်မင်းသား၏ လျှို့ ဝှက်ချက်ကို သိသွားသည့်အကွက် ကလေးဖြစ်သည်။ ဦးသြဘာသက ထိုအကွက်ကလေးကို မည်သို့လှလှ ပပပုံဖော်ထားကြောင်း ဆွေးနွေးထား ခြင်းဖြစ်ပါသည်။

ထို့အတူ မဟော်သဓာဇာတ် တော်မှအမိနှင့်သားငယ်တို့၏ သရုပ် ဖော်အဖွဲ့တွင် မိခင်မေတ္တာကို ပုံဖော် သောအလှကွက်၊ မဟာဇနကဇာတ် တော်မှ ဇနကမင်းသားနှင့် သီဝလိ ဒေဝီတို့ ‘ပညာပြိုင်’ကြသည့် အလှ ကွက်၊ ဝေဿန္တရာဇာတ်တော်မှ ဘိုး တော်သိဉ္ဇည်းမင်းကြီးထံ ရောက်သွား သော ဇာလီမင်းသားကလေးက ခမည်းတော်ဝေဿန္တရာမင်းကို လူ အများပြစ်တင်ပြောဆိုနေကြသည်ကို မခံနိုင်ဘဲ ခမည်းတော်ဘက်က ကာ ကွယ်ချေပပြောဆိုပုံအလှကွက်များ ကို ဆွေးနွေးပြခြင်းဖြစ်ပါသည်။ စာ ဖတ်သူ၏ စိတ်အာရုံကို ဆွဲဆောင် နိုင်သော ရသမြောက်အဖွဲ့ကောင်း များဖြစ်ကြောင်း ထင်ရှားစေရန် ဖော် ပြခြင်းဖြစ်ပါသည်။ ကျန်ဇာတ်လမ်း ၏ အလှကွက်များကို ဆက်ရေးရန် ဖြစ်သော်လည်း ဆက်မရေးဖြစ်ခဲ့ပါ။

၁၉၉၇ ခုနှစ်မှ ၁၉၉၉ ခုနှစ်အ ထိ ဂျပန်နိုင်ငံ အိုဆာကာနိုင်ငံခြား ဘာသာသင်တက္ကသိုလ်တွင် မြန်မာ စာဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်း ဆောင်ရန် ကျွန်တော်သွားရသည်။ ၂ နှစ်အတွင်း ထိုတက္ကသိုလ်စာကြည့် တိုက်မှ စာအုပ်တော်တော်များများကို ရှာဖွေမွှေနှောက်ဖြစ်သည်။ တစ်နေ့ တွင် အိန္ဒိယနိုင်ငံမှ ပါမောက္ခ S.N Deasai ရေးသော Hinduism in Thai Life စာအုပ်ကို ဖတ်မိရာ Ramakien ခေါ် ထိုင်းရာမာယဏ ဇာတ်နှင့်တကွ အခြားနိုင်ငံများမှ ရာမာယဏဇာတ်မူကွဲများအကြောင်း ထိုစာအုပ်မှာ တစေ့တစောင်း လေ့ လာရသည်။ ကျွန်တော်သည် ငယ်စဉ် ကပင် ရာမာယဏကို စိတ်ဝင်စား သည့်အလျောက် ရာမာယဏမူကွဲ များကို လေ့လာချင်စိတ် ထက်သန် လာသည့်အတွက် စာကြည့်တိုက်မှာ မွှေနှောက်ရှာဖွေပါသည်။ ကျွန်တော် ရှာရကျိုးနပ်ပါသည်။ ရာမာယဏ ဇာတ်၏ အရင်းခံရာ ဖြစ်သော ရာ မာယဏသက္ကတမဟာကဗျာကြီးကို အင်္ဂလိပ်ဘာသာပြန်ဆိုထားသည့်မူ များနှင့်တကွ ရာမာယဏဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲများတွင် တင်သွင်းသော စာတမ်းများကို လေ့ လာရပါသည်။ နိုင်ငံအသီးသီးမှာ အသွင်ကွဲပြားသွားသော ရာမာယဏ မူအမျိုးမျိုးကိုလည်း အင်္ဂလိပ်ဘာသာ ဖြင့် လေ့လာခွင့်ရခဲ့ပါသည်။ ရာမာ ယဏကို ထိုင်းနိုင်ငံတွင် Ramakien၊ ကမ္ဘောဒီးယားတွင် Reamker ၊ လာအို တွင် Phralak Phra Lam၊ အင်ဒိုနီး ရှားတွင် Ramayana Kakawin ၊ မလေးရှားတွင် Hikayat SirRama၊ ဖိလစ်ပိုင်တွင် Mahadao Lawana စသည်ဖြင့် မူအမျိုးမျိုးကွဲပါသည်။ အိန္ဒိယနိုင်ငံတွင်း၌ပင် ရာမာယဏ မူပေါင်းရာနှင့်ချီ၍ ကွဲပြားနေ ကြောင်း သိရပါသည်။ အာရှနိုင်ငံ များတွင် သာမက ဥရောပနိုင်ငံများ တွင်လည်း ရာမာယဏမူကွဲများရှိ ကြောင်း သိရပါသည်။

ကျွန်တော်သည် ရာမာယဏ စာပေများကို လက်လှမ်းမီသမျှ ဖတ် ရှုလေ့လာသည်။ အချက်အလက်များ ကို ကတ်ပြားများတွင် ရေးမှတ်သည်။ ရာမာယဏမူများ သုတေသနစာ တမ်းများကိုလည်း မိတ္တူကူးပါသည်။ အေးအေးဆေးဆေးအချိန်ယူလေ့ လာပြီး ရာမာယဏအကြောင်း စာ ရေးဖို့ စိတ်ကူးထားပါသည်။

မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီး နောက် ကျွန်တော့်စိတ်ကူးကို အကောင်အထည်ဖော်ပါသည်။ ၂ဝဝဝ ပြည့်နှစ်တွင် ‘ရာမာယဏကို ခြေရာ ခံခြင်း’ ခေါင်းစဉ်ဖြင့် ကလျာမဂ္ဂဇင်း မှာ ဆောင်းပါး ၆ ပုဒ် ဆက်ရေးဖြစ်သည်။ ရာမာယဏ မဟာကဗျာကြီးကို ရေးဖွဲ့သော ဇလဝကီအကြောင်း ကစ၍ မူရင်း ရာမာယဏဇာတ်လမ်း၊ တမီလ်၊ ဘင်္ဂါလီ၊ ဟိန္ဒီရာမာယဏမူ များ၊ အရှေ့တောင်အာရှသို့ ရာမာ ယဏ ပျံ့နှံ့ပုံ၊ အင်ဒိုနီးရှား၊ မလေး၊ ဖိလစ် ပိုင်၊ ဗီယက်နမ်၊ ဂျပန်၊ တရုတ်၊ ယူနန်၊ မီဇိုတို့၏ ရာမာယဏမူများ ကွဲပြားပုံတို့ကို ရေးသားခြင်းဖြစ် သည်။ ရောက်ရှိသည့် လူမျိုး၏ အကြိုက်နှင့် စရိုက်ကိုလိုက်၍ ပြင် ဆင်ဖြည့်စွက်ချက်အမျိုးမျိုးဖြင့် ရာမာယဏကို ပုံဖော်ကြပုံများမှာ စိတ်ဝင်စားစရာကောင်းပါသည်။

ကံ့ကော်ဝတ်ရည်စာပေအတွက် စာအုပ်တစ်အုပ်စီစဉ်ပေးဖို့ ထုတ်ဝေ သူ ဒေါ်ဝိုင်းဝိုင်းက ပြောလာသော အခါ ပညာတန်ဆောင်မှာ ရေးခဲ့ သော ဇာတကဆောင်းပါးများနှင့် ကဗျာမှာ ရေးခဲ့သော ရာမာယဏ ဆောင်းပါးများကို စုစည်းပေးဖို့ စိတ် ကူးပေါ်လာပါသည်။ ရှင်မဟာရဋ္ဌ သာရ သုံးနှုန်းဖူးသော ‘ငါးရာ့ငါး ဆယ်ဇာတ်ပင်လယ်’ဟူသော အသုံး ကို နှစ်သက်သည့်အတွက် ‘ဇာတက ပင်လယ်’ဟူသော ခေါင်းစဉ်ဖြင့် ဇာ တကဝတ္တုများ ကျယ်ပြန့်နက်နဲပုံကို နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်းမှာ ဆောင်းပါး တစ်ပုဒ်ရေးခဲ့ဖူးရာ ထိုဆောင်းပါးကို ပါ ထည့်သွင်းပြီး စာအုပ်ကို ‘ဇာတက ပင်လယ်နှင့် ရာမာယဏကို ခြေရာ ခံခြင်း’ဟု နာမည်ပေးခြင်းဖြစ်သည်။

နောက်ပိုင်းတွင်လည်း ရာမာယ ဏအကြောင်း ဆောင်းပါးများ ဆက် ရေးဖြစ်ပါသည်။ ကျွန်တော်ကတ်ပြား တင်ထားသော မှတ်သားချက်များနှင့် နိုင်ငံတကာ ရာမာယဏစာပေများ ကို မိတ္တူကူးခဲ့သော အထောက်အထား များကို အခြေခံ၍ ရာမာယဏ ဆောင်းပါးများ ဆက်ရေးခြင်းဖြစ် သည်။ အထူးသဖြင့် ဦးမောင်မောင် အေး၏ အလင်္ကာဝတ်ရည်မဂ္ဂဇင်း တွင် တစ်လတစ်ပုဒ်ပုံမှန်ရေးခဲ့ရာ တမီလ်၊ ဘင်္ဂါလီ၊ ဟိန္ဒီ၊ တေလုဂူ၊ မဏိပူရ၊ တိဗက်၊ ယူနန်၊ တိုင်ခမ်းတီ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေး ရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဂျပန် စသည့် နိုင်ငံများမှ ရာမာယဏမူများ အကြောင်း ဖြစ်သည်။

မြန်မာရာမာယဏစာပေများ ကိုလည်း လေ့လာခဲ့ပါသည်။ အစော ဆုံးရာမစာပေဟုဆိုရမည့် ဦးအောင် ဖြိုး၏ ရာမသာချင်းက စ၍ ရာမ ပြ ဇာတ်၊ ရာမဝတ္တု၊ ရာမရကန်စသည့် စာပေများမှသည် နောက်ဆုံး ချစ်ဦး ညို၏ လင်္ကာဒီပချစ်သူအထိ ရာမ စာပေများကို စုစည်းလေ့လာခဲ့ပါ သည်။ ရာမာယဏမူ အချင်းချင်းကွဲ ပြားပုံများကိုလည်း သုတေသနပြုခဲ့ ပါသည်။

ရာမာယဏစာပေများမှာ လေ့ လာ၍ကုန်နိုင်ဖွယ်ရာ မရှိသည့်အ တွက် အတိုင်းအတာတစ်ခုကန့်ပြီး စာအုပ်အဖြစ် ပုံဖော်ရန် ဆုံးဖြတ် ပြီးနောက် မြန်မာရာမယဏစာပေ စာအုပ်ဖြင့် စာအုပ်တစ်အုပ်ရေးခဲ့ပါ သည်။ ခေါင်းစဉ်အောက်တွင် ‘ရာမ ယဏမဟာကဗျာနှင့် အာရှရာမာယ ဏမူများကို နောက်ခံပြု၍ မြန်မာ ရာမာယဏမူများကို လေ့လာသုံး သပ်ခြင်း’ဟု ခေါင်းစဉ်ငယ်တစ်ခု ထည့်ကာ စာအုပ်၏ နယ်ပယ်ကို ဖွင့်ဆိုခဲ့ပါသည်။ အကိုးအထောက်များ ကိုလည်း အတတ်နိုင်ဆုံး ပြည့်ပြည့် စုံစုံ ဖြစ်အောင် အားထုတ်ခဲ့ပါသည်။

ကျွန်တော်သည် ၁၉၉၇ ခုနှစ် ကစ၍ ရာမာယဏစာပေများကို အစဉ်တစိုက်လေ့လာခဲ့ရာ စာအုပ် ရေးပြီးသည့် ၂ဝ၁၆ ခုနှစ်တွင် အနှစ် ၂ဝ မျှ ရှိသွားပါပြီ။ စာအုပ်ပြီးသွား သည်နှင့် အနှစ် ၂ဝ လုံးလုံး စိတ် အာရုံထဲမှာ ထည့်ထားခဲ့ရသော ဝန် ထုပ်ကြီးလွှတ်ချလိုက်ရသလို ပေါ့ပါး သွားပါသည်။ ၂ဝ၁၇ ခုနှစ်မှာ ထွန်း ဖောင်ဒေးရှင်းစာပေကော်မတီက စာအုပ်အဖြစ် ပုံဖော်ခဲ့ပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Ads Space Available


Continue reading

ရှန်ဟိုင်းရောက် နိုင်ငံတော်သမ္မတထံသို့ မြိုတော်ဝန် လာရောက် ဂါရဝပြုတွေ့ဆုံ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ ယနေ့ညနေပိုင်းတွင် ရှန်ဟိုင်းမြို့တော်ဝန် မစ္စတာ ကုန်းကျန့် (Gong Zheng) က ရှန်ဟိုင်းမြို့ရှိ Fairmont Peace Hotel ၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့် ရှန်ဟိုင်းမြို့တော်ဝန်တို့သည် မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ တိုးမြှင့်ဆောင်ရွက်ရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ သယ်ယူပို့ဆောင်ရေး၊...

ဖလမ်းမြို့တွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ပြန်လည်လည်ပတ်၊ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်နေ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ကလေးငယ်များအား အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးလျက်ရှိပြီး တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း ပုံမှန်ပြန်လည်ဆောင်ရွက်နေကြောင်း သိရသည်။ ဖလမ်းမြို့ကို ဧပြီလအတွင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဒေသခံအများစုမှာ နေရပ်သို့ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ဘိလပ်မြေ၊ အမိုးသွပ်နှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ဒေသတွင်း ကျန်းမာရေး၊ ပညာရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖလမ်းမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော် ဝင်ရောက်ဖြေဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ ကျင်းပလျက်ရှိသော Placement Test အထူးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ အဆိုပါ Placement Test အထူးအစီအစဉ်သည် အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ ကျောင်းပြင်ပသို့ ရောက်ရှိခဲ့သော ကျောင်းနေအရွယ် ကလေးများအား ပညာရေးစနစ်အတွင်း ပြန်လည်ဝင်ရောက်နိုင်စေရန် အရည်အချင်းစစ်ဆေးသည့် အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း သိရသည်။ “စာရင်းအရတော့ ဖလမ်းမြို့နယ်တစ်ခုလုံးမှာ ဖြေဆိုသူ ၃,၀၀၀ ကျော်ရှိပါတယ်။ ဒါပေမယ့် ပျ-က်ကွက်သူအချို့ရှိတာကြောင့် အမှန်တကယ် ဖြေဆိုသူက ၃,၀၀၀ နီးပါးရှိပါတယ်” ဟု ဖလမ်းမြို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071