Sunday, May 24, 2026

အောင်မြေသာစံမြို့နယ်တွင် Level 2 အဆင့်မီးလောင်မှုဖြစ်

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် ယနေ့ မေ ၂၄ ရက်ညနေ ၅ နာရီ ၁၂ မိနစ်ခန့်က မီးလောင်မှုဖြစ် ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ...

ပါကစ္စတန်တွင် ရထားဗုံးပေါက်ကွဲ၍ လူ ၂၄...

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘလူချစ္စတန်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို တင်ဆောင်လာသော လွန်းပျံရထားတစ်စင်းသည် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့ပြီး ခွဲထွက်ရေးစစ်သွေးကြွများ၏ လက်ချက်ဟုသတင်းထုတ်ပြန်ထားသည်။        တိုက်ခိုက်မှုကြောင့်...

မန္တလေးငလျင်နှင့် ကမ္ဘာ့စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်...

ဆောက်လုပ်ရေးသုံးပစ္စည်းနှင့် စက်သုံးဆီတင်သွင်းမှုမြင့်တက်ခဲ့ဟု စီးပွားကူးသန်းဝန်ကြီးပြော ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးငလျင်၏ သက်ရောက်မှုနှင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် သွင်းကုန်တန်ဖိုးမြင့်တက်ခဲ့ပြီး ကုန်သွယ်မှုလိုငွေဖြစ်ပေါ်ခဲ့ကြောင်း အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌ၊...

စစ်ကိုင်းတိုင်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ဆီထွက်သီးနှံ...

မြေပဲ၊ နှမ်း၊ နေကြာ စိုက်ပျိုးမှုတိုးချဲ့မည်ဖြစ်ပြီး ဆီထွက်သီးနှံဈေးနှုန်းများလည်း မြင့်တက်လျက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ မုန့်ညှင်းစေ့နှင့် အခြားဆီထွက်သီးနှံများကို ကျယ်ကျယ်ပြန့်ပြန့်...
HomeMoviesကော့ကရိတ်မြို့မှ မီးလောင်ပျက်စီး၍ အသစ်ပြန်ဆောက်မည့်နေအိမ်(၈၄)လုံးကို...

ကော့ကရိတ်မြို့မှ မီးလောင်ပျက်စီး၍ အသစ်ပြန်ဆောက်မည့်နေအိမ်(၈၄)လုံးကို မေ ၂၅ ရက်တွင် သွပ် (၄၀)ချပ်နှင့် ဘိလပ်မြေ(၂၀)အိတ်ထောက်ပံ့မည်

စစ်ရေးပဋိပက္ခများကြောင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ နေအိမ်များမီးလောင်ပျက်စီးခဲ့သဖြင့် ပြန် လည်တည်ငြိမ်လာချိန်၌ မြို့အားပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့အစီအစဥ်ဖြင့် ရက်(၁၀၀)စီမံကိန်းချမှတ်ကာ အရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိသည်။

ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆)ရပ် ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့မှ မီးလောင်ပျက်စီးနေ အိမ်များအနက် အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၆)ရပ် ကွက်တို့မှနေအိမ်များကို မြေပြင်ဖျက်သိမ်းရှင်းလင်းမှုများအား ဦးစားပေးအစီအစဥ်အဖြစ်ပြုလုပ်ခဲ့သည်။

ထို့နောက် အမှတ်(၇)ရပ်ကွက်မှ မီးလောင်ပျက်စီးနေ အိမ်များကိုပြန်လည်တည်ဆောက်နိုင်ရေးအတွက် ဖျက်သိမ်းရှင်းလင်းမှုများပြုလုပ်ရန် ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်နီနီအောင်နှင့် တာဝန်ရှိသူများက နေအိမ်ပိုင်ရှင်များနှင့်တွေ့ဆုံခဲ့ကြသည်။

ထို့ကြောင့် နေအိမ်အသစ်ပြန်ဆောက်မည့်သူ(၄၉)အိမ်၊ ပြန်လည်ပြင်ဆင်နေထိုင်မည့်နေအိမ်(၃၅)အိမ်(စုစု ပေါင်း ၈၄ အိမ်)ရှိခဲ့သဖြင့် ယင်း နေအိမ်များအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ကကူညီပေးသော တစ်အိမ်လျှင် သွပ်(၄၀)ချပ်၊ ဘိလပ်မြေ(၂၀)အိတ်တို့ကို မေ ၂၅ ရက်တွင်ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ထို့ပြင် ကျန်ရှိသည့် မီးလောင်ပျက်စီးနေအိမ်များကိုလည်း ပြည်နယ်အစိုးရအဖွဲ့က သွပ်နှင့် ဘိလပ်မြေများကိုထောက်ပံ့ပေးသွားမည်ဖြစ်ကာ လုံလောက်မှုမရှိပါက အစိုးရစျေးနှုန်းဖြင့်ဝယ်ယူနိုင်ရန်ကူညီပေးသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အောင်မြေသာစံမြို့နယ်တွင် Level 2 အဆင့်မီးလောင်မှုဖြစ်

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် ယနေ့ မေ ၂၄ ရက်ညနေ ၅ နာရီ ၁၂ မိနစ်ခန့်က မီးလောင်မှုဖြစ် ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အောင်မြေသာစံမြို့နယ် ၊ ၈၆ လမ်း၊ (၉x၁၀)ကြားတွင် မီးလောင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များက Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြပြီးနောက် ညနေ ၅ နာရီ ၁၉ မိနစ်တွင် Level 2 အဆင့်ဖြင့် မီးသတ်ယာဥ်များထပ်မံအားဖြည့်ကာငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ညနေ ၅ နာရီခွဲတွင် မီးငြိမ်းသွားခဲ့၍ စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို...

ပါကစ္စတန်တွင် ရထားဗုံးပေါက်ကွဲ၍ လူ ၂၄ ဦး ‌ေ-သဆုံး

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘလူချစ္စတန်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို တင်ဆောင်လာသော လွန်းပျံရထားတစ်စင်းသည် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့ပြီး ခွဲထွက်ရေးစစ်သွေးကြွများ၏ လက်ချက်ဟုသတင်းထုတ်ပြန်ထားသည်။        တိုက်ခိုက်မှုကြောင့် လူ ၂၄ ဦး‌ေ-သဆုံးခဲ့ပြီး ၇၀ ဦး ဒ-ဏ်ရာရရှိခဲ့သည်ဟု အမည်မဖော်လိုသည့် ပြည်နယ်အစိုးရနှင့် လုံခြုံရေးအရာရှိ သုံးဦးက ပြောကြားခဲ့သည်။       အီရန်၊ အာဖဂန်နစ္စတန်တို့နှင့် နယ်နိမိတ်ထိပ်စပ်နေပြီး သတ္ထု့တွင်းထွက်ပစ္စည်းကြွယ်ဝသော ပြည်နယ်တွင် ရထားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အခြေခံအဆောက်အဦးများအပေါ် ကြီးမားသောတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေချိန်တွင် ယခုတိုက်ခိုက်မှုထပ်မံပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ နှစ်များစွာအတွင်း အသေအပျောက်အများဆုံး တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ပါကစ္စတန်အစိုးရက...

မန္တလေးငလျင်နှင့် ကမ္ဘာ့စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုလိုငွေဖြစ်ပေါ်

ဆောက်လုပ်ရေးသုံးပစ္စည်းနှင့် စက်သုံးဆီတင်သွင်းမှုမြင့်တက်ခဲ့ဟု စီးပွားကူးသန်းဝန်ကြီးပြော ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးငလျင်၏ သက်ရောက်မှုနှင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် သွင်းကုန်တန်ဖိုးမြင့်တက်ခဲ့ပြီး ကုန်သွယ်မှုလိုငွေဖြစ်ပေါ်ခဲ့ကြောင်း အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောကြားသည်။ အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အစိုးရသစ်လက်ထက်တွင် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီကို ပြန်လည်ဖွဲ့စည်းပြီးနောက် ပထမဆုံးအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးငလျင်ကြီးကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို အများအပြားတင်သွင်းခဲ့ရသည့်အပြင် ကမ္ဘာတစ်ဝန်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071