Wednesday, April 8, 2026

ကမ္ဘောဒီးယားက ဗီယက်နမ် နှင့်ဆက်ဆံရေးတိုးမြှင့်

ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့သည် နှစ်နိုင်ငံ အဆင့်မြင့် အစည်းအဝေးတွင် ဆက်ဆံရေး၏ အဓိကမဏ္ဍိုင်အဖြစ် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို မြှင့်တင်ရန် ကတိပြုကြသည်။ 2026 ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းတွင်...

ဟွန်ဆန်ကမြန်မာသမ္မတအသစ်ကို ဂုဏ်ပြုစကားပြောကြား

မစ္စတာဟွန်ဆန်သည် ဧပြီလ ၃ ရက်က မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့လည်း မနေ့က ရက်စွဲဖြင့် ဂုဏ်ပြုသဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။ "ကျွန်ုပ်တို့...

နိုင်ငံတော်သမ္မတက တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများကို ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များ ချီးမြှင့်

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ မိုခါမုန်တိုင်းအပါအဝင် သဘာဝဘေးဒ_ဏ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် အရာရှိကြီးများအားဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များကို ယနေ့ ဧပြီ ၈...

ဂျပန်၌ခိုလှုံခွင့်တောင်းသူများ အထိတ်တလန့် ဖြစ်နေကြ

ဧပြီလ ၈ ရက် ဂျပန်နိုင်ငံ၏ ပိုမိုပြင်းထန်လာသော ပြည်နှင်ဒ_ဏ်ပေးသည့် လုပ်ဆောင်ချက်များသည် ခိုလှုံခွင့်တောင်းခံသူများနှင့် ရေရှည်နေထိုင်သည့် နိုင်ငံခြားသားများအကြား စိုးရိမ်ကြောက်ရွံ့မှုများကို ပိုမိုနက်ရှိုင်းစေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့ပြီး...
HomeMoviesကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သစ်အတွက် လောင်းလျာလေးဦးကို...

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သစ်အတွက် လောင်းလျာလေးဦးကို အမည်စာရင်းတင်သွင်း

ကုလသမဂ္ဂသည် ၎င်း၏ အကြီးအကဲသစ်ကို ရွေးချယ်ရန် လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိသည်။ လက်ရှိ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ နေရာတွင် အစားထိုးရန်အတွက် ယခုအချိန်အထိ လူလေးဦးကို အမည်စာရင်း တင်သွင်းထားပြီးဖြစ်သည်။

ဂူတာရက်စ်သည် သူ၏ ဒုတိယမြောက် (၅) နှစ်သက်တမ်းကို ထမ်းဆောင်နေခြင်းဖြစ်ပြီး ယင်းသက်တမ်းသည် ဒီဇင်ဘာ ၃၁ ရက်**တွင် ကုန်ဆုံးမည်ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌက အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဗုဒ္ဓဟူးနေ့နောက်ဆုံးထား၍ လောင်းလျာများကို အမည်စာရင်းတင်သွင်းကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

လက်ရှိ အမည်စာရင်း တင်သွင်းခံထားရသူ လေးဦးမှာ

၁/ ရာဖေးလ် ဂရော့ဆီ (Rafael Grossi)။ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ ညွှန်ကြားရေးမှူးချုပ်။

၂/ မီချဲလ် ဘက်ချလက် (Michelle Bachelet)။ ချီလီနိုင်ငံ သမ္မတဟောင်း။

၃/ ရီဘက်ကာ ဂရင်းစပန် (Rebeca Grynspan)။ ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးမှုညီလာခံ (UNCTAD) ၏ အထွေထွေအတွင်းရေးမှူးချုပ်။

၄/ မက်ကီ ဆောလ် (Macky Sall)။ ဆီနီဂေါနိုင်ငံ သမ္မတဟောင်း။

တို့ဖြစ်ကြပြီး၊ အခြားသော လောင်းလျာများလည်း ထပ်မံတိုးလာနိုင်ဖွယ် ရှိသည်။

အမည်စာရင်း တင်သွင်းခံရသူ လေးဦးအနက် သုံးဦးမှာ လက်တင်အမေရိကနှင့် ကာရေဘီယံဒေသ မှ ဖြစ်ကြသည်။ ယင်းမှာ ကုလသမဂ္ဂ အကြီးအကဲ ရာထူးကို ဒေသအလိုက် အလှည့်ကျ ရွေးချယ်သည့် ထုံးတမ်းစဉ်လာနှင့်အညီ ဖြစ်သည်။

ထို့အပြင် လောင်းလျာများအနက် နှစ်ဦးမှာ အမျိုးသမီးများ ဖြစ်ကြသည်။ ကုလသမဂ္ဂ သမိုင်းတစ်လျှောက်တွင် အမျိုးသမီး အထွေထွေအတွင်းရေးမှူးချုပ် တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဖူးသေးသဖြင့်၊ အထွေထွေညီလာခံ ဥက္ကဋ္ဌနှင့် အခြားသူများက အမျိုးသမီးလောင်းလျာများကို ပိုမိုအမည်စာရင်း တင်သွင်းကြရန် တိုက်တွန်းနေကြသည်။

အမည်စာရင်း တင်သွင်းခံထားရသူများသည် လာမည့် ဧပြီ ၂၀ ရက်တွင် စတင်မည့် ရက်သတ္တပတ်အတွင်း အပြန်အလှန် ဆွေးနွေးမှုများ(Interactive Dialogues) တွင် ပါဝင်ကြရမည်ဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများသည် အတွင်းရေးမှူးချုပ်သစ် ရွေးချယ်ရာတွင် ဩဇာလွှမ်းမိုးမှု အများဆုံးရှိသည်။ ယခုနှစ် ဆောင်းဦးပေါက် ကာလဝန်းကျင်တွင် အထွေထွေညီလာခံက ကုလသမဂ္ဂ အကြီးအကဲသစ်ကို ခန့်အပ်ခြင်း မပြုမီ လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ကို ရရှိရန် လိုအပ်မည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘောဒီးယားက ဗီယက်နမ် နှင့်ဆက်ဆံရေးတိုးမြှင့်

ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့သည် နှစ်နိုင်ငံ အဆင့်မြင့် အစည်းအဝေးတွင် ဆက်ဆံရေး၏ အဓိကမဏ္ဍိုင်အဖြစ် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို မြှင့်တင်ရန် ကတိပြုကြသည်။ 2026 ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းတွင် ပါတီအထွေထွေ အတွင်းရေးမှူး To Lam က လာအိုနှင့် ကမ္ဘောဒီးယားသို့ တရားဝင်လာရောက်လည်ပတ်မှုသည် ဗီယက်နမ်၏ တသမတ်တည်းသော အိမ်နီးချင်းများနှင့် ဆက်ဆံရေးကို ဦးစားပေးသည့် မူဝါဒကို အလေးပေးကြောင်း Giang က ပြောကြားခဲ့သည်။ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးက ဟနွိုင်းနှင့် ဖနွမ်းပင်ကြား အစဉ်အလာချစ်ကြည်ရင်းနှီးမှုကို အလေးပေးပြောကြားခဲ့ပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို နှစ်နိုင်ငံတည်ငြိမ်ရေး၏ အခြေခံမဏ္ဍိုင်အဖြစ် အဆင့်မြင့်အစည်းအဝေးတွင်...

ဟွန်ဆန်ကမြန်မာသမ္မတအသစ်ကို ဂုဏ်ပြုစကားပြောကြား

မစ္စတာဟွန်ဆန်သည် ဧပြီလ ၃ ရက်က မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့လည်း မနေ့က ရက်စွဲဖြင့် ဂုဏ်ပြုသဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။ "ကျွန်ုပ်တို့ နှစ်နိုင်ငံကြားက တူညီတဲ့ ယဉ်ကျေးမှုနဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ နီးစပ်မှုတွေအပြင် အပြန်အလှန် လေးစားမှုနဲ့ နားလည်မှုတွေကြောင့် နက်ရှိုင်းစွာ ဆက်နွှယ်နေတဲ့ နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ နှစ်ရှည်လများ ချစ်ကြည်ရင်းနှီးမှုတွေကို ကျွန်ုပ်အနေနဲ့ အထူးတန်ဖိုးထားပါတယ်။ အဆွေတော်ရဲ့ သမ္မတသက်တမ်းအတွင်းမှာ ဒီလိုဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ကျွန်ုပ်တို့နိုင်ငံတွေရဲ့ လက်တွေ့ကျတဲ့ အပြန်အလှန် အကျိုးစီးပွားတွေအတွက် ဆက်လက်တိုးတက်နေလိမ့်မယ်လို့ ယုံကြည်ပါတယ်"...

နိုင်ငံတော်သမ္မတက တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများကို ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များ ချီးမြှင့်

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ မိုခါမုန်တိုင်းအပါအဝင် သဘာဝဘေးဒ_ဏ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် အရာရှိကြီးများအားဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များကို ယနေ့ ဧပြီ ၈ ရက်က ချီး မြှင့်ပေးအပ်ခဲ့သည်။ နိုင်ငံတော်သမ္မတမှ နိုင်ငံတော်တာဝန်ကိုစတင်ယူခဲ့ချိန် မှစ၍ အခက်အခဲနှင့် စိန်ခေါ်မှုများစွာကြုံတွေ့ခဲ့ရသည်ကို မိမိနှင့်အတူ ကော်မရှင်အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်များနှင့် တပ်မတော်သားများပူးပေါင်းပြီး ပြည်သူလူထုအားဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတော်သမ္မတမှ ကိုဗစ်-၁၉ ကူးစက်ရောဂါအား အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့မှု၊ ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ်တွင် လူအ‌ေ-သအပျောက်နှင့် ပျက်စီးခဲ့ရမှုများကိုပြန်လည်ထူ ထောင်နိုင်ခဲ့မှု၊ ရာဂီမုန်တိုင်းနှင့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071