တရုတ်နှင့် ဗဟိုအာရှနိုင်ငံများသည် ကာလမ်း၊ မီးရထားလမ်းနှင့် လေကြောင်း ဆက်သွယ်ရေး ကို ပိုမိုတိုးတက် ကောင်းမွန်စေရန် ဆန္ဒရှိနေကြသည်။ အပြန်အလှန်ဆက်သွယ်ရေးကို တိုးမြှင့်ရန် သဘောတူကြသောကြောင့် ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံနှင့် အသွားအပြန် တို-က်ရို-က်လေကြောင်းခရီးစဉ်များကို ပိုမိုပြေးဆွဲရန်လည်း ကြိုးပမ်းကြမည်ဖြစ်သည်။
ဗဟိုအာရှငါးနိုင်ငံအတွက် ဗီဇာလုပ်ထုံးလုပ်နည်းများကို ရိုးရှင်းလွယ်ကူစေရေး အတွက် ဆောင်ရွက်ပေးမည်ဖြစ်ကာ ကောင်စစ်ရေးရာရုံးများဖွင့်လှစ်ရေး လွယ်ကူချောမွေ့စေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး အကဲဖြ-တ်သွားမည်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့သည်။
တရုတ်သည် ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်တို့နှင့်အတူ လက်ရှိ ရှိပြီးသားဆိပ်ကမ်းများကို ခေတ်မီအဆင့်မြင့်တင်သွားရန်နှင့် ဆိပ်ကမ်းသစ်များ လိုအပ်နိုင်ခြေအတွက် ဆန်းစစ်သွားမည်ဖြစ်သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဗဟိုအာရှနိုင်ငံများနှင့် ဆက်ဆံရေးခိုင်မာစေရေး သဘောတူစာချုပ်ကို အင်္ဂါနေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ တရုတ်နိုင်ငံသည် ကုန်သွယ်မှု၊ စွမ်းအင်နှင့် အခြေခံအဆောက်အဦးဆိုင်ရာ နယ်ပယ်များတွင် သံယံဇာတကြွယ်ဝသော အဆိုပါဒေသနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး ကြိုးပမ်းလျက်ရှိသည်။
Ref: မရင်းလင့်ခ်