Friday, May 16, 2025

လာအို၌ စိတ်ကြွဆေးပြား ၁၀ သန်းသိမ်းဆည်းရမိ

ဗီယင်ကျန်း၊မေ ၁၅ လာအိုနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံမြောက်ပိုင်း၌ မော်တော်ယာဉ်တစ်စီးကို တားဆီးစစ်ဆေးရာ စိတ်ကြွဆေးပြား ၁၀ သန်းကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါစိတ်ကြွဆေးပြားများအား ဗီယင်ကျန်းမြို့၏အနောက်မြောက်ဘက် ၃၅၀ ကီလိုမီတာအကွာရှိ ဘိုခဲခရိုင်တွင်...

ထူးခြားသော ပထဝီဝင်အနေအထားက မြို့ကိုအန္တရာယ်ဖြစ်စေသည်ဟု ထိုင်းငလျင်ပညာရှင်ပြော

မေ ၁၅ မကြာမီကာလအတွင်း ထိုင်းနိုင်ငံတွင် နောက်ထပ်ငလျင်လှုပ်ခတ်နိုင်ခြေမှာ အလွန်နည်းပါး နေသေးသော်လည်း ဘန်ကောက်အပါအဝင် နိုင်ငံအများအပြားသည် အနီးနားပြတ်ရွေ့ကြောများမှ လှုပ်ခတ်နိုင်ခြေ မြင့်မားနေကြောင်း ငလျင်ပညာရှင်တစ်ဦးက သတိပေးထားသည်။ ကြာသပတေးနေ့...

ယူကရိန်းသို့ Taurus တာဝေးပစ် ခရုဇ်ဒုံးကျည်များပေးပို့ရန်...

ဂျာမနီနိုင်ငံသည် လက်ရှိအချိန်တွင် Taurus တာဝေးပစ် ခရုဇ်ဒုံးကျည်များကို ယူကရိန်းသို့ ပေးပို့ရန် အစီအစဉ်မရှိကြောင်း ဂျာမနီအမျိုးသားဒီမိုကရက်တစ်ပါတီ (CDU) ခေါင်းဆောင် Friedrich Merzက...

Print, Sign & ICT...

ရန်ကုန်မြို့၊ အင်းယားလိပ်ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Center (YCC)၌ Print, Sign & ICT Expo 2025 ပြပွဲကြီးအား...
HomeNewsLocal Newsကာလုံအစည်း​ဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်...

ကာလုံအစည်း​ဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စု ဝန်ကြီးများ၏တင်ပြ​ဆွေး​နွေးချက်များ

တိုင်းပြည်တွင် အကြမ်းဖက်မှုများ ၊ ဆူပူမှုများနှင့် ရွေးကောက်ပွဲအား ပျက်အောင်ဖျက်မည့် ဆောင်ရွက်မှုများ ရှိနေသေးပြီး တည်ငြိမ်အေးချမ်းရေးနှင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အချိန်ကာလ တစ်ခုထပ်မံရယူရမည့် အခြေအနေဖြစ်​ကြောင်း  ကာလုံအစည်းအဝေးတွင် တင်ပြခဲ့ကြသည်။ 

ဇန်နဝါရီ (၃၁) ရက် နံနက်ပိုင်းက ကျင်းပသည့် ကာလုံအစည်းအဝေးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၏ တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဆွေးနွေးရာတွင် အခြေခံ ဥပဒေဆိုင်ရာပြဋ္ဌာန်းချက်များဖြစ်သည့် ပုဒ်မ ၄၂၅ အားသုံးသပ်ရာတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသဘောထားမှတ်ချက်ကိုလည်း ရယူပါက ပိုမိုပြည့်စုံမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့‌ကြောင်း သိရသည်။  

ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြရာတွင် လက်ရှိကာလတွင် အကြမ်းဖက်မှုများလျော့နည်းလာပြီ ဖြစ်သော်လည်း အချို့သောနေရာဒေသများတွင် ရှိနေဆဲဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် ရွေးကောက်ပွဲအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ပြီးပြည့်စုံအောင် အချိန်ကာလ အတိုင်းအတာတစ်ခုအထိ သတ်မှတ်ဆောင်ရွက်ရန် လိုအပ်သည်ကို သုံးသပ်တွေ့ရှိရကြောင်း တင်ပြခဲ့သည်ဟု သိရသည်။ 

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တင်ပြရာတွင် လက်ရှိအခြေအနေတွင် ရွေးကောက်ပွဲပြုလုပ်နိုင်ခြင်းမရှိစေရန် အကြမ်းဖက်သမားများက အကြမ်းဖက်နှောင့်ယှက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည့်အပြင် အုပ်ချုပ်မှု ယန္တရားများလည်ပတ်နိုင်ရန်အတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အချို့နေရာများတွင် ခန့်အပ်ရန်ကျန်ရှိနေသေးကြောင်း ထည့်သွင်း ဆွေးနွေးသွားသည်။ 

ထို့အပြင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှလည်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အနှောင့်အယှက်ဖြစ်နေဆဲဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်စေရေးအတွက် လူဦးရေစာရင်းကောက်ယူရေးတို့ကို အနှောင့်အယှက်ကင်းကင်းဖြင့် ဆောင်ရွက်နိုင်ရန်နှင့် အချိန်ကာလတစ်ခု လိုအပ်နေဆဲဖြစ်သည်ကို ထောက်ခံတင်ပြကြောင်း ပြောကြားခဲ့သည်။ 

အဆိုပါ တင်ပြမှုများအပေါ် ကာကွယ်ရေး ဦးစီးချုပ်က ဖြည့်စွက်ရှင်းလင်းတင်းပြခဲ့ပြီး ကာလုံအစည်းအဝေး၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းပုံ ဥပဒေပုဒ်မ ၄၂၅ အရ နိုင်ငံတော်အား အရေးပေါ်ကာလ (၆) လ ထပ်မံ ကြေညာကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ (၄၁၉) အရ နစက အား (၆) လ တာဝန်အရပ်ရပ် ထပ်မံအပ်နှံကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာအို၌ စိတ်ကြွဆေးပြား ၁၀ သန်းသိမ်းဆည်းရမိ

ဗီယင်ကျန်း၊မေ ၁၅ လာအိုနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံမြောက်ပိုင်း၌ မော်တော်ယာဉ်တစ်စီးကို တားဆီးစစ်ဆေးရာ စိတ်ကြွဆေးပြား ၁၀ သန်းကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါစိတ်ကြွဆေးပြားများအား ဗီယင်ကျန်းမြို့၏အနောက်မြောက်ဘက် ၃၅၀ ကီလိုမီတာအကွာရှိ ဘိုခဲခရိုင်တွင် မေလ ၁၀ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကာ ယာဉ်ပေါ်၌ စိတ်ကြွဆေးပြား ၁၀ သန်းပါဝင်သည့် အိတ် ၅၀ ကိုရှာဖွေတွေ့ရှိခဲ့ခြင်းလည်းဖြစ်သည်ဟု သိရသည်။ အဆိုပါအမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့များက ဆက်လက်စုံစမ်းနေကာ မူးယစ်ဆေးများ၏ဇာစ်မြစ်နှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များကိုပါ ဖော်ထုတ်အရေးယူနိုင်ရန်ကြိုးပမ်းလျက်ရှိသည်ဟု သိရသည်။ လာအိုအစိုးရက ယခု ၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုနှင့် နိုင်ငံတွင်း၌ မူးယစ်ဆေးအလွဲသုံးစားလုပ်မှုများပပျောက်စေရေးအတွက် အဆင့်တိုင်းရှိ သက်ဆိုင်ရာဌာနများနှင့်...

ထူးခြားသော ပထဝီဝင်အနေအထားက မြို့ကိုအန္တရာယ်ဖြစ်စေသည်ဟု ထိုင်းငလျင်ပညာရှင်ပြော

မေ ၁၅ မကြာမီကာလအတွင်း ထိုင်းနိုင်ငံတွင် နောက်ထပ်ငလျင်လှုပ်ခတ်နိုင်ခြေမှာ အလွန်နည်းပါး နေသေးသော်လည်း ဘန်ကောက်အပါအဝင် နိုင်ငံအများအပြားသည် အနီးနားပြတ်ရွေ့ကြောများမှ လှုပ်ခတ်နိုင်ခြေ မြင့်မားနေကြောင်း ငလျင်ပညာရှင်တစ်ဦးက သတိပေးထားသည်။ ကြာသပတေးနေ့ ဘန်ကောက်ပို့စ် အသိပညာဖိုရမ်တွင် ငလျင်အလွန် (“After the Quake”) ခေါင်းစဉ်ဖြင့် အေးရှင်းအင်စတီကျူအော့ဖ်တက်ခ်နော်လော်ဂျီ (အေအိုင်တီ) မှ ပါမောက္ခပင်နုန်ဝါနစ်ချိုင် က ဘန်ကောက်၏ ထူးခြားသော ပထဝီဝင်အင်္ဂါရပ်များသည် အဝေးမှငလျင်ဒဏ်များ၏ သက်ရောက်မှုအပေါ် ထိခို-က်မှုများရှိနိုင်ကြောင်း ရှင်းပြခဲ့သည်။ ဘန်ကောက်မြို့ကို ငလျင်လှိုင်းများ အားကောင်းစွာချဲ့ထွင်နိုင်သော ပျော့ပျောင်းသော မြေဆီလွှာပေါ်တွင် တည်ဆောက်ထားကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။...

ယူကရိန်းသို့ Taurus တာဝေးပစ် ခရုဇ်ဒုံးကျည်များပေးပို့ရန် လက်ရှိတွင် အစီအစဉ်မရှိဟု ဂျာမနီဆို

ဂျာမနီနိုင်ငံသည် လက်ရှိအချိန်တွင် Taurus တာဝေးပစ် ခရုဇ်ဒုံးကျည်များကို ယူကရိန်းသို့ ပေးပို့ရန် အစီအစဉ်မရှိကြောင်း ဂျာမနီအမျိုးသားဒီမိုကရက်တစ်ပါတီ (CDU) ခေါင်းဆောင် Friedrich Merzက ပြောကြားသည်။ "လက်ရှိအချိန်တွင် ဤမေးခွန်းသည် ဆွေးနွေးစရာမဟုတ်သေးပါ"ဟု သူက ZDF ရုပ်မြင်သံကြားဌာနသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ သူ၏အဆိုအရ၊ ဤဒုံးကျည်များကို အသုံးပြုရန် အထူးလေ့ကျင့်မှုများ လိုအပ်သောကြောင့် ပေးပို့ရန် အချိန်နှင့် ပြင်ဆင်မှုများစွာလိုအပ်နိုင်သည်၊ သို့သော် ယူကရိန်းသည် ဗြိတိန်နှင့် ပြင်သစ်တို့မှ ထံမှ အခြားသော ခရုဇ်ဒုံးကျည်များ ရရှိလိမ့်မည်ဟု Merz က ဖြည့်စွက်ပြောကြားခဲ့သည်။ Taurus ဒုံးကျည်များ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071