Friday, April 24, 2026

PDF များအလင်းဝင်လိုပါက ဆက်သွယ်ဆောင်ရွက်နိုင်မည့် တိုင်းနှင့်...

PDF များအလင်းဝင်လိုပါက ဆက်သွယ်ဆောင်ရွက်နိုင်မည့် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီအဖွဲ့ဝင်ရုံးများ၏ ဆက်သွယ်ပြောဆိုခြင်း၊ စာတို(SMS)ပေးပို့ခြင်းများပြုလုပ်နိုင်မည့် ဖုန်းနံပါတ်များကိုအသိပေးခဲ့သည်။ လုပ်ငန်းကော်မတီရုံး(နေပြည်တော်)၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်ရုံးများဖြစ်သည့် ရန်ကုန်တိုင်း၊ ကချင်ပြည် နယ်၊...

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က...

တိုင်းနှင့် ပြည်နယ်(၉)ခုမှ မြို့နယ်အချို့အား ရက်ပေါင်း(၉၀)အထိအတည်ဖြစ်သည့်...

တိုင်းနှင့် ပြည်နယ်(၉)ခုမှ မြို့နယ်အချို့အား ရက်ပေါင်း(၉၀)အထိအတည်ဖြစ်သည့် အရေးပေါ်အခြေ အနေကြေညာခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၁ /၂၀၂၆ ဖြင့် ယနေ့ ဧပြီ...

အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ ၏ အုပ်ချုပ်ရေးနှင့်...

ဥပဒေကဲ့သို့အာဏာတည်သောအမိန့် (၁ /၂ဝ၂၆)ဖြင့် အရေးပေါ်အခြေအနေကြေညာထားသည့် တိုင်းနှင့်ပြည်နယ်(၉)ခုမှမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အားအပ်နှင်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဥပ ဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်...
HomeEntertainmentကဗျာချစ်သူတွေဆုံကြတဲ့ ကဗျာဆရာ မောင်ချောနွယ်...

ကဗျာချစ်သူတွေဆုံကြတဲ့ ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၆ နှစ် ပြည့် အမှတ်တရ ပွဲ

ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၆ နှစ်ပြည့်အမှတ် တရ အခမ်းအနားကို စက်တင်ဘာလ ၃ ရက်နေ့ နေ့လယ် ၂ နာရီက့ ညေါသည သြသု ဏူဖေေ မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်း အနားမှာ ဆရာမောင်ချောနွယ်ရဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်စိန် (ညီမ လေး မမမြင့်)က အမှတ်တရစကား ပြောကြားခဲ့ပြီး ဆရာ စောဝေ၊ စိုင်း ဝင်းမြင့်၊ လင်းလက်တာရာ အစရှိတဲ့ ကဗျာဆရာတွေက ဆရာမောင်ချော နွယ် အမှတ်တရ ကဗျာရွတ်ခဲ့ကြပါ တယ်။

“ဒီပွဲလေးကတော့ ဆရာမောင် ချောနွယ် ကွယ်လွန်ခြင်း ၁၆ နှစ် ပြည့် အမှတ်တရပွဲလေးပါ။ ဒီပွဲကို ဆရာ မြေမှုန်လွင်က စီစဉ်ပြီး ဖိတ် စာတွေ ရိုက်စသည်ဖြင့် လုပ်ပေးပါ တယ်။ ဒီပွဲလေးကိုအချိန်ပေးပြီး လာ ရောက်ကြတဲ့ ကဗျာချစ်သူ၊ ဆရာ မောင်ချောနွယ်ကို ချစ်သူတွေ အား လုံးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ညီမလေး မမမြင့်က ပြောပါတယ်။

ဆရာမောင်ချောနွယ်နဲ့ ပတ် သက်တဲ့ အမှတ်တရတွေအကြောင်း ကိုတော့ ကဗျာဆရာတစ်ဦးဖြစ်တဲ့ ဆရာ စောဝေက “အမှတ်တရက တော့ ကျွန်တော်တို့လိုအရွယ် ခေတ် ပေါ်ကဗျာဆရာတွေဟာ ဆရာမောင် ချောနွယ် ဆိပ်ကမ်းကို မကပ်ဘဲနဲ့ ဘယ်သူမှ ခေတ်ပေါ်ကဗျာဆရာ၊ ဆရာမမဖြစ်ဘူးပေါ့။ ဆရာ့ရဲ့ ကဗျာ တွေကို ဖတ်ရှုရုံတင် မဟုတ်ဘူး၊ ဆရာ့ဆီကိုပါ ရောက်အောင် သွား ကြရတယ်။ ဆရာ့ရဲ့ ကဗျာရွတ်သံကို နားထောင်ကြရတယ်ပေါ့။ ဆရာ့ရဲ့ ကဗျာတွေအကုန်လုံးက အသံသာ တယ်၊ ချိုတယ်။ အဲဒီမှာ ကျွန်တော် တစ်ခု ကံကောင်းတာက ကျွန်တော် က ဆရာ့ဆီ မသွားခဲ့ရဘူး။ ဆရာက ကျွန်တော်နေတဲ့ ဖြူးမြို့က ဝဲဒေါင့်ဆို တဲ့ ရွာလေးကို ဇာတ်မင်းသား မောင် သိန်းဇော်က ခေါ်လာပြီးတော့ ဆရာ မောင် ချောနွယ်ရယ်၊ မောင်သင်းခိုင် ရယ်က ကျွန်တော်တို့ဆီ ရောက်လာ ခဲ့တယ်။ အဲဒီမှာ ကဗျာအကြောင်း၊ စာအကြောင်းတွေ ထိုင်ပြောကြတာ ပေါ့။ ဒါကတော့ ဆရာမောင်ချော နွယ်နဲ့ပတ်သက်ပြီး အမှတ်တရလေး တစ်ခုပါ။ ဆရာက ကျွန်တော့်ကို အတော် လွှမ်းမိုးပါတယ်။ မော်ဒန် ကဗျာမှာလည်း ဆရာက ဖယ်ထား လို့မရတဲ့ နတ်ဒေဝတာတစ်ဆူပါပဲ” လို့ ပြောပြပါတယ်။

ဆရာမောင်ချောနွယ်ကို ၁၉၄၉ ခုနှစ်မှာ ရန်ကုန်မြို့မှာ မွေးဖွား ခဲ့ပါတယ်။ မြန်မာကဗျာ ဖြစ်ပေါ် တိုးတက်မှုမှာ အရေးပါတဲ့ ခေတ်ပေါ် ကဗျာဆရာတစ်ဦးအဖြစ် ကိုက်လမ်း၊ ညီမလေး မမမြင့်၊ ညနေခင်းကဗျာ၊ ပန်းသီး၊ မြို့သစ်မိုး၊ ရန်သူမဲ့သော နေ့ရက်များ အစရှိတဲ့ ကဗျာပုဒ်ရေ ရာပေါင်းများစွာ ရေးသားခဲ့ပြီး ကဗျာလုံးချင်းစာအုပ် ၁ဝ အုပ်ကျော် ထုတ်ဝေခဲ့ပါတယ်။ မျိုးဆက်သစ် ကဗျာဆရာတွေအပေါ် များစွာလွှမ်း မိုးမှုရှိတဲ့ ကဗျာဆရာတစ်ဦး ဖြစ်ပြီး သူ့ရဲ့ ကဗျာတွေဟာလည်း ယနေ့ ထက်တိုင် ရေပန်းစားအောင်မြင်နေဆဲဖြစ်ပါတယ်။ ဆရာမောင်ချောနွယ် ဟာ ၂ဝဝ၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှာ ရန်ကုန်မြို့မှာ ကွယ်လွန် ခဲ့ပါတယ်။

စုမွန်

Ads Space Available


Continue reading

PDF များအလင်းဝင်လိုပါက ဆက်သွယ်ဆောင်ရွက်နိုင်မည့် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီအဖွဲ့ဝင်ရုံးဖုန်းနံပတ်များ

PDF များအလင်းဝင်လိုပါက ဆက်သွယ်ဆောင်ရွက်နိုင်မည့် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီအဖွဲ့ဝင်ရုံးများ၏ ဆက်သွယ်ပြောဆိုခြင်း၊ စာတို(SMS)ပေးပို့ခြင်းများပြုလုပ်နိုင်မည့် ဖုန်းနံပါတ်များကိုအသိပေးခဲ့သည်။ လုပ်ငန်းကော်မတီရုံး(နေပြည်တော်)၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်ရုံးများဖြစ်သည့် ရန်ကုန်တိုင်း၊ ကချင်ပြည် နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ ဧရာဝတီတိုင်းတို့၏ ဖုန်းနံပါတ်များကို အသိပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖုန်းနံပါတ်များသို့ အပြုသဘောဆောင်သည့် ဆက်သွယ်လာမှုများအားလက်ခံ၍ ဆက်လက်ဆောင်ရွက်ရမည်များကိုရှင်းလင်းပြောကြားခြင်း၊ သက်ဆိုင်ရာကော်မတီ၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပေးခြင်းတို့ကိုဆောင်ရွက်ပေးသွားမည်ဟုလည်း အသိပေးခဲ့သည်။ ထို့ပြင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီက လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန်အတွက်...

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအား ယခုအခါ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ စေတီတော်မြတ်ကြီးရေရှည်တည် တံ့ခိုင်မြဲစေရေးနှင့် ငလျင်ဒဏ်ခံနိုင်စေရေးအတွင်းလှိုင်ခေါင်းကြံ့ခိုင်မှုပြင်ဆင်ခြင်းကို ဆောင်ရွက်နေဆဲကာလဖြစ်သည်ဟု ပြောသည်။ ထို့ကြောင့် မိုးရာသီမရောက်မီ စံချိန်စံညွှန်းနှင့်အညီ အ ချိန်မီပြီးစီးရေး တာဝန်ရှိသူအဆင့်ဆင့်မှ အနီးကပ်ကြီး ကြပ်ရမည်ဖြစ်ကာ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံရာတွင် အများပြည်သူ၏ လှူဒါန်းငွေများဖြင့်ဆောင်ရွက်ခြင်းဖြစ်၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျသုံးစွဲရန် ရင်ပြင်တော်ပေါ်ရှိတည်ဆောက်ပြီးလုပ်ငန်းများအား လုံး ရေရှည်တည်တံ့စေရေး အားလုံးဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရန်လည်း မှာကြားခဲ့ကြောင်း...

တိုင်းနှင့် ပြည်နယ်(၉)ခုမှ မြို့နယ်အချို့အား ရက်ပေါင်း(၉၀)အထိအတည်ဖြစ်သည့် အရေးပေါ်အခြေ အနေကြေညာ

တိုင်းနှင့် ပြည်နယ်(၉)ခုမှ မြို့နယ်အချို့အား ရက်ပေါင်း(၉၀)အထိအတည်ဖြစ်သည့် အရေးပေါ်အခြေ အနေကြေညာခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၁ /၂၀၂၆ ဖြင့် ယနေ့ ဧပြီ ၂၃ ရက်က ထုတ်ပြန်ခဲ့သည်။ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများ ချုပ် ငြိမ်းစေရန်နှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ခုနှစ်၊ ပုဒ်မ ၄၁၂ (က)အရ အရေးပေါ်အခြေအနေကြေညာခဲ့ခြင်းဖြစ်သည်။ ကချင်ပြည်နယ်မှ မြို့နယ်(၅)မြို့နယ်၊ ကယားပြည်နယ်မှ မြို့နယ်(၃)မြို့နယ်၊ ကရင်ပြည်နယ်မှ မြို့နယ်(၂)မြို့ နယ်၊ ချင်းပြည်နယ်မှ မြို့နယ်(၇)မြို့နယ်၊ စစ်ကိုင်း တိုင်းမှ မြို့နယ်(၈)မြို့နယ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071