Friday, July 4, 2025

တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်ကမ်းနီးမြေနိမ့်ပိုင်း နေထိုင်သူများ ရေဘေးလွတ်ရာ...

မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့၌ ယနေ့ (ဇူလိုင် ၄)ရက် မနက်ကိုးနာရီ တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်အထက် နှစ်လက်မခန့်ကို ကျော်လွန်ရောက်ရှိနေသည်။ တာချီလိတ်မြို့(လွယ်တော်ခမ်း)ကျေးရွာ၌ ထိုကဲ့သို့ စိုးရိမ်ရေအမှတ်အထက် နှစ်လက်မခန့်ကို...

ကလေးသူငယ်များနှင့် ပတ်သက်၍ နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်နေ

မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်များနှင့် ပတ်သက်၍ နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ က သိရသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့်...

တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ မြင့်တက်လာ၊ မြို့ပေါ်ရပ်ကွက်...

ယနေ့ ဇူလိုင်၄ ရက်နံနက်ပိုင်းအချိန်၌ တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး မြို့ပေါ်ရပ်ကွက် အချို့ ရေလျှံမှုများဖြစ်ပေါ်နေကြောင်း သိရသည်။ လက်ရှိတွင် မြို့ပေါ်ရပ်ကွက်များဖြစ်သော တာလော့ ရပ်ကွက်၊...

ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲတွင် ဖုန်းသုံးစွဲခွင့်ပိ-တ်မည်

ယခုနှစ်တွင်ဖြေဆိုမည့် ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲတွင် ဖုန်းသုံးစွဲခွင့်ကိုပိ-တ်သွားမည်ဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီက သိရသည်။ လက်ကိုင်ဖုန်းများအပါအဝင် အခြားသောဓာတ်ပုံရို-က်ကူးနိုင်သည့်ဆက်သွယ်ရေးလုပ်ငန်းများပါဝင်သည့် ကိရိယာများကို စာမေးပွဲချိန် ကနေ  စာမေးပွဲပြီးဆုံးသည်အထိ...
HomeNewsLocal Newsကချင်ပြည်နယ်အတွင်း ပြည်နယ် ရန်ပုံငွေဖြင့်...

ကချင်ပြည်နယ်အတွင်း ပြည်နယ် ရန်ပုံငွေဖြင့် အကောင်အထည်ဖော်နေသည့် လုပ်ငန်းများ အချိန်မီပြီးစီးရေး ကြိုးပမ်းကြရန် ပြည်နယ် ဝန်ကြီးချုပ် ပြော

ကချင်ပြည်နယ်အတွင်း ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ် ရန်ပုံငွေဖြင့် အကောင်အထည်ဖော်နေသည့် လုပ်ငန်းများ အချိန်မီပြီးစီးရေး သက်ဆိုင်ရာဌာနများနှင့်တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေ ဖြင့် အလေးအနက်ထား ကြိုး ပမ်းကြရန် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောသည်။

၄င်း က၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးရေး တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိင်းဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၉)ရက်၊ မွန်းလွဲပိုင်းက ကချင်ပြည်နယ်အစိုးရအဖွဲရုံး
မလိခခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပြည်နယ် ဖွံဖြိုးတိုးတက်ရေးအတွက် ပြည်နယ်ဘဏ္ဍာရန် ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို တင်ဒါစည်းမျဉ်းစည်းကမ်း၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့်အညီ အရည်အသွေးပြည့်မီစွာ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်ကြရန် အထူးမှာကြားလိုကြောင်း ဝန် ကြီးချုပ်က  လုပ်ငန်းညှိနှိင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက တင်ဒါလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြား ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် တက်ရောက်လာသည့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွ င် ပါဝင်သည့် ဌာန/အဖွဲ့အစည်းများက ဘဏ္ဍာနှစ် အတွင်းလုပ်ဆောင်​နေသည့် လုပ်ငန်းများအပေါ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို တင်ပြခဲ့ကြောင်း သိရသည်။

တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများကလည်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေ၊  ဆောင် ရွက်ဆဲ လုပ်ငန်းများနှင့် လိုအပ်ချက်/ အခက်အခဲများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ သတ်မှတ်ချိန်ပြီးစီးအောင် ကြိုးစားဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်ကမ်းနီးမြေနိမ့်ပိုင်း နေထိုင်သူများ ရေဘေးလွတ်ရာ ရှောင်ရှားနိုင်ရန် မိူးဇလ သတိပေး

မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့၌ ယနေ့ (ဇူလိုင် ၄)ရက် မနက်ကိုးနာရီ တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်အထက် နှစ်လက်မခန့်ကို ကျော်လွန်ရောက်ရှိနေသည်။ တာချီလိတ်မြို့(လွယ်တော်ခမ်း)ကျေးရွာ၌ ထိုကဲ့သို့ စိုးရိမ်ရေအမှတ်အထက် နှစ်လက်မခန့်ကို ကျော်လွန်ရောက်ရှိနေခြင်း ဖြစ်သည်။ ထိုချောင်းရေသည် နောက်တစ်ရက်အတွင်း နှစ်ပေခန့် ထပ်မံမြင့်တက်လာနိုင်သောကာ မြို့၏ စိုးရိမ်ရေအမှတ် အထက်တွင်သာ ဆကိလက်တည်ရှိနေနိုင်မည်ဟု မိုးဇလက ခန့်မှန်းထားသည်။ ထို့ကြောင့် မြစ်ကမ်းနီးမြေနိမ့်ပိုင်း နေထိုင်သူများ ရေဘေးလွတ်ရာ ရှောင်ရှားနိုင်ရန် မိူးဇလက သတိပေးထားသည်။

ကလေးသူငယ်များနှင့် ပတ်သက်၍ နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်နေ

မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်များနှင့် ပတ်သက်၍ နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ က သိရသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာအပေါ် မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်ကို ယနေ့ ဇူလိုင် ၄ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာတွင် အထက်ပါအတိုင်း ​ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အပြည်ပြည်ဆိုင်ရာစံချိန်စံနှုန်းများကို လေးစားလိုက်နာ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်း တုံပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအစီရင်ခံစာကို ဇွန်လ ၁၇ရက်နေ့တွင်...

တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ မြင့်တက်လာ၊ မြို့ပေါ်ရပ်ကွက် အချို့ ရေလျှံမှု ဖြစ်ပေါ်

ယနေ့ ဇူလိုင်၄ ရက်နံနက်ပိုင်းအချိန်၌ တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး မြို့ပေါ်ရပ်ကွက် အချို့ ရေလျှံမှုများဖြစ်ပေါ်နေကြောင်း သိရသည်။ လက်ရှိတွင် မြို့ပေါ်ရပ်ကွက်များဖြစ်သော တာလော့ ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ မကာဟိုခမ်း ရပ်ကွက်၊ ဆန်ဆိုင်း (က) နှင့် ဆန်ဆိုင်း (ခ) ရပ်ကွက် တို့ရှိ လမ်းပေါ်နှင့် နေအိမ်များအတွင်း ရေများလျှံတက်နေကြောင်း တွေ့ရှိရသည်။ "လောလောဆယ် လမ်းတွေပေါ်ကို ရေလျှံတက်‌နေပြီ၊ အချို့အိမ်တွေလည်းရေနည်းနည်းဝင်နေပြီပြောသံကြားတယ်။ နောက်ထပ်လည်းတက်လာဖို့ရှိတယ်လို့ သိရတော့ ချောင်းနားကသူတွေ ကြိုတင်ပြင်ဆင်တာမျိုးတွေ ရှိနေတယ် အခြေအနေကိုတော့စောင့်ကြည့်နေတာပေါ့။ ပြောင်းတာရွှေ့တာကလည်း မလွယ်ဘူး‌လေ"ဟုဒေသခံတစ်ဦးက ပြောသည်။ မယ်ဆိုင်ချောင်းရေ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071