Friday, December 13, 2024

အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဟု တောင်ကိုရီးယားသမ္မတ ပြောကြား

အမေရိက၏ မဟာမိတ်နိုင်ငံကို ကသောင်းကနင်းအခြေအနေအတွင်း ကျဆင်းစေခဲ့သည့် စစ်အုပ်ချုပ်ရေးအမိန့် ကာလတိုပြဌာန်းခဲ့မှုအတွက် သူ့အပေါ်စွပ်စွဲပြစ်တင်ခြင်းအဆိုကို မဲခွဲဆုံးဖြတ်ရာတွင် သူ့ပါတီအမတ်များကပါ အတိုက်အခံတို့နှင့် ပူးပေါင်းသွားနိုင်ခြေရှိလာသဖြင့် အဆိုပါကိစ္စအတွက် အဆုံးအထိ...

အာဆီယံကော်မတီ (အော်တာဝါ) ၏ အလှည့်ကျ...

အာဆီယံကော်မတီ (အော်တာဝါ)၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား ဖိလစ်ပိုင်သံအမတ်ကြီးမှ ထိုင်းသံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အာဆီယံကော်မတီ (အော်တာဝါ)...

ထိုင်ဝမ်သမ္မတဟောင်း တရုတ်ပြည်မကြီးသို့သွားမည်

တိုင်ပေ၊ဒီဇင်ဘာ ၁၂ ထိုင်ဝမ်သမ္မတဟောင်း မာရင်ချုံသည် ယခုလအနှောင်းပိုင်းတွင် ဟေလုံချန်နှင့်စီချွမ်ပြည်နယ်များသို့ သွားရောက်မည်ဖြစ်ပြီး ၎င်းသည် ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဒုတိယအကြိမ်လာရောက်ခြင်းဖြစ်ကြောင်း ၎င်း၏ဖောင်ဒေးရှင်းကပြောကြားခဲ့သည်။ မာရင်ချုံဖောင်ဒေးရှင်းစီအီးအိုကမူ ယခုခရီးစဉ်သည် တရုတ်ဘက်မှဖိတ်ကြားချက်အရ...

အီလွန်မတ်စ် ပိုင်ဆိုင်မှုပမာဏ ဘီလျံ ၄၀၀...

ဝါရှင်တန်၊ဒီဇင်ဘာ ၁၂ SpaceX တည်ထောင်သူ Tesla စီအီးအို အီလွန်မတ်စ်သည် ပိုင်ဆိုင်မှုဒေါ်လာ ၄၀၀ ဘီလျံရှိသည့် သမိုင်းတစ်လျှောက် ပထမဆုံးသော ပုဂ္ဂိုလ်ဖြစ်လာခဲ့ကြောင်း Bloomberg...
HomeNewsLocal Newsကက်သလစ်သီလရှင်လေးများ၏ ဘိုးဘွားရိပ်သာအမိုးပေါ်ရှိ ဆိုလာပြားမီးလောင်

ကက်သလစ်သီလရှင်လေးများ၏ ဘိုးဘွားရိပ်သာအမိုးပေါ်ရှိ ဆိုလာပြားမီးလောင်

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကက်သလစ်သီလရှင်လေးများ၏ ဘိုးဘွားရိပ်သာအမိုးပေါ်ရှိ ဆိုလာပြားမီးလောင်ကျွမ်းခဲ့မှု ယနေ့ အောက်တိုဘာ ၈ ရက်နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်မြောက်ရပ်ကွက် ၊ ဒေါ်သိန်းတင်လမ်းနှင့်သိမ်ဖြူလမ်းထောင့်ရှိ ကက်သလစ်သီလရှင်လေးများ၏ ဘိုးဘွားရိပ်သာအမိုးပေါ်တွင် တပ်ဆင်ထားသည့် ဆိုလာပြားမီးလောင်ကျွမ်းမှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်း၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

” ကက်သလစ်သီလရှင်လေးတွေရဲ့ ဘိုးဘွားရိပ်သာမှာ မီးလောင်နေတယ်သတင်းရတာနဲ့ချက်ခြင်းသွားရောက်မီးငြှိမ်းသတ်ပေးခဲ့ပါတယ်။ အမိုးပေါ်မှာတင်ထားတဲ့ ဆိုလာပြားတစ်ချပ်မီးလောင်တာပါ။ အမိုးအောက်ခြေကိုလည်း မီးနည်းနည်းလောင်သွားတယ်။ ပျက်စီးမှုကတော့သိပ်မရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များ၏ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၁၀ နာရီ ၃၃ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဟု တောင်ကိုရီးယားသမ္မတ ပြောကြား

အမေရိက၏ မဟာမိတ်နိုင်ငံကို ကသောင်းကနင်းအခြေအနေအတွင်း ကျဆင်းစေခဲ့သည့် စစ်အုပ်ချုပ်ရေးအမိန့် ကာလတိုပြဌာန်းခဲ့မှုအတွက် သူ့အပေါ်စွပ်စွဲပြစ်တင်ခြင်းအဆိုကို မဲခွဲဆုံးဖြတ်ရာတွင် သူ့ပါတီအမတ်များကပါ အတိုက်အခံတို့နှင့် ပူးပေါင်းသွားနိုင်ခြေရှိလာသဖြင့် အဆိုပါကိစ္စအတွက် အဆုံးအထိ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်က ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားလိုက်သည်။ ရှည်လျားသော ရုပ်သံမိန့်ခွန်းတွင် အာရှ၏ စတုတ္ထမြောက်စီးပွားရေးအင်အားကြီးနိုင်ငံ၏ခေါင်းဆောင်က မြောက်ကိုရီးယားသည် တောင်ကိုရီးယားရွေးကောက်ပွဲကော်မရှင်ကို ဟက်လုပ်ခဲ့ကြောင်းနှင့် ဧပြီလက သူ့ပါတီ၏ ရွေးကောက်ပွဲ ၌ အပြတ်အသတ်အနိုင်ရခဲ့မှုကို သံသယဖြစ်စေခဲ့ကြောင်း ပြောကြားသွားခဲ့သည်။ မစ္စတာယွန်းအနေဖြင့် သူ့ပါတီ မဟာမိတ်များက သူ့ဘက်တွင် ထောက်ခံရပ်တည်လိမ့်မည်ဟု မျှော်လင့်ထားသော်လည်း သူ၏...

အာဆီယံကော်မတီ (အော်တာဝါ) ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား ထိုင်းသံအမတ်ကြီး ဆက်လက်တာဝန်ယူမည်

အာဆီယံကော်မတီ (အော်တာဝါ)၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား ဖိလစ်ပိုင်သံအမတ်ကြီးမှ ထိုင်းသံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်သံ အမတ်ကြီး Maria Andrelita S. Austria ဦးဆောင်၍ ဒီဇင်ဘာ (၁၂) ရက်တွင် အော်တာဝါမြို့ရှိ Fairmont Chate au Laurier Hotel ၌ ကျင်းပခဲ့သည်။ အဆိုပါ အာဆီယံကော်မတီ (အော်တာဝါ)...

ထိုင်ဝမ်သမ္မတဟောင်း တရုတ်ပြည်မကြီးသို့သွားမည်

တိုင်ပေ၊ဒီဇင်ဘာ ၁၂ ထိုင်ဝမ်သမ္မတဟောင်း မာရင်ချုံသည် ယခုလအနှောင်းပိုင်းတွင် ဟေလုံချန်နှင့်စီချွမ်ပြည်နယ်များသို့ သွားရောက်မည်ဖြစ်ပြီး ၎င်းသည် ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဒုတိယအကြိမ်လာရောက်ခြင်းဖြစ်ကြောင်း ၎င်း၏ဖောင်ဒေးရှင်းကပြောကြားခဲ့သည်။ မာရင်ချုံဖောင်ဒေးရှင်းစီအီးအိုကမူ ယခုခရီးစဉ်သည် တရုတ်ဘက်မှဖိတ်ကြားချက်အရ ဒီဇင်ဘာ ၁၈ မှ ၂၆ ရက်အတွင်း ကိုးရက်တာသွားမည့်ခရီးစဉ်ဖြစ်ကာ ထိုင်ဝမ်ကျောင်းသားများကို ဦးဆောင်သွားရမည့်ခရီးစဉ်လည်းဖြစ်ကြောင်းဆိုသည်။ ၎င်း၏ပထမခရီးစဉ်ကို ဧပြီလကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ထိုင်ဝမ်နှင့်ပြည်မရှိကျောင်းသားများအတွက် နှီးနှောဖလှယ်ပွဲများပြုလုပ်ပေးလိုခြင်းဖြစ်သည်ဟုလည်းသိရသည်။ မာရင်ချုံက နှစ်ဖက်လူငယ်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်တတ်မှုများကို လေ့ကျင့်ပျိုးထောင်ထားပေးမှသာလျှင် ထိုင်ဝမ်ရေလက်ကြားပြဿနာမှာ တည်ငြိမ်သွားလိမ့်မည်ဟုလည်းဆိုခဲ့သည်။ Source : ဖိုးကက်စ်ထိုင်ဝမ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071