Friday, May 23, 2025

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeCelebrities' Newsရှုတင်နောက်ကျမှာ ကြောက်တဲ့ အိချောပို

ရှုတင်နောက်ကျမှာ ကြောက်တဲ့ အိချောပို

ei

အိ ချောပို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင် ပြသလာဖို့ ရှိတယ်လို့ သိရပါတယ်။ ရုံတင်ပြသလာတော့မယ့် ဇာတ်ကားထဲမှာ အားရကျေနပ်ရတဲ့ ဇာတ်ကားတွေ အများ ကြီးပါသလို ရိုက်ကူးရတဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းကိုလည်း စေတနာပါပါနဲ့ ရိုက်ကူးခဲ့ ကြောင်း အိချောပိုက ပြောပါတယ်။ အရင်ကထက် သရုပ်ဆောင်ပိုင်းကို ပိုပြီးသေချာ အာရုံစိုက် ဖြစ်နေပြီး အခုအချိန်ထိလည်း ကိုယ့်ကိုယ်ကိုယ် အသစ် တစ် ယောက်လိုပဲ အမြဲကြိုးစားနေပါတယ်လို့ အိချောပိုက ဆိုပါတယ်။

“အမြဲတမ်း ကိုယ်နဲ့တန်းတူရိုက်ကူးရတဲ့ ကိုယ့်ထက်အငယ် ဆိုရင်တောင် သူတို့ဘယ်လိုလုပ်လဲ၊ အိုက်တင်ဘယ်လိုရှိလဲ၊ ဘယ် လိုလုပ်သွားတယ်ဆိုတာ ကြည့်တယ်။ ကိုယ်ဆိုရင်လည်း ဘယ်လို လုပ်ရမယ်ပေါ့နော်။ ရိုက်ကွင်းမှာဆုံရတဲ့ အနုပညာရှင်တွေ အားလုံးဆီကလည်း ပညာတွေ ယူရပါတယ်။ ကိုယ့်ကိုယ်ကိုယ် တတ်နေပြီဆိုတဲ့ အတွေးမျိုး၊ ပုံစံမျိုးတော့ မလုပ်ပါဘူး၊ အမြဲတမ်း အသစ်တစ်ယောက်လို ကြိုးစားနေပါတယ်” လို့ အနုပညာ အပေါ်သူ့ရဲ့ ကြိုးစားမှုကို ပြောပြတာဖြစ်ပါတယ်။
အိချောပိုက ၂ဝ၁၆ ခုနှစ်မှာဆိုရင်လည်း ရုပ်ရှင်ဇာတ်ကား များ အများဆုံး ရိုက်ကူးလာရပြီး အခုနှစ်မှာလည်း ရုပ်ရှင်ဇာတ် ကားများနဲ့ ဗီဒီယိုဇာတ်ကားတို့ကို နားရက်မရှိ ရိုက်ကူးနေရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အခုလို ဇာတ်ကားများ စဉ်ဆက် မပြတ် ရိုက်ကူးခွင့်ရနေရခြင်းအကြောင်းကို အိချောပိုက …..

“ပရိသတ်တွေကလည်း ကိုယ့်ကိုချစ်လာတဲ့ အတိုင်းအတာ တွေ၊ လုပ်ဖော်ကိုင်ဖက်တွေက ကိုယ့်အပေါ်ချစ်တဲ့ အတိုင်းအတာ တွေကြောင့်တော့ ပါမယ်ထင်တယ်။ ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ မင်းသား တွေနဲ့ အနုညာအသိုင်းအဝိုင်းက အနုပညာမောင်နှမတွေနဲ့ အဆင် ပြေတော့ ပေါင်းသင်းဆက်ဆံရေး ကတော့ အဓိကပေါ့လေ။ နောက် ပြီး အိချောက ရှုတင်ကိုဆိုလည်း စောစော ရောက်အောင်သွား တယ်။ ကိုယ့်ကြောင့် ရှုတင် နောက်ကျမှာကို တအား ကြောက်တယ်။ ကျန်းမာရေး အတွက်ကြောင့် နောက်ကျတာ ကလွဲလို့ နောက်ကျတယ်ဆို တာ သိပ်မရှိခဲ့ဘူး။ အဲဒီလို အချိန်တိကျတာမျိုး လေးတွေ ကြောင့်ပဲလို့ ထင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ် ၊ ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071