Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeCelebrities' Newsရုပ်ရှင် စတူဒီယိုကို သင်္ကြန်အပြီး...

ရုပ်ရှင် စတူဒီယိုကို သင်္ကြန်အပြီး နှစ်သစ်မှာ ဖွင့်လှစ်သွားဖို့ ဆုံးဖြတ်ထားပါတယ် နေတိုး

 

ဖေ့စ်ဘုတ်မှာဗီယက်နမ်မင်းသမီးကိုနေတိုးနမ်းတဲ့ဇာတ်ဝင်ခန်းတွေပါတဲ့”တိမ်တိုက်တံတား”ရုပ်ရှင်ဇာတ်ကားကလူပြောများနေပါတယ်။မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေမှာမင်းသားနဲ့မင်းသမီးနမ်းတဲ့ဇာတ်ဝင်ခန်းတွေပါဝင်မှုနည်းပါးနေတဲ့အချိန်မှာအခုလိုနမ်းတဲ့ဇာတ်ဝင်ခန်းတွေမြင်တွေ့လာရတဲ့အတွက်လည်း ပရိသတ်တွေ စိတ်ဝင်တစားရှိနေကြပါတယ်။ ရိုမန့်ဇာတ်ကားဖြစ်တဲ့အတွက် ဗီယက်နမ်မင်းသမီးကို နမ်းတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်ခြင်း ဖြစ်ကြောင်းကို နေတိုးက…

“တကယ်နမ်းတာပါ။ နဖူးနဲ့ပါးကိုပဲနမ်းတာပါ။ အဓိကတော့ နဖူးတို့၊ ပါးတို့ နမ်းတယ်ဆိုတာ ရိုမန့်အရတော့ မဖြစ်မနေပါရမယ့် ထည့်ဖို့လိုအပ်ရင်တော့ တအားချစ်စရာကောင်းတဲ့အပြုအမူလို့မြင်တယ်။ ဒါလေးတွေကတော့ လိုအပ်တဲ့အခါမှာ လိုအပ်သလိုထိရောက် စေပါတယ်။ချစ်သူရည်းစားဆိုတာထက်ကိုရိုမန့်ဇာတ်ဝင်ခန်းတွေကပြသင့်သလောက်ပြဖို့လိုအပ်တယ်လို့လည်းမြင်ပါတယ်။ကျွန်တော့်အနေနဲ့ဒီ”တိမ်တိုက်တံတား”ဇာတ်ကားကိုကြည့်ရှုတဲ့အချိန်မှာဒီ့ထက်မကသောရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ရိုမန့်ကိုအဓိကထားအမှန်အကန်ပေးထားတယ်။ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ဖွဲ့စည်းထားတဲ့တ်ကားလေးတစ်ကားဖြစ်ပါတယ်။ပရိသတ်တွေအတွက်Familyကြည့်ရှုလို့ရတဲ့ဇာတ်ကားပေါ့။နမ်းတဲ့အခန်းတွေပါတယ်ဆိုပြီးFamilyကြည့်လို့မရတဲ့ဇာတ်ကားလားဆိုပြီးတွေးထင်စရာရှိတယ်။Familyကြည့်လို့ရတဲ့ဇာတ်ကားတစ်ကားပါ”လို့နေတိုးကပြောပါတယ်။ပွင့်လင်းခေတ်မီလာတဲ့အလျောက်မြန်မာနိုင်ငံအနေနဲ့ရုပ်ရှင်ဇာတ်ကားတွေမှာratingအဆင့်သတ်မှတ်တာမျိုးတွေ လုပ်သင့်သလား ဆိုတဲ့ မေးခွန်းကိုတော့ နေတိုးက…

“Ratingသတ်မှတ်ဖို့မလိုအပ်သေးဘူးလို့မြင်ပါတယ်။ဒီဇာတ်ကားထဲမှာဆိုလည်းရိုမန့်ကိုပဲပြတာပါ။Subjectတစ်ခုကိုရိုက်ပြတာမဟုတ်ဘူး။ဒီလိုရှိခဲ့တယ်ဆိုတာကိုပြတာဖြစ်တဲ့အတွက်သတ်မှတ်စရာမလိုတဲ့ဇာတ်ဝင်ခန်းဖြစ်ပါတယ်။တင်ပြပုံခြင်းလည်းမတူပါဘူး”လို့ပြောပါတယ်။ နေတိုးက ၂ဝ၁၈၊ ၂ဝ၁၉ ခုနှစ်တွေမှာရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးဖို့အတွက်အများဆုံးလက်ခံထားတယ်လို့ သိရပါတယ်။ သရုပ်ဆောင် နေတိုးက ရုပ်ရှင်စတူဒီယိုတစ်ခုကို မြောက် ဒဂုံ မြို့နယ်မှာ တည်ဆောက်နေပြီး အခု လောလောဆယ်မှာ ရာနှုန်းပြည့် မပြီးစီးသေးပေမယ့်လည်းသင်္ကြန်အပြီးနှစ်သစ်မှာဖွင့်လှစ်သွားဖို့လည်းဆုံးဖြတ်ထားတယ်လို့ပြောပါတယ်။”အကုန်လုံးတော့ပြီးစီးသလာက်ဖြစ်နေပါပြီ။ရိုက်ကူးလို့ရတဲ့အနေအထားဖြစ်နေပြီ။ဒါပေမယ့်ဖွင့်ဖို့အတွက်perfectအဖြစ်ပြီလားဆိုရင်တော့၁ဝဝရာခိုင်နှုန်းအထိတော့မပြီးသေးပါဘူး။ကျွန်တော့်အနေနဲ့အနုပညာအလုပ်လုပ်ကိုင်လာတဲ့သက်တမ်းတစ်လျှောက်မှာပြန်ပြီးတော့ပေးဆပ်ချင်တယ်။နောက်ပြီးတော့ကိုယ်လုပ်ကိုင်လာတဲ့အနုပညာအကျိုးအမြတ်တွေကိုအနုပညာလောကအတွက်အသုံးပြုချင်တယ်။အဓိကကတော့ကျွန်တော်တို့ဆီမှာအားနည်းချက်တွေအများကြီးရှိတယ်။အဲဒီအားနည်းချက်တွေကိုလည်းဒီလောကအတွက်ဖြည့်ဆည်းပေးချင်တယ်။အဲဒီလိုရည်ရွယ်ချက်တွေနဲ့ဒီစတူဒီယိုလေးကိုတည်ထောင်ဖြစ်တာပါ” လို့နေတိုးကပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available


Continue reading

အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် ဆန်အိတ်ရေ ၃၀၀ ကျော် ရောင်းချပေးခဲ့

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို နှစ်ပတ်အတွင်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ထောင်စု အရေအတွက် စုစုပေါင်း (၂၆၇) ခုကို ရက် (၉၀) ဆန် ၅၉ အိတ်၊ ရွှေဘိုပေါ်ဆန်း ၁၉၀ အိတ်၊ ဧည့်မထဆန်၂၄ အိတ်၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်သစ်) ၂၉ အိတ်၊...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျ-က်ဆီးနိုင်ခဲ့

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဒသမ ၆၆ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၈၈ ဒသမ ၈၂၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၁၆၃ ဒသမ ၆၄၈ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၉၇၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071