လတ်တလောမှာ အဆိုတော်ဥာဏ်လင်းအောင်က တွန်းအားဆိုတဲ့ တစ်ကိုယ် တော်အခွေထွက်ရှိထားပါတယ်။ ဒီအခွေကတော့ ၆ နှစ်ကြာမှထွက်ရှိလာတဲ့ တစ်ကိုယ်တော်အခွေပဲဖြစ်ပါတယ်။ အခုလက်ရှိအနုပညာ လောကမှာ အဆိုတော်တွေ လည်း ရုပ်ရှင်တွေရိုက်ကူးလာကြ ပါပြီ။ ဥာဏ်လင်းအောင်ကိုလည်း ဇာတ်ကားရိုက်ကူးဖို့ ကမ်းလှမ်းမှုတွေရှိပေမယ့် သူကတော့ ငြင်းပယ်ခဲ့ တယ်လို့ သိရပါတယ်။
”ကျွန်တော်မရိုက်ကူးဖြစ်ခဲ့ဘူး။ အိမ်က တော့ လုပ်ဖို့အတင်းပြောတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့ အဆင်မပြေဘူး။ သရုပ်ဆောင်မလုပ်ပါဘူး။ မလုပ်ပါဘူးဆို တာက ကျွန်တော်မပိုင်နိုင်တဲ့ အလုပ်လည်း ဖြစ်တယ်။ ဒီအလုပ်က စိတ်ရောလူရော နှစ်ပြီးတော့ ဝါသနာတအားကြီးမှ သရုပ် ဆောင်လုပ်တာကောင်းတယ်လေ။ ပေါ့ပေါ့ ပြက်ပြက်လည်း မလုပ်ချင်ဘူး”လို့ ဇာတ်ကား ရိုက်ကူးမှုတွေကို သူ့အနေနဲ့ ငြင်းပယ်ဖြစ် လိုက်ခြင်းနဲ့ပတ်သက်လို့ အဆိုတော်ဥာဏ်လင်း အောင်က ပြောပါတယ်။
ဇာတ်ကားတွေကိုရိုက်ကူးဖြစ် ရင်တောင်မှ သူကအက်ရှင်ဇာတ်ကားတွေပဲ ရိုက်ကူးချင် တယ်လို့ပြောပါတယ်။ သူကဇာတ်ကားတွေ ကြည့်ရှုရင်လည်း အက်ရှင်ဇာတ်ကားတွေပဲ ကြည့်ရှုဖြစ်တာများတယ်လို့ သိရပါတယ်။
”ကျွန်တော်ကဖိုက်တင်ဇာတ် ကားတွေပဲ ရိုက်ကူးချင်တာ။ ကျွန်တော့်ကို အဲဒီလိုရိုက်ကူးခိုင်းမှာ မဟုတ်ဘူးလေ။ ကျိန်းသေတယ်။ ဒီမှာကကျတော့လည်း ရုပ်ရှင်ပိုင်းဆိုင်ရာက အများကြီးမတိုးတက်သေးဘူးဆိုတော့လေ။ အခုမှစပြီး ပြောင်းလဲ လာတာဆိုတော့ ကျွန်တော်ရိုက်ကူးချင်တဲ့ပုံစံနဲ့က ဖြစ်မှာမဟုတ်သေးဘူး။ သူတို့က ရိုက်ကူးမယ်ဆိုလည်း အချစ်တွေ၊ အလွမ်းတွေပဲလာမှာဆိုတော့ ကျွန်တော်နဲ့က သိပ်အဆင်မပြေဘူး”လို့ အက်ရှင်ဇာတ်ကားတွေ ရိုက်ကူး ချင်တဲ့အကြောင်း ဥာဏ်လင်းအောင်ကပြောပြပါတယ်။ ဥာဏ်လင်းအောင်က ဂီတပိုင်းမှာတော့ တစ်ကိုယ် တော်စီးရီးခွေအနေနဲ့ ၃ ခွေ ထွက်ရှိခဲ့ပြီးပြီလည်း ဖြစ်ပါတယ်။
လင်းအက္ခရာ