Monday, December 8, 2025

ကျားဖြူပါတီသည် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ဟု ဦးစိုင်းအိုက်ပေါင်းပြော

ပြည်သူကို ချစ်သည့် ပါတီဖြစ်သည့်အတွက် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ (ကျားဖြူ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။ ဒီဇင်ဘာ...

မော်လမြိုင်မြို့တွင် ပြည်သူ့ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ယမန်နေ့ ဒီဇင်ဘာ (၇) ရက်တွင် ပြည်သူ့ပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူပါတီ...

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏...

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန်...

ငလျင်နှင့် ပဋိပက္ခ သက်ရောက်မှုများအကြား မြန်မာနိုင်ငံ၏...

ပြည်တွင်းဝယ်လိုအားလျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်းချက်အလားလာမှာ အခက်အခဲအတားအဆီးများရှိနေဆဲဖြစ် ၂၀၂၅ ခုနှစ် မတ်လတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု၊ ပြည်တွင်း ပဋိပက္ခနှင့်...
HomeCelebrities' Newsရုပ်ရှင်ရွေးကောက်ပွဲမှာ သရုပ်ဆောင် အလွှာကနေ...

ရုပ်ရှင်ရွေးကောက်ပွဲမှာ သရုပ်ဆောင် အလွှာကနေ ဝင်ရောက် ရွေးချယ်ခံမယ့် ခန့်စည်သူ

K-Si-Thu

သရုပ်ဆောင်ခန့်စည်သူက မြန်မာရုပ် ရှင်အစည်းအရုံး ၂ဝ၁၈ ခုနှစ်အတွက် အလုပ်အမှုဆောင်သစ်များ ရွေးချယ်ပွဲမှာ သရုပ်ဆောင် အလွှာကနေ ဝင်ရောက်ရွေး ချယ်ခံသွားမှာဖြစ်ပါတယ်။ ဒီအလုပ်အမှု ဆောင်သစ်ရွေးချယ်ပွဲမှာ ရွေးချယ်ခံရသည် ဖြစ်စေ၊ မခံရသည်ဖြစ်စေ မြန်မာနိုင်ငံရုပ် ရှင်အစည်းအရုံးကို ဝန်းရံပေးသွားမှာပါဆိုတဲ့ ခန့်စည်သူက…

“ရုပ်ရှင် အစည်းအရုံးမှာတော့ ကျွန် တော်က သရုပ်ဆောင်အလွှာကနေ ဝင်ပြီး အရွေးခံမှာပါ။ အရွေးခံရသည် ဖြစ်စေ၊ အရွေးမခံရသည် ဖြစ်စေ၊ အရွေးခံရရင်လည်း အတွင်းစည်းကနေ ကျွန်တော် တစ်ဖက်တစ် လမ်းကနေ ရုပ်ရှင်ရယ်၊ နောက်ပြီး ဗီဒီယိုကို ပြန်ရှင်သန်စေချင်လို့ ဝိုင်း ဝန်းကြိုးစားသွားမှာ ပါ။ အရွေးမခံရရင်လည်း အပြင်စည်းကနေ ဝိုင်း ဝန်းဝန်းရံသွားမှာပါ။ ဥက္ကဋ္ဌအနေနဲ့ အရွေးခံဖို့မဟုတ်ပါဘူး။ ကျရာနေရာမှာပဲ ရုပ်ရှင်အစည်းအရုံးကို ဝန်းရံမှာပါ”လို့ ပြော ပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံးရဲ့ အလုပ်အမှုဆောင်များနဲ့ ပတ်သက်ပြီး ခန့်စည်သူက…

“သူတို့လည်း တတ်နိုင်သလောက်တော့ လုပ်နိုင်သလောက်လုပ်တာပဲ။ ဒါပေမဲ့ တိုင်း ပြည်အခြေအနေက အဘက်ဘက်ကမတိုး တက်သေးတဲ့အချိန်မှာ ရုပ်ရှင်ကလည်း ချက်ချင်းကြီး တိုးတက်ဖို့ဆိုတာ သိပ်မလွယ်ကူ လှပါဘူး” လို့ပြောပါတယ်။ အခုအချိန်မှာ မြန် မာနိုင်ငံရုပ်ရှင် အစည်းအရုံးနဲ့ပတ်သက်ပြီး အကြံပြုရမယ်ဆိုရင် အစည်းအရုံးဝင်ကတ် တွေ ဖောင်းပွနေတဲ့အပေါ် ပြန်လည် စိစစ်စေ ချင်ပေမယ့် အခုအချိန်ကတော့ နည်းနည်း နောက်ကျသွားပြီလို့ ခန့်စည်သူက ဆိုပါတယ်။ လတ်တလောမှာ ခန့်စည်သူက ရွှေသံစဉ် ထုတ်လုပ်ရေးအတွက် ‘ကျွန်တော်ပြောရင် လွဲခဲတယ်’ ဗီဒီယိုဇာတ်ကားကို ရတနာဗိုနဲ့ ရိုက်ကူးခဲ့ပြီး ဒါရိုက်တာပြည်ဟိန်းသီဟနဲ့ ပြင် ဦးလွင်မှာ ဇာတ်ကား သွားရောက်ရိုက်ကူးဖို့  ရှိကြောင်းလည်း သိရပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071