Monday, December 8, 2025

အာဆီယံ- ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး...

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ယနေ့ ဒီဇင်ဘာ(၈)ရက်နေ့၌ ကျင်းပခဲ့ပြီး  မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက်...

ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ...

တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသား(၅၆)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၇)ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား(၄)ဦး၊...

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန်...

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က...

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊...
HomeArticlesရုပ်ရှင်သက်ကြီး စုံညီမေတ္တာ ...

ရုပ်ရှင်သက်ကြီး စုံညီမေတ္တာ ကန် တော့ကြပါစို့

ဝါလလွတ်ကင်း၊ ကျွတ်သီတင်း အခါသမယ၊ သီလစုံစွာ ကန်တော့ကြသည်။ ရုပ်ရှင် သက်ကြီးစုံညီပါသည်။ လလွတ်ကင်း၊ ကျွတ်သီတင်း အခါသမယ၊ သီလစုံစွာ ကန်တော့ကြသည်။ ရုပ်ရှင် သက်ကြီးစုံညီပါသည်။  ၁၃၊ အောက်တိုဘာရုပ်ရှင် နေ့မှာ ဆရာ၊ အမိအဖ၊ ဂွမ်းဆီထိ မေတ္တာ၊ ပေးဝေတာကို လက်ဆယ်ဖြာ မိုး၍ ခံယူကြလော့ ဦးချကန်တော့ ရင်းပေါ့။  ဆရာ့အရိပ် တိတ်တိတ်က လေးခိုခဲ့ပါသည်။ ဆရာ့စကား နား ဝယ်ထား၍ ဆရာ့အားမီ၊ ရှာမီပညာ၊ သေခါမမေ့၊ သင်ဆရာ၊ အစ်ကို အစ်မ၊ မြင်ဆရာဦးဦးဒေါ်ဒေါ်၊ သက်ကြီးခေါ် ဆရာမိဘ၊ ထိချဆယ် ဖြာကန်တော့ပါသည်။

ဝဲကာမျက် ရည်၊ ငါသည်တစ်နေ့၊ မမေ့ပါနှင့် ကန်တော့ခံသင့်ခံရမည်လော။  ရှစ်ခွင်ဝဠာ၊ ဆရာမိဘ၊ ဆုံးမ စကား၊ ပညာသင်ကြား၊ နှလုံးသားက မှတ်ပါသည်။ ဆရာ့အမွေ၊ ပေးခြွေ ခဲ့သည်၊ နေနဲ့လလို ကြီးမြတ်လှပေ သည်။  ငယ်ကျွမ်းဆွေဘဘ၊ သက်ရှည် ကျန်းမာ၊ ၉၆တိုင်၊ မယိုင်မလဲ၊ ကြဲချ နေသေး၊ ပန်းထုံမွှေး၍၊ ရှေ့ရေး အမြင်၊ သခင်ရုပ်ရှင်၊ ဘုရင် တစ်ပါး၊ သင်ကြားပေးဝေ၊ မှေးမနေပါ၊ ရှေ့က မားမားရပ်၍နေသည်၊ ပြယုဂ်ဆရာ ဖခင်တစ်ဦးပါနော်။  အဖြူအမည်းဖလင်၊ ရောင် စုံကြဲ၍ အတူတွဲယှဉ်၊ နွှဲခဲ့ပါသည်၊ ဒီခါဒီနေ့ ရုပ်ရှင်နေ့၊ အရွေ့လေး မှာပင်၊ ထင်ရှားရှိစဉ်၊ ကန်တော့ချင် ပါသည်။ အို ဆရာမိဘ၊ အစ်ကိုအစ်မ၊ တိုလှသည့်သက်တမ်း၊ ဇရာမှန်းမရ၊ ကြွေမကျခင်၊ အရင်ကန်တော့ခွင့် ပြုပါလေ။  ကြည်လင်တဲ့မျက်လုံး၊ ပြုံးဝေ နေကြသည်၊ နှလုံးသားပြို၊ ငိုနေကြ သည်။ ကြီးမြတ်ပါသည်၊ သက်ကြီး ရုပ်ရှင်အမိအဖများ။ ကျွန်တော် ကျွန်မ အမှားမကျန်၊ ခွင့်လွှတ်ရန် ဦးချပါသည်။

နေအမှောင်မကျခင်၊ ရွှေရောင် လွှမ်းခိုက်မှာ၊ တစ်ရှိုက်မက်မက်၊ ရိုက် နှက်ဆုံးမလည်း၊ အသက်မရှူခံဝံ့ပါ သည်၊ ဆရာမိဘအပေါင်းတို့။ နင်းခဲ့ သည့်မြေ၊ ကျွံခဲ့သည့်ကြမ်း၊ အပန်းမ ကြီးပါပဲ၊ မြေမှာဝပ်တွား၊ ကန်တော့ပါ သည်၊ ရုပ်ရှင်သက်ကြီးများ။ ကလေးအရွယ်၊ လူမမယ်ကပင်၊ ဝင်နွှဲရုပ်ရှင်၊ အပင်ကြီးငယ်၊ ထီးကယ် မိုးခဲ့၊ ပဲ့မကြွေ၊ မဝေခင်၊ တည့်နေမွန်း လွဲ၊ ကျွဲစီးရေလူး၊ အရူးတစ်ပိုင်း၊ အပြိုင်းပြိုင်းပ၊ နှိုင်းယှဉ်မရ၊ သခင် အမိအဖတို့ကို၊ ဦးချကန်တော့ပါ သည်။ ပေးဝေပညာ အခက်အလက်၊ မျိုးဆက်မပြတ်၊ လက်ခမောင်းခတ် ၍ မြန်မာ့ရုပ်ရှင်၊ အလှရှင်ဂုဏ်မ ငယ်၊ တင့်တယ်စေကုန်၊ အမြင်ပန်းစုံ၊ ခုံမင်စွာဖြင့်၊ ကြိုးစားပါမည်၊ နိုးကြား ပါသည်လေ။  ၏

တစ်နှစ်မှတစ်ခါ၊ ချစ်ကာနှစ် ကာ၊ တိမ်ပုဝါခြုံမမေ့ပါပဲ၊ အသည်း ထဲမှာ၊ နေ့ကာစွဲမှတ်၊ မမေ့ကြနဲ့၊ နေ့ ရုပ်ရှင်ခါ၊ အရာအားလုံး၊ ထုံမွှေးလဲ မေ့၊ နွေးထွေးဂရု၊ အထူးပြု၍၊ စုဝေး စုံညီ၊ နုထွေးကုန်သည်ထိ၊ ကြုံခဲလှဘိ၊ အသိရှိစေချင်၊ အသင်လောကသား တို့၊ အများစုဝေး၊ ခုရေးလိုက်ကြပါ၊ ရုပ်ရှင်အမိအဖကို ကန်တော့မည်ဟု။

နေ့ထူး နေ့မြတ်ချိန်ခါ၊ မင်္ဂလာ အပေါင်း၊ ခညောင်းပါစေ၊ မြဲစေတည် စေ၊ ရွက်ကြွေနွေနှောင်း ၊ အဟောင်း မရှိတော့ပြီ၊ ဝမ်းနည်းမိပါသည်။ ဗလာကြွင်း ရှာပြီ၊ အခါခါတင်းမာ သည်၊ ရာသီမရွေး၊ ထိုနေ့ကို တို့မ မေ့၊ စေ့သည့်တံခါးချပ်၊ မပိတ်ခင်မှာ၊ အရိပ်အသွင်ရှိပါစေ၊ နာသုံးနာ၊ ဆရာမိဘ၊ အမိအရ ကန်တော့ပန်း ဆင်မှလေ၊ တို့တစ်တွေ လှမ်းသင့်ပါ သည်၊ ကျွမ်းဝင်ရင်းနှီးစွာ လမ်းမြင် မသိပါစေ၊ နီးနော်၊ ခုလေ မာစေသာ စေ၊ ရှည်စေအဓွန့်၊ သက်စွန့်ဆံဖျား၊ သွားနှင့်ရှေ့က၊ မိဘဆရာ၊ ရိုကျိုးစွာ ဖြင့် ကန်တော့ပါသည်၊ မိုးမြင့်လက်စုံ၊ ဘုံဖျားရောက်ပါစေသား။

စုံညီတက်ရောက်၊ သက်ကြီး အယောက် ၁၅၈နော်၊ ပြုံးပျော်ပါ တစ်နေ့တို့မမေ့ပြီ၊ သက်ရှည်ကျန်းမာ၊ လန်းဖြာနေကြသည်၊ ဤခရီးနီးသ လား၊ ကြီးမားချိန်ခါ၊ ဆယ်ဖြာလက် မိုး၊ ကျိုးနွံပါသည်၊ အမှားပါရင် ခွင့် လွှတ်ပါ၊ သားသမီးတို့ ဝန်ချ၊ ညွှန် ပြဆရာမိဘ၊ ဆုံးမလမ်းညွှန်၊ ကမ်း လွန်နေလည်း၊ ကြေကွဲသက်တစ်ခါ၊ မက်စရာဗျာဒိ။ သာကီနွယ်ဖွား၊ လူအများတို့၊ ရိုကျိုးပူဇော်၊ လွန်တာမိ၊ ဝန်ခံထိပါ မည်၊ ဘယ်အခါ မမေ့ပါနှင့်၊ စုံညီစွာ လှစ်ခါကြည့်၊ ချစ်စရာအတိ၊ ရင်ထဲ ထိ ကြည့်ခံစားမိပါစေ၊ သာယာသော နေ့၊ ထိုတစ်နေ့ကို တို့မမေ့ပါစေနှင့်၊ တို့ရွေ့ကာလာလေ အလှစ်၊ စိတ် အသစ်ဖြင့်၊ တူညီကြစေသတည်း။ စုဝေးပေါင်းစုံ၊ တွေ့စုံခိုက်မှာ၊ အိုလောကသားအပေါင်းတို့၊ ချစ်ကြ ခင်ကြ၊ ပြုံးရွှင်ကြပါ၊ စုစည်းညီညာ၊ ကမ္ဘာသစ်ကို ရွေ့လျားကြစို့၊ ဓလေ့ အလှတို့၊ ရေးကြစို့ ကမ္ဗည်းမှာ၊ နှစ် တစ်ရာရုပ်ရှင်သို့လေး။

ဒါရိုက်တာ မောင်ဗေဒါ 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071