Sunday, December 14, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeCelebrities' Newsရုပ်ရှင်ထဲကရတဲ့ ပိုက်ဆံကိုရုပ်ရှင်ထဲမှာပဲ...

ရုပ်ရှင်ထဲကရတဲ့ ပိုက်ဆံကိုရုပ်ရှင်ထဲမှာပဲ ပြန်လည်စေချင်လို့ ထုတ်လုပ်ရေး တည်ထောင်ခြင်းဖြစ်ကြောင်း ဖြိုးငွေစိုးပြော

 

phyo

လက်ရှိမှာ သရုပ်ဆောင်ဖြိုးငွေစိုးကလည်း သရုပ်ဆောင်အလုပ်တွေ  လုပ်နေသလို၊ တစ်ဖက်မှာလည်း  သူငယ်ချင်းတစ်ယောက်နဲ့အတူ  ထုတ်လုပ် ရေးလုပ်ငန်းတစ်ခုကို အစပျိုး လုပ်ကိုင်လျက်ရှိပါတယ်။ ထုတ်လုပ်ရေး အမည်ကိုတော့ Star King ထုတ်လုပ်ရေးလို့  အမည်ပေးထားပြီး ဇာတ်ကား ၃ကားခန့် ရိုက်ကူးပြီးစီးနေပြီလို့ သိရပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို လည်းအနုပညာနဲ့ပဲ ပတ်သက်ပြီး လုပ်ဆောင်ဖြစ်ပုံကိုတော့

“စီးပွားရေးတွေ လုပ်ချင်ပါတယ်။ ဒါပေမဲ့ အချိန်မပေးနိုင်တာရယ်၊ မလုပ် တတ်တာတွေရယ်ရှိနေတာကြောင့်ပါ။ သူငယ်ချင်းနဲ့တော့ ထုတ်လုပ် ရေးလုပ်နေတယ်။ ရုပ်ရှင်ဇာတ်ကားလေးတွေနဲ့ ဗီဒီယိုလေးတွေ စမ်းရိုက် ကူး ထားတယ်။ ၂ကား၊ ၃ ကားလောက်တော့ ရိုက်ကူးထားပေမယ့် အစပဲရှိ သေးတာကြောင့် ၁နှစ်လောက်နေရင် သေသေချာချာလေး အကောင် အထည်အဖော်နိုင်မှာပါ။ အဓိကက ကျွန်တော်က ရုပ်ရှင်ထဲကရတဲ့ငွေကို ရုပ်ရှင်ထဲမှာပဲ ပြန်စီးမျောစေချင်တာကြောင့်ပါ။

အမျိုးသမီးက လည်း ကလေးနည်းနည်းလက်လွတ်လို့ရတဲ့ အရွယ်ရောက်ရင်တော့ ဆိုင်လေးတစ်ဆိုင် ဖွင့်ဖြစ်မယ်။ အဲဒီအခါကျရင်လည်း ကိုယ်က ဝိုင်းကူရမှာပေါ့”လို့ အကောင်အထည်ဖော် မယ့် လုပ်ငန်းတွေအကြောင်းကို ဖြိုးငွေစိုးက ပြောပြ ပါတယ်။လတ်တလောမှာတော့ ဖြိုးငွေစိုးက ဒါရိုက်တာ အာကာရိုက်ကူး တဲ့ String (ကြိုးဖုန်း) သရဲ ဇာတ်ကားကို ပြင်ဦးလွင်ဘက်မှာ အိâန္ဒာကျော်ဇင်၊ ရဲနောင်၊ ရဲထွေး အောင်၊ ရွှေအိမ်စည် တို့နဲ့အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူး လျက်ရှိပါတယ်။ ဒီလို နယ်ဘက် တွေမှာ သွားရောက် ရိုက်ကူး တဲ့အခါ သားဖြစ်သူ ဂုဏ်ပြည့် စုံဖြိုး ကလည်းလိုက်ပါသွား လေ့ရှိပါတယ်။ သားသားက လည်းအရွယ်ငယ်သေးပေမယ့် အနုပညာကို ဝါသနာပါပုံရ တယ်လို့ဖြိုးငွေ စိုးကပြောပြခဲ့ပါ တယ်။

မြတ်မိုးပွင့်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071