လာမယ့်နှစ်အတွက် မြန်မာ့ရုပ် ရှင်ထူးချွန်ဆုပေးပွဲ စိစစ်အကဲဖြတ် ရေးဘုတ်အဖွဲ့ကနေ ဒါရိုက်တာ ဦး ကြည်စိုးထွန်းက နုတ်ထွက်လိုက်ပြီ ဖြစ်ပြီး အဆိုပါကိစ္စနဲ့ ပတ်သက်လို့ သူက…
”ဒီဟာအတွက်က ဘာမှ မရှိ တော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် စိတ် သန့်တဲ့အတွက် တတ်နိုင်သလောက် လည်း ရှင်းတယ်။ တကယ်လည်း ကိုယ့်စိတ်ထဲကလည်း ရှင်းတယ်။ လူကလည်း ရှင်းတယ်။ ရုပ်ရှင်အ တွက်ကတော့ လုပ်နေဦးမှာပါပဲ။ ကိုယ်တွေက ရုပ်ရှင်လောကထဲမှာ နှစ် ၄၀ ကျော်၊ ၅၀ လောက် ရှိနေတဲ့အခါကျတော့ ရုပ်ရှင်ရဲ့ ကျေးဇူးက အများကြီးရှိတာပေါ့လေ။ မြန်မာ့ရုပ်ရှင်ကိုတော့ ကောင်းစေ ချင်တာပေါ့လေ။ ကောင်းစေချင်လို့ မင်းဘာလုပ်ပေးနိုင်မလဲဆိုတော့ ကိုယ်လုပ်ပေးနိုင်တာလေးတွေတော့ လုပ်ပေးနေဦးမှာပါပဲ။ ဒီရုပ်ရှင်ကို ဖက်တွယ်ပြီးတော့ ကွယ်လွန်သွား မှာပါပဲ။ အဲဒါတော့သေချာပါတယ်” လို့ ပြောပြပါတယ်။ အကယ်ဒမီဘုတ် အဖွဲ့ကနေ ထပ်မံလာရောက်ကမ်း လှမ်းတဲ့အခါ ငြင်းဆန်တော့မှာလား၊ ဘာကြောင့်မစဉ်းစားဖြစ်တော့တာလဲဆိုတာကိုတော့ ဦးကြည်စိုးထွန်း က…
”အဲဒါတော့ မစဉ်းစားတော့ ဘူး။ ဘာဖြစ်လို့မစဉ်းစားတော့တာလဲဆိုတော့ ကိုယ်ကအသက်လည်း ကြီးလာပြီ။ နောက်ပြီးတခြားလုပ်စရာ လေးတွေလည်း အများကြီးရှိလာ တော့လေ။ စာအုပ်တွေလည်း ရေး ချင်လာတယ်။ အကယ်ဒမီလုပ်တယ် ဆိုတာ သိပ်တော့မလွယ်ဘူးနော်။ သူက ၃ လလောက် ရုပ်ရှင်ကားတွေ ကို ကြည့်ရတယ်။ နေ့တိုင်း၊ နေ့တိုင်း ဘာမှအလုပ်လုပ်လို့မရဘူး။ ကိုယ့် အလုပ်ကိုယ်မပြောနဲ့ သာရေးနာရေး တောင်မသွားနိုင်ဘူး။ လူမှုရေးတွေ လည်း လစ်ဟင်းခဲ့တယ်။ အလုပ်တွေ လည်း မလုပ်နိုင်ဘူးပေါ့။ ကိုယ်တို့ လုပ်သလောက်လည်း အရာမထင်ဘူး ပေါ့။ အရာမထင်တဲ့အခါကျတော့ အရာထင်တဲ့ဟာလေးတွေ လုပ်တာ ပိုကောင်းမယ်လေ။ အဲဒါကြောင့်ပါ” လို့ ပြောပြခဲ့ပါတယ်။
မျိုးမောင်