အဆိုတော်ထိုက်ထိုက်က သူမ ရဲ့  ဒုတိယစီးရီးကို ‘ချစ်တယ်’ လို့ အမည်ပေးထားပြီး အောက်တိုဘာ လ ၁၃ ရက်နေ့မှာ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။သီချင်း ၁၁ ပုဒ် ပါဝင် မယ့်သူမရဲ့စီးရီးခွေမှာတော့ R ဇာ နည်၊ ကော်နီ၊ဖြိုးပြည့်စုံ စသူတွေ က ပါဝင် ကူညီသီဆိုပေးထားပြီး သီ ချင်းပုံစံတွေကတော့ ချိုချို အေး အေးပုံစံ ဘက်ကို ပိုသွားထား တယ်လို့ သိရ ပါတယ်။ “ထိုက်ထိုက်အနေနဲ့ အသက် ကြီးလာတာနဲ့အမျှ သီချင်းပုံစံ တွေကလည်း ပိုပြီးရင့်ကျက်လာတဲ့ ပုံစံလေးတွေ လုပ်ထားပါတယ်။ ခံစားမှုချင်းတိုက်ဆိုင်တဲ့အခါ ပရိသတ်ကြီးလည်း နှစ်သက်မယ် ထင်ပါတယ်။ အရင်အခွေတုန်းက တော့ အရုပ် MTV ပါ တွဲထွက်ခဲ့ တယ်။ အခုတော့ အမြင်အာရုံထက် အကြားအာရုံရသကို ပိုပေးချင်လို့ ဃီ အနေနဲ့ အရင်ဖြန့်မှာ ဖြစ်ပါ တယ်။ချစ်တယ်လို့ ပေးဖြစ်တာက တော့ ဒီ စကားလုံးလေးက ရိုးရိုး လေးပေမယ့် အားလုံးလည်း မကင်းနိုင်တဲ့ စကား လုံးလေး ဖြစ်ပါ တယ်။ဒါ ကြောင့် ခေါင်းစဉ် လေးကို ရိုးရိုးလေးပဲ ပေးဖြစ် တာပါ”လို့ ထိုက်ထိုက် က ပြောပါ တယ်။
ထိုက်ထိုက်ကိုDance Music တွေနဲ့တွဲပြီး မြင်မိကြမယ့် ပရိသတ်တွေလည်း ရှိပါလိမ့် မယ်။ ဒီတစ်ခေါက် စီးရီးမှာ တော့ ထိုက်ထိုက်က သီချင်း အမြူးတွေထက် အေးအေး ဆွေးဆွေးနဲ့ ချိုတဲ့ သီချင်း ပုံစံ တွေပဲ ထည့်ထားတယ်လို့ သိရ ပါတယ်။ ” ဒီထဲမှာ သီချင်း အေး အေး ချိုချိုလေးတွေများလို့ အခွေကို ကိုင်လိုက်ရင် ပုရွက် ဆိတ်တက်မှာတောင် ကြောက် ရပါတယ်(ရယ်လျက်) ။
သီချင်း အမြူးအနေနဲ့က ဦးရွှေ (ရွှေ ဂျော်ဂျော်) ရေးပေးထားတဲ့ တစ်ပုဒ်ပဲ ပါပါတယ်။ကျန်တာ ကတော့ သီချင်းအအေး လေး တွေ များမှာပါ။ အပြောင်းအလဲ လေးလည်း ဖြစ်အောင်ပါ” လို့ ထိုက်ထိုက်က ပြောပါတယ်။ ထိုက်ထိုက်က သူမရဲ့ စီးရီး ခွေထွက်ရှိမယ့်အောက်တိုဘာလ ၁၃ ရက်နေ့မှာတော့ အမှတ်တရ အဖြစ် လှည်းတန်းစင်တာမှာ ညနေ ၆နာရီကစတင်ကာ အနုပညာညီအစ်ကို မောင်နှမများနဲ့အတူ အမှတ်တရ ဖျော် ဖြေပွဲတစ်ခုကို ပြု လုပ်သွားဦးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
P-054