Friday, May 23, 2025

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့တွင် ကျောင်းအပ်နှံသူ...

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့ဖြစ်သည့် ယမန်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျောင်းအပ်နှံသူဦးရေ ၁,၂၄၈,၁၂၃ ဦးရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ ၂၀၂၅ -၂၀၂၆...

တရုတ်ဝန်ကြီးချုပ် အင်ဒိုနီးရှား၊ မလေးရှားသွားမည်၊ အာဆီယံ–ဂျီစီစီ–တရုတ်...

ပေကျင်း၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို၏ ဖိတ်ကြားချက်အရ တရုတ်ဝန်ကြီးချုပ် လီကျွင်းသည် မေလ ၂၄ ရက်‌နေ့မှ ၂၆ ရက်...

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက်ဆွေးနွေး

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ...

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...
HomeCelebrities' Newsရိုက်ကွင်းပေါ်မှာ သရဲဝင်ပူးတာ ကိုယ်တိုင်မြင်တွေ့...

ရိုက်ကွင်းပေါ်မှာ သရဲဝင်ပူးတာ ကိုယ်တိုင်မြင်တွေ့ ခဲ့ရတဲ့ ဆုအိမ့်စံ

Su-Eain-Sanဒါရိုက်တာစွမ်းပိုင် ရိုက်ကူးနေတဲ့ ‘One Night In The Old House’  ဆိုတဲ့ သရဲဇာတ်ကားမှာ ကျောင်းသူတစ်ဦးနေရာက ပါဝင်သရုပ်ဆောင်ထား တဲ့ ဆုအိမ့်စံက ဇာတ်ကားရိုက်ကူးနေစဉ် သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ အခုလို ပြောပြပါတယ်။

“ဒီဇာတ်ကားကတော့ ဆုဆုဘဝအတွက် အမှတ်တရပါပဲ။ ဆုဆုတို့ ရိုက်ကူးနေကြရင်းနဲ့ သရဲဝင်ပူးခံရတာတွေ ကြုံရတယ်။ ကိုယ်တိုင်လည်း တစ်ခါမှ မကြုံဖူးတဲ့အတွက် ဘယ်ပြေးလို့ ပြေးရမှန်း မသိဘူး။ တော် တော်လည်း ကြောက်သွားတယ်။ တစ်ယောက်တည်း ဝင်ပူးတာမျိုး မဟုတ်ဘဲ သုံးလေးငါးယောက် ဝင်ပူးခံရတာဆိုတော့ ပိုဆိုးတာပေါ့။ ဆုဆုလည်း ဘုရားစာတွေရွတ်တာ တအားပါပဲ။ အရင်က ကိုယ်တိုင်မကြုံဖူးတော့ မယုံခဲ့ဘူး။ တကယ်တမ်း ကိုယ်တိုင်ကြုံတွေ့မိတဲ့အချိန်မှာ ဒါမျိုးက တကယ်ရှိပါလားဆိုပြီး သိသွားတယ်။ ဒီဇာတ်ကားအတွက်လည်း ခရီးသွားကြရဦးမှာဆိုတော့ ကားပေါ်မှာ သားငါးတွေ မသယ်နဲ့၊ ဘုရားစာရွတ်၊ ကျောင်းသားတွေလည်းပါတော့ သူတို့လည်း စကား ပြောဆင်ခြင်။ စိတ်ဓာတ်မာဖို့တွေလည်း လိုအပ်ပါတယ်”လို့ ပြောပါတယ်။

လက်ရှိမှာ ဆုအိမ့်စံကို ဟာသဇာတ်ကားတော်တော်များ များမှာ ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ဆုအိမ့်စံ ကိုယ်တိုင်ကလည်း ဟာသရယ်၊ ဒရာမာရယ်မခွဲဘဲ ကာရိုက်တာ အစုံကို ကြိုးစားကြည့်ချင်တယ်လို့ ဆိုပါတယ်။

“ဆုဆု ပုပ္ပါးဘက်မှာ ‘ဖေ့စ်ဘုတ်ရွာ -၂’ ရိုက်ကူး ထားပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ကိုကျော်ရဲအောင် ရဲ့ညီမ တောသူလေး နေရာက ပါ။ နောက်ထပ်လည်း ဆုဆုပါဝင်သရုပ်ဆောင်ထားတဲ့ ‘ဘော်ဘော်ကထှော်၊ သရဲသင်္ဘော’ ဆိုတဲ့ဇာတ်ကားတွေ ရုံတင်ပြသ ဖို့ရှိပါတယ်။ ဆုဆုလည်း ဇာတ်ကားတွေ အများကြီးရိုက်ကူးထား တယ်။ နောက်ပြီး ကာရိုက်တာ အစုံလည်း ရိုက်ကူး ကြည့်ချင်ပါ တယ်။ ဟာသရယ်၊ ဒရာမာရယ် မှမဟုတ်ပါဘူး။ အတတ်နိုင်ဆုံး ကြိုးစားချင်တယ်။ ရုံကြီးဇာတ်ကားတွေအပြင် ဗီဒီယိုဇာတ်ကားတွေ လည်း ဆုဆု ပါဝင်သရုပ်ဆောင် ရိုက်ကူးထားပါတယ်”လို့ ပြောပါ တယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ – အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071