Thursday, February 12, 2026

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC...

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍...

မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ်...

မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌...

မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ...

ရင်ခုန်နေကြသည့် ချစ်သူများနေ့

ချစ်သူများနေ့ရောက်ရှိတော့မည်ဖြစ်ရာ ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများ၌ ချစ်သူများနေ့အထိမ်းအမှတ်ပစ္စည်းများရောင်းချလျက်သည့် မြင်ကွင်းများ
HomeCelebrities' Newsနှင်းဆီအဖွဲ့သားတွေနဲ့အတူ သရုပ်ဆောင်ရမယ့် ဇွန်လေးဖြူ

နှင်းဆီအဖွဲ့သားတွေနဲ့အတူ သရုပ်ဆောင်ရမယ့် ဇွန်လေးဖြူ

Zune-Lay-Phyu

ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးပြီး နှင်းဆီအဖွဲ့ သားများပါဝင်မယ့် Rose Rider (နှင်းဆီစီးခြင်း) ရုပ်ရုင်ဇာတ်ကားမှာ မျက်နှာသစ် မင်းသမီးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ဖို့အတွက် ရွေး ချယ်ခံရသူကတော့ ဇွန်လေးဖြူပဲဖြစ်ပါတယ်။ ဇွန်လေးဖြူက ဒါရိုက်တာ မောင်မျိုးမင်းတို့ ရွေးချယ်ထားတဲ့ မင်းသမီးသစ် ၅ဦးထဲကမှ ဒီဇာတ်ကားရဲ့ ဇာတ်ကောင်နဲ့ လိုက်ဖက်မှုရှိမယ့်သူ့အဖြစ် သတ်မှတ်ပြီးရွေးချယ်ခံရခြင်း ဖြစ်ပါတယ်။ အခုလို ရွေးချယ်ခံခဲ့ရတဲ့အတွက် ဇွန်လေးဖြူရဲ့ ရင်တွင်းပီတိ စကားသံက”မထင်ထားဘူးလေ။ ၅ယောက်ထဲက ကိုယ်ဖြစ်နေမယ်လို့ မထင် ထားဘူး။ ကျန်တဲ့တစ်ယောက်ယောက် ရလိမ့်မယ်လို့ပဲထင်ထားတာ။ အဲဒါ ကြောင့်ပြောမပြတတ် အောင် တအားပျော်ရပါတယ်။ ရင်လည်းခုန်ပါတယ်။ ဒီဇာတ်ကားအတွက်ဝင်ပြိုင်တဲ့အခါမှာ တော်တော်ကြိုးစားရပါတယ်။ လူတွေ့ စစ်တုန်းက အမှားအယွင်း မရှိအောင်တတ်နိုင်သမျှ ကြိုးစားခဲ့ရတယ်။ နောက်ပြီးတော့ ဆရာတို့က ၅ယောက်ရွေးလိုက်တယ်။ ၅ယောက် ရွေးပြီး သင်တန်း ၂ လပေးတယ်။ အဲဒီအတောအတွင်းမှာလည်း ဘယ်သူ့ကို ရွေးမလဲဆိုပြီး ရင်တထိတ်ထိတ်နဲ့ စောင့်နေခဲ့ရတယ်။ ဘယ်သူ့ရွေးမလဲပေါ့ နော်”လို့ ပြောပြပါတယ်။

သရုပ်ဆောင်အလုပ်ကိုဝါသနာပါပေမဲ့ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက် ရင်တော့ အတွေ့အကြုံ မရှိဘဲအစိမ်းသက်သက် ဖြစ်နေကြောင်း ဇွန်လေး ဖြူက ပြောပြပါတယ်။ အဲဒီအတွက်ကြောင့်လည်း ဝါရင့်အနုပညာရှင် တွေဖြစ်ကြတဲ့ မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ ရဲလေး တို့နဲ့အတူရိုက် ကူးတဲ့အခါအမှားဖြစ်သွားမှာ သူတို့ စိတ်ပျက်သွားမှာ တအားစိုးရိမ်ရကြောင်းကို ဇွန်လေးဖြူက အခုလိုပြော ပြပါတယ်။

“ညီမက အများကြီးကြိုးစားရမယ်။ ဘာလို့ လဲဆိုတော့ ညီမက သရုပ်ဆောင် ပိုင်းနဲ့ပတ် သက်ရင်လုံးဝကိုအစိမ်း သက်သက် ဖြစ်နေ တယ်။ အခုတွဲရိုက်ရမယ့် သူတွေက လည်း တကယ့်ဝါရင့် အစ်ကိုတွေ ဆိုတော့ လေ။ သူတို့နဲ့က တအားကြီး ကွာနေတယ် လေ။ အဲဒီတော့ တအားပြောစရာဖြစ်မှာကို လည်း စိုးတယ်။ ဒီမင်းသမီးက တအားချာ တယ်လို့ အပြောခံရမှာလည်း ကြောက်တယ်။ တအားတော်တဲ့အစ်ကိုတွေ နဲ့ရိုက်ကူးတဲ့ အခါမှာအမှားပါ သွားမှာလည်းစိုးတယ်။ သူတို့ စိတ်ပျက်သွားမှာ လည်းစိုးတယ်။ ပြီးတော့သူ့ကို ရွေးချယ်လိုက် တာ မှားသွားပြီလို့ ဖြစ်သွားမှာ လည်း ကြောက်ပါတယ်။အဲဒီ့ တော့ သရုပ်ဆောင်ပိုင်းကိုတအားကြိုးစားရမယ်။ ဒီ ဇာတ်ကားအတွက်ကို တော့ပြင်ဆင်မှုကဘာမှ တော့ မလုပ်ရသေးဘူး။ဘာလို့လဲဆိုတော့ ဒီ ဇာတ်ကားအတွက်က အခုမှ သိရတာဆိုတော့ လေ။ တကယ်ရိုက်ပြီ ဆိုရင်တော့ဆရာတွေ ရဲ့သင်ပြမှုတွေနဲ့ အ ကောင်းဆုံး ကြိုးစား သွားမှာပါ။ ကြည့်ရှု မယ့်ပရိသတ်တွေ အ နေနဲ့ကလည်း အခုမှ သရုပ်ဆောင်အသစ်ဖြစ် တဲ့အတွက်သည်းခံနားလည် ပေးကြဖို့ပြောချင်ပါတယ်” လို့ သူ့ရဲ့ ပထမဆုံးရိုက်ကူး မယ့်ရုပ်ရှင်ဇာတ်ကားနဲ့ ပတ် သက်ပြီးလည်း ပြောပြခဲ့ပါ တယ်။

ဇင်မာနွယ်
ဓာတ်ပုံ – အောင်ဇော်မငိး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071