Tuesday, December 16, 2025

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...

ယူကရိန်းသည် ‘နယ်မြေကို ဆုံးရှုံးပြီးသား’ ဟု...

ယူကရိန်းသည် ၎င်း၏ နယ်မြေအချို့ကို ဆုံးရှုံးပြီးသားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် စီစဉ်ထားသော လုံခြုံရေးအာမခံချက်များသည် ကိယက်ဗ်မှ နယ်မြေဆိုင်ရာ...
HomeCelebrities' Newsနှင်းဆီလူရွှင်တော်ငါးယောက်နဲ့ အပြင်ကဆက်ဆံရေးကိုပြောပြလိုက်တဲ့...

နှင်းဆီလူရွှင်တော်ငါးယောက်နဲ့ အပြင်ကဆက်ဆံရေးကိုပြောပြလိုက်တဲ့ သရုပ်ဆောင် ဖူးစုံ

သရုပ်ဆောင် ဖူးစုံကတော့ မကြာသေးမီက သူမပါဝင်တဲ့ နှင်းဆီအဖွဲ့နဲ့အတူ ရခိုင်ဒေသ ပြန်လည်ဖွံ့ဖြိုးရေးအတွက် ကပြဖျော်ဖြေကြတဲ့ “နှင်းဆီနယ်နိမိတ်”အငြိမ့်မှာ ကပြဖျော်ဖြေခဲ့ပါတယ်။ ခုလို့ ပရဟိတပွဲမှာ ကပြဖျော်ဖြေရတဲ့အတွက် လည်း ဝမ်းသာပီတိဖြစ်ရပြီး သူမအနေနဲ့ ပရဟိတနဲ့ ပတ်သက်တဲ့ပွဲတွေမှာ ကပြဖျော်ဖြေဖြစ်ကြောင်းလည်း ပြောပြခဲ့ပါ တယ်။

နှင်းဆီအဖွဲ့ရဲ့ ဆယ့်စုနှစ်တစ်ခုတိုင် စည်းစည်းလုံးလုံးနဲ့ ပရိသတ်အားပေးမှုရရှိတဲ့ အကြောင်းရင်းများကိုလည်း ခုလိုပြောပြခဲ့ပါတယ်။ “စည်းစည်းလုံးလုံးနဲ့ ဆယ့်စုနှစ်တစ်ခုကျော်ထိ ပရိသတ်အားပေးမှုရရှိဖို့ ပါဝင်တဲ့ အဖွဲ့ဝင်တွေအနေနဲ့လည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မူတွေ ယူရတာ ပေါ့နော်။ ဦးမျိုးဆိုလည်း အားလုံးကို သားတွေသမီးတွေလိုပါပဲ၊ ဒီလိုလေးတွေ လုပ်ရအောင်၊ ဒီပွဲလေးကရအောင်ဆိုပြီး အဲ့ဒီလိုမျိုးတွေရှိပါတယ်။ အဖွဲ့လိုက် နိုင်ငံခြားတွေလည်း သွားကြတယ်။ ခရီးတွေလည်းသွားကြတယ်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေရကြတယ်။ ချစ်ခင်ရင်းနှီးမူတွေ လည်း ရှိကြပါတယ်။ အားလုံးလည်း မောင်နှမလိုဖြစ်သွားကြတဲ့အတွက် ပရိသတ်တွေလည်း ပိုလက်ခံလာတယ်လို့မြင်ပါတယ်။ နှင်းဆီမင်းသမီး လေးယောက်နဲ့ နှင်းဆီလူရွှင်တော် ငါးယောက်ဆိုလည်း မောင်နှမလိုဖြစ်နေတော့ စင်မြင့်ထက်မှာတောင် မဟုတ်ပါဘူး။

အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် စကြနောက်ကြတာတွေရှိပါတယ်” လို့ ပြောပြခဲ့ပါတယ်။ သူမကတော့ လတ်တလောမှာရုပ်သံဇာတ်လမ်းတွဲတွေ ဆက် တိုက်ရိုက်ကူးဖြစ်နေပြီး ကြားထဲမှာ Video ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ လက်ရှိ ဠငိနသ ဈေးကွက်ပျက်နေချိန်မှာ ရုပ်သံဇာတ်လမ်းတွဲတစ်ခေတ် ဖြစ် လာတာက အနုပညာလောကသားတွေအတွက် ကောာင်း ကျိုးများကိုလည်း ဆက်လက်မေးမြန်းခဲ့ရာ . . .

“အဓိက ကတော့ ဇာတ်လမ်းတွဲတွေ ရိုက်နေရတဲ့ အတွက် အလုပ်မပြတ်ဘူးပေါ့။ နိုင်ငံခြားသားတွေနဲ့ ရိုက်ရတဲ့ ဇာတ်လမ်းတွဲတွေဆိုရင် အနည်းဆုံး ၅ လ ၆ လ လောက်ကြာတယ်။ ဇာတ်လမ်းတွဲတွေရိုက်နေ တဲ့ ကြားထဲမှာလည်း သူတို့နဲ့ တိုင်ပင်ပြီး Video ဇာတ် ကားတွေ ရိုက်တာတွေလည်းရှိပါတယ်။ အဲ့ဒီလိုဖြစ်တဲ့ အခါကျတော့ အစ်မတို့ ဇာတ်လမ်းတွဲရိုက်နေရင်းနဲVideo ကားတွေလည်းရိုက်လို့ရတာပေါ့နော်။ ဇာတ် လမ်းတွဲနဲVideo ကားရိုက်တာကတော့ မတူပါဘူး။Video ကားရိုက်တာကတော့ ရက်တိုနဲ့ပြီးတဲ့အတွက် ဇာတ် ကောင်တစ်ခုကိုလည်း ရက်တိုလောက်ပဲ စိတ်ထဲတည့် ရုံပဲ။ ဇာတ်လမ်းတွဲကကျတော့ လနဲ့ချီပြီး ရိုက်ရတာဖြစ် တဲ့အတွက် ဇာတ်ကောင်တစ်ခုကို အကြောကြီး မွေးထားရပါတယ်။ အဲ့ဒီဇာတ်ကောင်နဲ့ပတ်သက်တဲ့ အဝတ်အစားအပြောအဆိုတွေ အကုန်ထိန်းထားရပါ တယ်” လို့ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်

ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071