ကိုရန်လေးလို့ ချစ်စနိုးခေါ်ဝေါ်ကြတဲ့ အကယ်ဒမီများရှင် ရန် အောင်ဆိုရင် အောင်မြင်မှုတွေအများကြီးရရှိပြီးပြီ။ သို့သော် သူကြိုးစားနေတုန်း။ အဲဒီလို ကြိုးစားနေလို့လည်းထပ်မံရရှိလာဦးမယ့် အောင်မြင်မှုက သူ့အတွက်ဖြစ်နေ တာပါ။ သူပြောတဲ့စကားလေးကမှတ်သားစရာပါ။ မိမိလုပ်နေတဲ့ အ လုပ်အပေါ် အကောင်းဆုံးပေးဆပ်တယ်။ သို့သော် ဘယ်တုန်းကမှ ကျေနပ်တယ်လို့ မထင်ခဲ့ပါဘူးတဲ့။
”ကျွန်တော့်အနေနဲ့ဆိုလို့ရှိရင် ကျွန်တော်ပါဝင်ရိုက်ဖူးသမျှ ဇာတ်ကားတွေထဲမှာ ကျွန်တော်ကရိုက်ပြီးလို့ရှိရင် ဘယ်တော့ မှအားရတယ်လို့ကိုမရှိပါဘူး။ ကိုယ့်ဘာသာကိုယ် ဘယ်တော့ မှ ကောင်းတယ်လို့ကို မထင်တာ”လို့ ရန်အောင်က ပြောပါ တယ်။ ရန်အောင်ပါဝင်သရုပ်ဆောင်ထားတဲ့ ‘ဝိညာဉ်စိမ်း’ ရုပ်ရှင်ဇာတ်ကားကြီးကတော့ရုံတင်ပြသနေပြီ။ သူကတော့ မှတ်ချက်ဒီလိုပေးတယ်။
”ကျွန်တော်ကတော့ ပရိသတ်တွေအားလုံးကို လာ ကြည့်စေချင်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ဘာ သာအားလုံးအတွက် အယူအဆကောင်းတစ်ခုလို့ ကျွန် တော်မြင်ပါတယ်။ လူတွေမသေခင်မှာ ထားရမယ့်စိတ် ကလေးတွေ၊ ဖြူဖြူစင်စင်ထားရမယ့်၊ စိတ်ကောင်းရှိရ မယ့်ဟာ၊ အကုသိုလ်နည်းအောင်နေဖို့၊ ထိုင်ဖို့၊ အဲဒီလို ဟာလေးတွေပြောသွားတာကတော့ အတုယူသင့်တယ်။ ဝိညာဉ်စိမ်း ဆိုတာကလည်း ဗုဒ္ဓဘာသာမှာဆိုရင် ဖြစ် လေ့ဖြစ်ထရှိတဲ့ အလေ့အထကိုလည်း ပေါ်လွင်အောင် ရိုက်ကူးထားတယ်လို့ ကျွန်တော်မြင်ပါတယ်။ ကြည့်ပြီး လို့ရှိရင် ပရိသတ်ကလည်းရသတစ်ခု ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ဆိုပါတယ်။ ကောင်းမွန်တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဆိုတော့ ဘယ် သူ့ကို အကယ်ဒမီမှန်းထားလဲဆိုတာကို ရန်အောင်က အခုလိုဖြေသွားပါတယ်။
”အကုန်လုံးရနိုင်တာပဲ။ ဇာတ်ညွှန်းလည်းရနိုင်တယ်။ ဓာတ်ပုံလည်းကောင်းပါတယ်။ သရုပ်ဆောင်တွေလည်း သူ့ဟာနဲ့သူ ထောင့်စေ့ပါတယ်ဗျ”လို့ ရန်အောင်က ပြောပါတယ်။
”လက်ရှိပါဝင်သရုပ်ဆောင်ရိုက်ကူးနေတာက ဇာတ်လမ်းတွဲပါ”လို့ဆိုတဲ့ ရန်အောင်ကို ‘ဝိညာဉ်စိမ်း’ ရိုက်ကူးခဲ့စဉ် ထူးခြားမှုတွေ အကြောင်းကိုလည်း မေးမြန်းဖြစ်ခဲ့ပါတယ်။
”ထူးခြားမှုရှိတယ်။ ဝိညာဉ်ဇာတ်ကားရိုက်ကူးတယ်ဆိုတော့လည်း ညဘက်မှာရိုက်ကူး ရတာကိုး။ သူတို့တွေကလည်း သူတို့ရှိတယ်ဆိုတာကိုတော့ အချက်ပေးတာပေါ့လေ။ ကျွန်တော်တို့ ဇာတ်ကားမှာရိုက်ကူးတဲ့ အိမ်ကြီးဆိုရင်လည်း ပုပ္ပါးကဗိုလ်တဲမှာ။ အဲဒီ ဗိုလ်တဲက လည်း ဝိညာဉ်ရှိတယ်ဆိုပြီး နာမည်ကြီးတယ်။ ဇာတ်ကားထဲမှာ ဆက်တင်လုပ်ထားတဲ့ ရေကန် ကြီးနဲ့ ညောင်ပင်ကြီးရှိတယ်။ ဒါပေမဲ့ အဲဒါက သင်္ချိုင်းအစစ်မဟုတ်ဘူး။ ဆက်တင်လုပ်ထားတာ ရေကန်နဲ့ ညောင်ပင်ကြီးပေါ့လေ။ ညောင်ပင်ကြီးကလည်း အဲဒီလိုနတ်ကြီးတယ်ပေါ့။ ဟိုးအရင် တုန်းကဆိုရင် အပေါ့တွေဘာတွေသွားလို့မရဘူး။ အဲဒီလိုနေရာမျိုးမှာလုပ်တယ်ဆိုတော့ တောင်းပန်ပြီးတော့ လုပ်ရတာပေါ့လေ။ အစောင့်ကြီးတယ်ပေါ့နော်။ ဒီဇာတ်ကားမှာဆိုလို့ရှိရင် Ending အခန်းတွေဆိုလို့ရှိရင် သားတွေ ကန်တော့တယ်ပေါ့။ လေတွေက တအားတိုက်တာ လေ။ အဲဒါက ပန်ကာနဲ့မှ မှုတ်လို့မရတာ။ ညောင်ပင်ကြီးတစ်ပင်လုံးတောင် လှုပ်ခါနေတာ ဆိုတော့တကယ့်လေက ဇာတ်ပို့ပေးတာပေါ့ဗျာ။ ဇာတ်ကလေးပိုကောင်းအောင်လို့ ရာသီဥတုက လည်း ဖန်တီးပေးတယ်လို့ ကျွန်တော်မြင်ပါတယ်”လို့ ရန်အောင်က ပြောပါတယ်။ ဒါဆို ဒီဇာတ် ကားကို ရုပ်ရှင်ပွဲတော်တွေမှာ ပြသရင်ကောလို့ဆိုတော့ …
”ဒါဟာ လူတိုင်းမှာ အမြဲတမ်းဖြစ်နေမယ့် အလေ့အထတစ်ခု။ ပြီးတော့ လူတိုင်းမှာရှိ သင့်တဲ့ ခံယူချက်တစ်ခုဆိုတော့ လူတွေအားလုံးနဲ့ နီးစပ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါ ကြောင့်မို့လို့ နိုင်ငံတကာပွဲတွေမှာပြရင်လည်း အောင်မြင်လိမ့်မယ်၊ နားလည်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ရန်အောင်က ပြောပြခဲ့ပါတယ်။
မျိုးမောင်၊
ဓာတ်ပုံ-အောင်ဇော်မင်း