Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeCelebrities' NewsCover Newsမြန်မာပြည်မှာ မိသားစုပြန်ဆုံစဉ် အပန်းဖြေခရီးတွေ...

မြန်မာပြည်မှာ မိသားစုပြန်ဆုံစဉ် အပန်းဖြေခရီးတွေ သွားဖြစ်မယ့် နိုင်းနိုင်း + စန္ဒီချို တို့မိသားစု

nn1

အမေရိကန်နိုင်ငံကနေ အလည်ပြန်လာတဲ့ ဇနီးနဲ့ သားသမီး တွေကို ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက် ၁ဝ နာရီခွဲက ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ သရုပ်ဆောင်နိုင်းနိုင်း ကိုယ်တိုင် သွားရောက်ကြိုဆိုခဲ့ပါတယ်။ နိုင်းနိုင်းရဲ့ဇနီး စန္ဒီချို၊ သားသမီး ၄ယောက်နဲ့ အတူ  စန္ဒီချို ရဲ့ ညီမနဲ့ မိဘနှစ်ပါးလည်း လိုက်ပါလာပြီး ကလေးတွေက ခရစ္စမတ်နဲ့ နယူးရီးယား ကျောင်းပိတ်တာကြောင့် အလည်ပြန် လာခြင်းဖြစ်ကာ ဇန်နဝါရီလ ၁၇ ရက်နေ့အထိ မြန်မာနိုင်ငံမှာနေထိုင်မှာဖြစ်ကြောင်း သိရပါတယ်။ လေဆိပ်မှာ လာကြိုတဲ့ ဖခင်ကို   မြင်မြင်ချင်းပြေးဖက်ကြတဲ့ သားနဲ့သမီးတွေရဲ့ မြင်ကွင်း ကို မြင်တွေ့ရတာကလည်း အင်မတန် ကြည်နူးပီတိဖြစ်စရာ ကောင်း လှပါတယ်။ စန္ဒီချိုနဲ့ သားသမီးတွေ မြန်မာနိုင်ငံ မပြန်လာဖြစ်တာ သမီးငယ်လေး Emereece တစ် သက် ၃ နှစ်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံ ကို ရောက်ရှိနေတဲ့ အချိန်အတွင်းမှာ ကျိုက်ထီရိုး၊ ငပလီ၊ ပြင်ဦးလွင်နဲ့ အချိန်ရရင်ရသလို မိသားစုအပန်းဖြေခရီးတွေ သွား ဖြစ်မယ်လို့   နိုင်းနိုင်းက ပြောပါတယ်။

nn2

၇ နှစ်အရွယ် သမီးကြီး Floreece Cho Latt   က ၂ တန်း၊ ၅ နှစ်အရွယ် သား Anderson Cho Latt  က မူလတန်း၊ ၄ နှစ်အရွယ် တတိယမြောက်သမီး Emerida Cho Latt  က မူကြိုတက်နေပြီး သမီးအငယ်ဆုံးလေး Emereece Cho Latt က ၃ နှစ်သာရှိသေးတဲ့ အတွက် ကျောင်းမနေသေးဘူးလို့ သိရပါတယ်။

nn

“အကြီးနှစ်ယောက်က လောလောဆယ် ကျောင်းတွေ ခရစ္စမတ်ပိတ်ထားလို့ လာလည် တာပါ။ ဒီမှာ ၂ ပတ်ဆိုတော့ ရက်ရှည်ဖြစ်တဲ့အ တွက် ကျောင်းပျက်ရတယ်။ ခွင့်လည်းယူထား ပါတယ်။ ကျွန်တော့်အမျိုးသမီးလည်း မြန်မာ ပြည် မရောက်တာ ၃ နှစ်လောက်ရှိပြီ။ အငယ် ဆုံးလေး တစ်သက်ပေါ့။ ဒီကို တခြားကိစ္စတွေနဲ့ ပြန်ရောက်လာ တာပါ။ မရောက်တာကြာပြီဖြစ်တဲ့ ကျွန်တော့်အမျိုး သမီးလည်း ရန်ကုန် မြို့နဲ့ ကင်းကွာသွားတာ ၃ နှစ် လောက်ရှိပြီဆိုတော့ သူ့အတွက် မြင်မြင်သမျှအား လုံးက သွားရည်ယိုစရာတွေ ဖြစ်နေပါလိမ့်မယ်” လို့ နိုင်းနိုင်းက ရယ်မောစွာ ပြောပြခဲ့ပါတယ်။

ကြည်နူးပျော် ရွှင်စရာကောင်းလှတဲ့ နိုင်းနိုင်း တို့မိသားစုကို ပရိသတ်တွေအားလုံးက အားကျ နေကြပြီး ချစ်ခင်အားပေးကြပါတယ်။

မိသားစု နဲ့ နိုင်ငံခြားပြီး တကွဲတပြားမှာ နေထိုင်နေ ရပေမယ့်လည်း ကြည်နူးပျော်ရွှင်စွာ နေ ထိုင်နိုင် ဖြစ်ပုံကိုတော့ နိုင်းနိုင်းက ..

“ကျွန်တော်ဆိုရင် သွားလိုက်၊ ပြန် လိုက်ပဲ။ တစ်နှစ်မှာဆိုရင် နှစ်ခေါက် လောက် သွားလိုက်၊ ပြန်လိုက် လုပ် တယ်။ သူဆိုရင် ၃ နှစ်   မြောက်မှာ ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံကို ပြန်ရောက်လာခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့တွေက အနေဝေး ကြပါတယ်။ တစ်ခါ တလေကျ တော့လည်း ရန်တွေလည်း ဖြစ် ကြပါတယ်။ မဖြစ်ဘူးဆိုတာမရှိ ပါဘူး။ ဒါပေမဲ့ ရန်ဖြစ်လည်း ခဏပါပဲ။ ရန်ဖြစ်တဲ့ အကြောင်း အရာကလည်း ထွေထွေထူးထူး မရှိပါဘူး။ ဒီလိုပဲ သားသမီးကိစ္စ၊ ဟိုကိစ္စ၊ ဒီကိစ္စတွေ ဖြစ်တာများ ပါတယ်။ ဒါပေမဲ့ ဒါတွေက သေးသေး မွှားမွှားပါပဲ။ အဓိကတော့ တစ်ယောက် နဲ့ တစ်ယောက် အချိန်ပေး မှု၊ နားလည်ပေးမှု၊ ကြင်နာ ပေးမှုတွေနဲ့ မိသားစုလေးကို ကလေးေ လးတွေကအစ ဂရုတစိုက်နဲ့ ထိန်းကျောင်းပါတယ်။ ကျွန်တော်တို့မှာ ဘေး အကူ ဆိုလို့ တခြားအကူတွေသိပ်မရှိပါဘူး။အဘိုး၊ အဘွားတွေ အားရင်လည်း ထိန်းပေးပါတယ်။ ကျွန် တော့် အမျိုးသမီးက ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ ကလေးတွေလည်း သူပဲ ဂရုတစိုက် ထိန်းပေးတယ်။ ကျွန် တော်တို့ ဒီလိုဘဝတွေကို ဖြတ်သန်းနေတာက အဓိက တော့ နားလည်မှုပါပဲ။ နောက်တစ်ခုက သားသမီးတွေကို အချိန်ပေးနိုင်မှု၊  မိသားစုကို အချိန်ပေးနိုင်မှုတွေ အများ ကြီးပါပါတယ်လို့ ကျွန်တော် ထင်ပါတယ်။  တခြားသော မိသားစု တွေလည်း ချစ်ဖို့ကောင်းမှာပါ။ ကိုယ့်မိသားစုကို ကိုယ်ချစ်ကြတာ ဓမ္မတာပါပဲ” လို့ပြောပါတယ်။

နိုင်းနိုင်းက ကလေးတွေကို တတ်နိုင် သလောက် ဂရုစိုက်ဖြစ်ပေမယ့် အဓိက ဂရုစိုက်ပံ့ပိုး ထိန်းကျောင်း ပေးတာကတော့ သူ့ရဲ့အမျိုး သမီးပါပဲ လို့ ပြောပါတယ်။

“ကလေးတွေက ငယ်သေးတဲ့အတွက် ကျွန်တော်ကတော့ ပညာရေး၊ ကျန်းမာရေးတွေပဲ ဂရုစိုက်ပါတယ်။ ကျွန်တော့်အမျိုးသမီးလည်း ဂရုစိုက်ပါတယ်။ ကျွန်တော်ဂရုစိုက်တယ်ဆို တာက သူ့လောက်တော့ အနီးကပ် စောင့်ရှောက် ခွင့်မရဘူး ပေါ့။ ကျွန်တော်သွားတဲ့ အချိန်မှာ ဂရုစိုက်ဖြစ်တယ်။ အဓိက ဂရုစိုက် တာက ကျွန်တော့် အမျိုးသမီးပါ။ သူက ပညာရေးရော၊ ကျန်းမာရေး ရော နှစ်ခုစလုံး ဂရု စိုက်တယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071