ဟာသဇာတ်ရုပ်ပဲဖြစ်ဖြစ်၊ ဒရာ မာဇာတ်ရုပ်ပဲဖြစ်ဖြစ် ဘယ်ဇာတ် ကောင်ကာရိုက်တာမဆို ပီပြင်လွန်း အောင် သရုပ်ဆောင်နိုင်သူကတော့ သရုပ်ဆောင်ခင်လှိုင်ပါ။ သူကတော့ အခုလက်ရှိ ရုံတင်ပြသလျက်ရှိတဲ့ ‘မင်္ဂလာခုတင်’ ရုပ်ရှင်ဇာတ်ကားမှာ မြင့်မြတ်။ ကျော်ကျော်ဗို၊ ဝတ်မှုံရွှေ ရည်၊ ကိုပေါက်စတဲ့ သရုပ်ဆောင်တွေ နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်တဲ့ အမှတ်တရအကြောင်းလေးတွေကို သရုပ်ဆောင် ခင်လှိုင် ပြောပြတာ ကတော့…
” အမှတ် တရအဖြစ်ဆုံးကတော့ နွားနို့ပုံးတင်ပြီး စက်ဘီးစီးရတဲ့ အခန်းပါ။ မန်နေဂျာက စက်ဘီးကို ဘယ်ကဘီးအစုတ်ကြီး ငှားလာလည်း မသိဘူး။ ဘရိတ်က မမိဘူး။ လမ်းမှာ ကုန်းဆင်းလေးတွေကလည်းများ တယ်။ ဘရိတ်က မမိတော့ ခဏခဏ ရှေ့ကနေ ဆီးပြီး ဖမ်းရတယ်။ ခြေထောက်တွေ ဘာတွေ ပဲ့တာတွေရှိတယ်။ စက်ဘီးက တွန်းတာတောင် ယိုင်နေတယ်။ တော်သေးတယ်။ စက်ဘီးစီးက ကျွမ်းတော့ လဲတော့ မလဲခဲ့ဘူး”လို့ ပြောပြခဲ့ပါတယ်။ မြင့်မြတ်သရုပ်ဆောင်တာနဲ့ပတ်သက်ပြီး ဘယ်လို မြင်မိပါလဲဆိုပြီး မေးမြန်းတဲ့အခါမှာတော့ ကိုခင်လှိုင်က –
”သူကဇာတ်လိုက်ပေါ့။ ဘာ လုပ်လုပ် ဇာတ်နဲ့လိုက်တယ်။ ချစ်စနိုးနဲ့ ဇာတ်လိုက် မင်းသားလို့ခေါ်ဝေါ်တာ။ မြင့်မြတ်က စိတ်ထားဖြူစင်တယ်။ အေးအေးချမ်းချမ်းနေတတ် တယ်။ ပျော်တတ်တယ်။ ဘော်ဒါချစ်တတ်တယ်။ ကူညီတတ်တယ်။ သူက လုံးဝ Complaint မရှိတဲ့ မင်းသား။ ဇာတ်ကားတစ်ကား ရိုက်ကူးမယ်ဆိုရင် ဒါရိုက်တာခိုင်း တဲ့အတိုင်းပဲ။ အဲဒီဘောင်ထဲမှာ အကောင်းဆုံးလုပ်တယ်။ သူ့မှာစိတ်တစ်ခုရှိတယ်။ အဲဒီဇာတ်ကားတစ်ကား ရိုက်ကူးနေစဉ်အတွင်း ဘာမှ Complaint မရှိဘူး။ အဲဒီဇာတ်ကား ပြီးသွားရင် သူထပ်မလုပ်တော့ဘူး။ အဲဒီလို လူမျိုးပေါ့။ အမှတ်တရတွေကတော့ အများ ကြီးပါပဲ။ မြင့်မြတ်က တကယ်တော်တဲ့ ဇာတ်လိုက်မင်းသားတစ်ယောက်ပါပဲ”လို့ ပြောပြ ခဲ့ပါတယ်။
ခိုင်ဝါဝင်း