အလှမယ်များနဲ့ Organization တွေနဲ့ကြားမှာ သဘောထားကွဲ လွဲမှုတွေ ပြသနာတွေ များစွာ ကြုံ တွေ့လာတာကြောင့် စာချုပ်ချုပ် ဆိုတဲ့အခါမှာ နားလည်မှုရှိရှိနဲ့ နှစ်ဦးနှစ်ဖက်ညှိနှိုင်း ဖြေရှင်း သင့်တယ်လို့ထင်ကြောင်း အလှမယ် တစ်ဦးဖြစ်သူ ထားထက်ထက်က ပြောပါတယ်။ အလှမယ်များနဲ့ Organization တွေနဲ့ကြားမှာ သဘောထားကွဲ လွဲမှုတွေ ပြသနာတွေ များစွာ ကြုံ တွေ့လာတာကြောင့် စာချုပ်ချုပ် ဆိုတဲ့အခါမှာ နားလည်မှုရှိရှိနဲ့ နှစ်ဦးနှစ်ဖက်ညှိနှိုင်း ဖြေရှင်း သင့်တယ်လို့ထင်ကြောင်း အလှမယ် တစ်ဦးဖြစ်သူ ထားထက်ထက်က ပြောပါတယ်။ “လူတစ်ယောက်နဲ့တစ်ယောက် မတူတော့ သဘောထားကွဲလွဲမှု တွေကတော့ရှိ မှာပဲ။ Miss ဘက်မှာလည်း ရှိမယ်။ Organization ဘက်မှာလည်း ရှိမယ်။ Miss တစ်ယောက်ကို organization ကရွေးချယ်ပြီဆိုရင် စာချုပ်ချုပ်တဲ့ဟာ အဓိကပါ။ Miss ဘက်ကလည်း organization တစ်ဖက်သတ်တည်း သူတို့လိုချင်တဲ့ အချက် အလက်ကြီးပဲ ဖြည့်သွင်းထားတာ ကိုကြည့်ပြီး လက်မှတ်ထိုးစရာ မလိုဘူး။ ကိုယ့်ဘက် ကလည်း ဘာလိုအပ်လဲ၊ ကိုယ်ဘာဖြည့်စွက်ချင်လဲ၊ ကိုယ်ဘယ်အပိုင်းဆို လိုက်လျော နိုင်လဲ၊ ဘယ်အပိုင်းဆို လိုက်မလျောနိုင်ဘူးလဲ။ ဒါကိုတော့ စာချုပ်မချုပ်ခင် သေချာ လေး စာချုပ်ကို နှစ်ဦး သဘောတူ ဖြည့်စွက်စေချင်တယ်။ ပြဿနာလေး တွေကတော့ လူတိုင်းမှာရှိတာပဲ။ အကယ်၍ ပြဿနာ ဖြစ်လာတဲ့အခါ Public ပေါ်မရောက်ခင် မှာ အချင်းချင်း နားလည်မှု ရအောင်လို့ တစ်ဘက်ကလည်း အလျှော့ပေး တစ် ဘက်ကလည်း နားလည်မှုပေး အဲဒီလိုညှိနှိုင်းမယ်ဆိုရင် အကောင်းဆုံးပါပဲ” လို့ Miss Grand Myanmar၂ဝ၁၄ အလှမယ် ထားထက်ထက်က ပြောပါတယ်။
အလှမယ် ပြိုင်ပွဲတွေများစွာ ပေါ်ပေါက်လာတာကြောင့် ပြိုင်ပွဲဝင် ပြိုင်မယ့် ညီမငယ်တွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သေချာ စိစစ်လေ့လာပြီးမှ ယှဉ်ပြိုင် စေချင်ကြောင်းကို အလှမယ် ထားထက်ထက်က…”ပွဲတွေ အရမ်းများ လာတဲ့ အခါ ပရိသတ်ကလည်း ဘယ်ပွဲကိုအားပေး ရမလဲမသိဘူး ဖြစ်လာတယ်။ ပွဲကြီး တာတွေလည်း ရှိသလို သိပ်ပြီး အဆင်မပြေတဲ့ပွဲ၊ မကောင်းတဲ့ပွဲ တွေလည်း ရှိတယ်။ ပွဲတိုင်းကိုလိုက်ပြီး ယှဉ်ပြိုင်နေမယ့် အစား ပြိုင်ပွဲပြိုင်မယ့် ညီမ လေးတွေကို အကြံပေးချင်တာက ကိုယ့် Talent ကဘယ်ပွဲနဲ့ဆို ကိုက် ညီလဲ။ ဘယ်ပွဲကို ကိုယ်ကအဓိက ရည်ရွယ်ပြီး သွားချင်လဲ ဆိုတာကို အဓိက ရည်ရွယ်ချက်ထားပြီး ကြိုးစားစေချင်ပါတယ်” လို့ ပြောပါတယ်။
စိတ်ဝင်တစားနဲ့ စောင့် ကြည့်မိပေမယ့် တချို့တွေကလည်း စီနီယာ အနေနဲ့ အသိအမှတ် ပြုတာမျိုးတွေ မရှိကြောင်း “ကိုယ့်ဆီမှာ ရှိတဲ့ အတွေ့ အကြုံတွေကို ပေးချင်တယ်။ တချို့ကလည်း ကိုယ့်ကိုယ် စီနီယာ တစ်ယောက် အနေနဲ့ လေးလေး စားစား ဖုန်းဆက်ပြီး အကူအညီ တောင်းတာရှိတယ်။ မေးတာရှိတယ်။ တချို့ကျတော့လည်း အဖက်တောင်မလုပ်ဘူး။ ဘာလို့ ဒီလို ဖြစ်တာလဲတော့ မသိဘူး။ Orgazination ပြောင်းတာ လည်းပါတယ်။ အချင်းချင်း သဘောထား ကွဲလွဲတာတွေလည်းရှိမှာပါ”လို့ ထားထက်ထက်က ပြော ပါတယ်။
ခိုင်ဝေလွင်၊
ဓာတ်ပုံ- ရဲလင်းအောင်