Sunday, May 18, 2025

ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော်တွက် မြန်မာပါဝင်ရန်...

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ - တရုတ်စင်တာ (ASEAN-China Centre – ACC) မှ ကြီးမှူး၍ ၂၀၂၅...

8647 ဂဏန်းကို လူမှုကွန်ရက်တွင် တင်သဖြင့်...

သမ္မတဒေါ်နယ်ထရမ့်အား ခြိမ်းခြောက်မှုတစ်ခုဟု စွပ်စွဲခဲ့သော လူမှုကွန်ရက်ပို့စ်တစ်ခုနှင့်ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေးဗျူရို (FBI) ညွှန်ချုပ်ဟောင်း ဂျိမ်းစ်ကိုမီးအား အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဌာန (Secret Service)က စနေနေ့တွင်...

ပထမအကြိမ်ရုရှား-အာရပ်ထိပ်သီးအစည်းအဝေး ပူတင်လက်ခံကျင်းပမည်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အောက်တိုဘာလ ၁၅ ရက် နေ့တွင် ပထမဆုံးအကြိမ် ရုရှား-အာရပ် ထိပ်သီးအစည်းအဝေးပွဲကို ကျင်းပရန်အတွက် အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများမှ...

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကိစ္စများနှင့်ပတ်သက်သည့်ဖြေရှင်းချက်ကို ထိုင်းတပ်မ​တော်က ထုတ်ပြန်

မေလ ၁၇ ရက်နေ့က ထိုင်းတပ်မ​တော် ​ဒေသ ၂ ကွပ်ကဲ​ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Boonsin Phadklang က ထိုင်းပိုင်နက် အမှတ်...
HomeCelebrities' Newsပြိုင်ပွဲစင်မြင့်ထက်က အောင်မြင်မှု အခွင့်အလမ်း...

ပြိုင်ပွဲစင်မြင့်ထက်က အောင်မြင်မှု အခွင့်အလမ်း လူငယ်တို့ အနုပညာ အိပ်မက်

competitionအခုနောက်ပိုင်းမှာ အနုပညာ နယ်ပယ်ထဲ ရောက်ရှိဖို့အတွက် အခွင့် အလမ်း ဖြစ်စေမယ့် ပြိုင်ပွဲတွေ ကျင်းပပြုလုပ်လာကြတာဖြစ်လို့ အရင်က အနုပညာ ရူးသွပ်ပြီး ဖြစ် ချင်စိတ်ကြီးကြပေမယ့် လက်လှမ်း မမီ ဖြစ်ကြသူတွေ အနေနဲ့ အနုပညာ ခရီးဆီ ဦး တည်လျှောက် လှမ်းနိုင် ခွင့်ဖြစ်နိုင်ချေ များစွာ ရရှိသွားကြပြီ ဖြစ်ပါတယ်။ အနုပညာ အိပ်မက် မက်ထားကြတဲ့ လူငယ်တိုင်းလည်း မိမိ တို့အိပ်မက် အကောင်အထည် ဖော်ဖို့ ဘဝရည်မှန်းချက် ပန်းတိုင် ရှိရာဆီ ကိုယ်ကြိုးစားရင် ကြိုးစား သလောက် အခွင့်အလမ်းဆီ အရောက် လှမ်းကာ အောင်မြင်မှု တွေ ရယူ ပိုင်ဆိုင်နိုင်ခွင့်ရှိကြပြီ ဖြစ် ပါတယ်။ ဒီလိုအနုပညာ ကဏ္ဍနဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတွေ ကနေ အနယ်နယ် အရပ်ရပ် မှာရှိတဲ့ ရွက်ပုံး သီးပါရမီရှင် လူငယ် အနုပညာရှင်လေးတွေ ပေါ်ထွန်းလာစေမှာဖြစ် ပြီး နိုင်ငံ့ဂုဏ်ဆောင် အနုပညာရှင် များအဖြစ် ရယူပိုင်ဆိုင်ခွင့် ရရှိကြ မှာဖြစ်ပါတယ်။ ဒါကြောင့် အနုပညာ ကဏ္ဍပြိုင်ပွဲများနဲ့ လူငယ်တွေရဲ့ အနုပညာ အခွင့်အလမ်း ရှိမှုရော၊ အောင်မြင်မှု ရယူနိုင်ဖို့ ဘဝအခွင့် အလမ်းရှိမှုပါ အနုပညာရှင်တို့ရဲ့ ထင်မြင်ယူဆချက် စကားသံတွေ မေးမြန်းကာ တင်ဆင်လိုက်ရပါ တယ်။

နေအဉ္ဇာရာ

ဒီလိုမျိုး အဘက်ဘက်က ပြိုင်ပွဲတွေ ပေါ်လာတာ ကောင်းပါတယ်။ နယ်က ရွက်ပုန်းသီးလေးတွေ အတွက်လည်း တကယ်ကို အဆင်ပြေတယ်။ နယ် ကလူ တွေအတွက် ကိုယ်လုပ်ချင်တဲ့အလုပ်တွေ လုပ်ဖို့ဆိုတာ ရန်ကုန် လောက်မလွယ် ကူဘူး။ အနယ်နယ် အရပ်ရပ်က လူတွေက ဘယ်လောက်ပဲ အစွမ်းအစ ရှိရှိ ထုတ်ပြဖို့ဆိုတာ အခက်အခဲတွေ အမျိုးမျိုး ရှိပါတယ်။ အရင်က ဆို သင်တန်း တက်၊ အဲဒီနောက်မှ အဆက်အသွယ်တွေနဲ့ သွားကြရတယ်။ အခုတော့ နယ်ဘက်တွေမှာပါ ပြိုင်ပွဲတွေ ရှိတာက တက်သစ်စတွေ အတွက် အခွင့်အလမ်း တွေ ပိုပိုပြီး ပေါ်လာတယ်။ ဒီလိုပြိုင်ပွဲတွေက နေနေ့အတွက်လည်း ကျေးဇူး ရှင်ပါပဲ။ နေနေဆိုရင် ဒီအနု ပညာ လောကထဲ စတင်တာက “ပျော်ရွှင် စရာ သရုပ်ဆောင်ကမ္ဘာ”ဆိုတဲ့ အစီအစဉ် နဲ့စခဲ့တယ်။ ဒီပြိုင်ပွဲလေးသာ မရှိခဲ့ ဘူးဆိုရင် အခုအချိန် ဘာဖြစ်နေမလဲဆိုတာ မသိနိုင်ဘူး။ ဒီလိုပြိုင်ပွဲလေး တွေတစ်ခုချင်းဆီ ပြိုင်ရင်းနဲ့ပဲ ဒီအနုပညာ လမ်းကြောင်းပေါ်ရောက် လာတယ်။ အခုလည်း MRTV4 နဲ့ ဇာတ်ကားတွေ ရိုက်ကူးလာရတယ်။ လူငယ်တွေရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်ခွင့်ရဖို့ လမ်းစတစ်ခုပါပဲ။

Sophia Everest

” ပြိုင်ပွဲတွေက ကိုယ့်ကို နေရာတစ်ခု အထိ ဘယ်လို အားပေးသလဲ။ ကိုယ်ဘယ်လောက် အထိ ပရိသတ်ကို ဆွဲဆောင်နိုင်လဲပေါ့။ သီချင်း ဆိုပြိုင်ပွဲ ဆိုရင်လည်း အဆို တစ်ခုတည်းကို ကြည့်လို့မရဘူးပေါ့။ ပရိသတ်တွေက ကိုယ့် အပေါ်မှာ ဘယ်လိုအမြင်ရှိလဲ၊ ချစ်မွှေး ဘယ်လောက်ပါသလဲ။ Talent  ဘယ်လောက် ရှိသလဲ။ အဲဒါတွေ အားလုံးက ပြိုင်ပွဲတွေမှာ တွေ့ရှိနိုင်တယ်ပေါ့ နော်။ ဒါပေမဲ့ အဲဒီပြိုင်ပွဲ တစ်ခုပြီးသွားပေမယ့်လည်း ပရိသတ်ရဲ့ အားပေးမှု မြဲအောင် ထိန်းသိမ်းဖို့ ဆိုတာက ကိုယ့်တာဝန် တစ်ခုဖြစ်တယ်ပေါ့။ အဲဒီတော့ ပြိုင်ပွဲဝင် ပြိုင်တယ် ကောင်းတာပေါ့နော်။ ဝုန်းဒိုင်းဆိုပြီးတော့ ပရိသတ်တွေ အားလုံး၊ တစ်နိုင်ငံလုံး သိသွားတယ်ပေါ့နော်။ ပြိုင်ပွဲဝင်တွေ က တော့ ကိုယ့်ထက်တော်တဲ့ သူတွေ အများကြီး၊ အများကြီး ပေါ်လာဦးမှာပဲ။ အဲဒါကို ကိုယ့်ရဲ့တန်းတစ်ခုကို ထိန်းဖို့ဆိုတာက ကိုယ့် တာဝန် ဖြစ်သွားပြီ။ ဆိုဖီက တော့ ပြိုင်ပွဲတွေ ရှိတာကောင်း တယ်လို့ထင်ပါတယ်။ ဆိုဖီတို့ ဆိုရင်လည်း Myanmar Idol ကနေ ပရိသတ်တွေ သိလာတယ်။ ရှေ့မှာဆိုရင်လည်း  ညီမ စင်ကာပူ မှာကျောင်းသွားတက်တုန်းက I International Star ဆိုတဲ့ သီချင်း ဆိုပြိုင်ပွဲမှာ ဝင်ပြိုင်ဖူးတယ်။ အဲဒီမှာ Korean, Indonesian အကုန်ပါ တယ်။ ဆိုဖီက  Bio Tech ဆိုတော့ ကိုယ့်ဘာသာမှာ မြန်မာ သိပ် မရှိဘူး။ အားလုံးက Foreigner တွေချည်းပဲ။ ဆိုဖီ့ကိုလည်း မြန်မာလို့ သိပ်မထင်ကြဘူး။ အဲဒီမှာ ဝင်ပြိုင်ရင်းနဲ့ နောက်ဆုံး Top 5 ကျတော့မှ မြန်မာ တစ်ယောက် ပါလာမှန်းသိကြတာ။ အဲဒီမှာ Miley Cyrus ရဲ့ The Climb  ဆိုတဲ့သီချင်းလေးနဲ့ နောက်ဆုံး မှာ ချန်ပီယံ ရသွားတာ။

ဇွန်သံစဉ်

အရင်ကတော့ အလှမယ် ပြိုင်ပွဲတွေဆိုရင် ပြည်တွင်းမှာပဲ ရှိခဲ့တယ်။ ပြည်ပပြိုင်ပွဲတွေ အနေနဲ့ ၂ဝ၁၂ ခုနှစ်မှပြန်ပြီး ယှဉ်ပြိုင် လာကြ တယ်။ ဒါကြောင့်မြန်မာအမျိုး သမီး မျိုးဆက်သစ်တွေရဲ့ အလှတ ရားတွေလည်း နိုင်ငံတကာကို ချပြနိုင်မယ်။ ကြိုးစားချင စိတ်တွေလည်း ပိုပြီးတိုးစေတယ်လို့ ညီမ ထင်ပါတယ်။ မြန်မာနိုင်ငံ ဆိုတာကိုလည်း ပိုပြီး ကမ္ဘာက သိစေတယ်။ ဒါကြောင့် ပြိုင်ပွဲတွေ ပေါ်ပေါက် လာတာ ကောင်းပါတယ်။

ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရင်း ပြိုင်ပွဲဝင်တွေ ကိုလည်း ပရိသတ်တွေနဲ့ ပိုပြီး သိလာစေတယ်။ တကယ်လို့ ကိုယ်က ကြိုးစားတယ်၊ ထင်ပေါ် တယ် ဆိုရင် ပရိသတ်တွေလည်း အားပေးမယ်။ ရင်းနှီးမှုတွေ လည်း ပိုပြီးရလာမှာပါ။ နောက်ပိုင်း အနုပညာ လမ်းကြောင်း လျှောက်လှမ်း ဖို့လည်း အထောက်အပံ့ အရမ်းပြုတဲ့ လှေကားထစ် တစ်ခုပါပဲ။ ကိုယ်လုပ်ချင်တဲ့ အနုပညာတွေ လုပ်နိုင်ဖို့ဆိုတာ အရင်ဆုံးပရိသတ်တွေ သိအောင် လုပ်ရတယ်။ ဒီလိုလုပ်ပေး နိုင်တာကလည်း ပြိုင်ပွဲတွေပါပဲ။

အိန်ဂျယ်လမုန်

ညီမက ၂ဝ၁၄ခုနှစ်ထဲမှာပဲ local ပွဲဆိုရင် အော်ရာမင်း F  ပြိုင်ပွဲကို ဝင်ပြိုင်တယ်။ 1st Runner Up ဆုကို ရခဲ့တယ်။ ပြီးတော့ Miss Golden Land Myanmar ပြိုင်ပွဲ ကို ဝင်ပြိုင်တယ်။ အဲဒီပွဲမှာ Miss Intercontinental Myanmar  ဆုကို ရခဲ့တယ်။ ပြိုင်ပွဲ ၂ခုစလုံးမှာ တော့ အခက်အခဲတွေ၊ အတွေ့ အကြုံတွေ၊ သင်ခန်းစာတွေ အများကြီး ရခဲ့ပါတယ်။ ဓာတ်ပုံရိုက်ဖို့ အတွက် မျက်နှာ အနေအထား မနေတတ်၊ မထားတတ်တာတွေလည်း ထားတတ်၊ နေတတ်လာတယ်။ ဒေါက်ဖိနပ် မစီးတတ်တာလည်း စီးတတ်လာ ခဲ့တယ်။ ပြိုင်ပွဲတွေကနေ ရလာတဲ့ ဗဟုသုတ အတွေ့အကြုံတွေကလည်း ကိုယ်လျှောက် လှမ်းတဲ့ အရာတိုင်းမှာ ပြန်လည် အသုံးချလို့ ရတဲ့အရာတွေ၊ အထောက်အပံ့ ကောင်းတွေ ဖြစ်ပါတယ်။

ညီမတို့တုန်းက ပြိုင်ပွဲဆိုတာ စပြီးတော့မ ခေတ်စားလာတဲ့ အချိန်ဆို တော့ ရွေးချယ်စရာ များများစားစား မရှိသေးဘူး။ အခုတော့ ပြိုင်ပွဲတွေ အများ ကြီး ပေါ်ပေါက်လာတယ်။ အဲဒီအတွက် အင်မတန် ကောင်းပါတယ်။ ကိုယ် ကြိုက်တဲ့ ပြိုင်ပွဲကို ရွေးချယ် ယှဉ်ပြိုင် လို့ရ တယ်။ အဲဒီအတွက် ပြိုင်ပွဲ တွေဝင်ပြိုင်ကြပါ။ ပြိုင်ပွဲဝင်ပြိုင်ခြင်း ကနေ အတွေ့အကြုံ တွေရမယ်။ သင်ခန်းစာတွေ ရပါလိမ့်မယ်။ ပြီးတော့ ပြိုင်ပွဲဆိုတာကလည်း အနိုင်၊ အရှုံး ၂ခုပဲ ရှိတဲ့အတွက် အဲဒီအရာ ၂ခု အတွက်ကိုလည်း အကောင်းဆုံး ပြင်ဆင် ထားနိုင်ကြ ပါစေ။ အောင်မြင်မှုတွေရရှိကြပါစေ။

ကျော်ကျော်ဗို

အခုနောက်ပိုင်းမှာ အဘက်ဘက်က ပြိုင်ပွဲတွေပေါ်လာတာ ကောင်းပါတယ်။ ပြိုင်ပွဲ ဆိုတာကလည်း ကိုယ့်အရည်အချင်းကို ထုတ် ဖော်ပြနိုင် တဲ့ နေရာတစ်ခုပါလေ။ မြန်မာစကား “ထင်ပေါ်ရင် စင်တော် က ကောက်”ဆိုတာလည်းရှိတော့ ထင်ပေါ်တဲ့ လူကတော့ စင်ပေါ် ရောက်ကြမှာပါ။ ဒါပေမဲ့ ရေရှည်မှာ ပရိသတ်လက်ခံမယ့်သူ တစ်ယောက် ဖြစ်အောင်တော့ ကိုယ့် အရည်အချင်းကို ထိန်းသိမ်းပြီး ကြိုးစားကြပါ။ တစ်ပွဲထိုး မဖြစ်ဖို့ဘဲ လိုအပ်ပါတယ်။ နောက်ပိုင်းကဏ္ဍ အသီးသီးကို ဝင်ရောက်ဖို့က လမ်းကြောင်း လေးတွေ လည်း ပိုပြီး အခွင့်သာလာကြပြီ။ ဒါကြောင့် လူငယ်တွေလည်း ကိုယ် ဖြစ်ချင်တဲ့ ဝါသနာမှာ အာရုံစူးစိုက်မှု၊ သစ္စာရှိမှု တို့တွေလည်း လိုပါတယ်။ ဒါလေးတွေရှိရင်တော့ ပိုပြီး အောင်မြင်မယ်လို့ ကိုကြံ့ထင်ပါတယ်။

ဖြိုးပြည့်စုံ

ကျွန်တော်တို့ ကိုယ်တိုင်ကို က ပြိုင်ပွဲတွေပြိုင်ခဲ့တယ်။ ဆုတွေရခဲ့တယ်။ အဆိုတော်ဖြစ်ဖို့ ကြိုးစားလာတယ်။ အဆိုတော်ဖြစ်လာတယ်။ ဒါပေမဲ့ တကယ့်တကယ် ကျွန်တော်တို့မှာ ဝမ်းစာက မပြည့်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ဟာ မွေးရာပါ Music နဲ့ ရှင်သန် လာခဲ့တာ မဟုတ်ဘူး။ ပြီးတော့ တချို့သော အရာတွေက ငယ်ရွယ်စဉ်၊ ဘာမှ ခိုင်မာစွာ မရှိခင်ကာလမှာ ကျင့်ရမယ့် အရာတွေရှိတယ်။ Vocal နဲ့ပတ်သက်ရင် Head Voice လိုဟာမျိုး ဆိုလို့ရှိရင် တကယ့်ကို လေ့ကျင့် ယူရတာ။ ဒါမျိုးတွေကို ငယ်စဉ် ကာလ Summer School တွေမှာပဲဖြစ်ဖြစ်၊ Vocal School  တွေမှာပဲဖြစ်ဖြစ်၊ Musical School တွေမှာပဲဖြစ်ဖြစ် ကျွန်တော် တို့တွေက သိခဲ့၊ သင်ခဲ့ ပြီးတော့ ကိုယ်ကိုယ်တိုင် လေ့ကျင့်ခဲ့ ရမှာပေါ့နော်။ တကယ့်တကယ် ပြိုင်ပွဲတွေက ဝင်လာတယ်။ ကိုယ်တွေမှာက အဲဒီလို ကျောင်း နဲ့သေသေချာချာ Train  ထားတဲ့ကျောင်းတွေဆို တာက ရှိချင်လည်း ရှိမယ်။ ဒါပေမဲ့ မရှိတဲ့သူက တော့များမယ်။ ဒါကလည်း ကာယကံရှင်ရဲ့ အပြစ်မဟုတ်ပါဘူး။ ကျွန်တော် တို့နိုင်ငံ က  Developing  ကိုသွားနေတဲ့အချိန်မှာ ဒီဘက် Musical  တွေ၊ Entertainment တွေကို ဦးစားမပေးနိုင်တဲ့ အချိန်မှာ ပညာရေးတွေ၊ ကျန်းမာရေးတွေကို ဦးစားပေးနေရ တော့ လိုအပ်ချက်တွေ ကတော့ ရှိနေမှာပဲ။ အချိန်တစ်ခုကို ကျော်ဖြတ်ပြီးမှ ရောက်မှာ ဆိုတော့ အဓိကပြောချင်တာက ပြိုင်ပွဲတွေ ဝင်လာတာ ကတော့မှန်တယ်။ ဒါပေမဲ့ နိုင်ငံတကာ နဲ့ယှဉ်ဖို့၊ အနီးဆုံး အိမ်နီးချင်းတွေနဲ့ ယှဉ်ရင်တောင် ကျွန်တော် တို့တွေက နောက် ကောက် ကျနေဦးမှာပဲ။ ကျွန်တော်တို့ ကိုယ်တိုင်ကိုက ဌာန်၊ ကရိုက်း ကျအောင်သိဖို့ အတွက် အချိန်တွေ လိုနေဦးမှာပဲ။ ဆိုတော့ ဝါသနာရှင်တွေ ကိုတော့ ဒါလေးတွေကို ထပ်ပြီး သိစေချင်တယ်။ ကျွန်တော်တို့ဆို အချိန် လွန်သွားပြီ။ အခုဆို ကျွန်တော်သည် ၂၉၊ ၃ဝ ဆိုတော့ တချို့အရာ တွေဆို လေ့ကျင့်ယူလို့မရ တော့ ဘူး။ High Pitch တွေအော် ချင်ရင်တောင်မှ Limit  က  Optic တွေရှိတယ်။ အော်နိုင်မှာ မဟုတ်တော့ဘူး။ ဆိုတော့ အခြေခံက စပြီးတော့ လူငယ်တွေကို နံပါတ်တစ် သိစေချင်တယ်။ ပထမခြေလှမ်း ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပြီးတော့ Challenge လုပ်ပြီး ပြိုင်သင့်တယ်။

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071