Monday, December 8, 2025

ကျားဖြူပါတီသည် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ဟု ဦးစိုင်းအိုက်ပေါင်းပြော

ပြည်သူကို ချစ်သည့် ပါတီဖြစ်သည့်အတွက် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ (ကျားဖြူ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။ ဒီဇင်ဘာ...

မော်လမြိုင်မြို့တွင် ပြည်သူ့ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ယမန်နေ့ ဒီဇင်ဘာ (၇) ရက်တွင် ပြည်သူ့ပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူပါတီ...

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏...

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန်...

ငလျင်နှင့် ပဋိပက္ခ သက်ရောက်မှုများအကြား မြန်မာနိုင်ငံ၏...

ပြည်တွင်းဝယ်လိုအားလျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်းချက်အလားလာမှာ အခက်အခဲအတားအဆီးများရှိနေဆဲဖြစ် ၂၀၂၅ ခုနှစ် မတ်လတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု၊ ပြည်တွင်း ပဋိပက္ခနှင့်...
HomeArticlesFacebook

Facebook

သူရိန် စာသင်ရတာကို ပျင်း နေသည်။ ဆရာမက စာပြပြီး ကိုယ်တိုင်ပြန်ရေးခိုင်းနေ တော့ စိတ်ထဲသိပ်မပါ။ လိုက်ပြီးတော့ လည်း  ကူးမရေးချင်။ ကျန်တဲ့ကျောင်း သူ ကျောင်းသားများကတော့ ခေါင်း ငုံ့၍ စာတွေနှင့် အလုပ်ရှုပ်နေကြပုံ။ရိန် စာသင်ရတာကို ပျင်း နေသည်။ ဆရာမက စာပြပြီး ကိုယ်တိုင်ပြန်ရေးခိုင်းနေ တော့ စိတ်ထဲသိပ်မပါ။ လိုက်ပြီးတော့ လည်း  ကူးမရေးချင်။ ကျန်တဲ့ကျောင်း သူ ကျောင်းသားများကတော့ ခေါင်း ငုံ့၍ စာတွေနှင့် အလုပ်ရှုပ်နေကြပုံ။ သူရိန်နံရံကို လှမ်းကြည့်လိုက် သည်။

“စာသင်ခန်းထဲ တယ်လီဖုန်း ယူလာခြင်း ခွင့်မပြု” စာသားကို တွေ့ တော့ ပြုံးလိုက်သည်။ အပျင်းပြေစေ ရန် သူစိတ်ကူးတစ်ခု ရလိုက်သည်။ နောက် ခိုးယူလာသော တယ်လီဖုန်း ကို ဘယ်သူမှမမြင်အောင် ထုတ်ယူ ပြီး Facebook ကို ဖွင့်လိုက်သည်။ ပြီးနောက် တစ်ကိုယ်တည်း ကျိတ်ပြုံး ရင်း စာတစ်ကြောင်းကို ရေးတင် လိုက်သည်။

“စာသင်ခန်းထဲမှာ တယ်လီဖုန်း ခိုးသုံးတာငါတစ်ယောက်တည်းလားကွ”  သဘောကျစွာပြုံးရင်း ဘေးဘီ ဝေ့ကြည့်လိုက်သည်။ အားလုံးခေါင်း ငုံ့ပြီး စာတွေအပေါ် အာရုံစိုက်နေ ကြတာမြင်တော့ သူ့လုပ်ရပ်ကိုသူ သဘောကျသွားသည်။ ကျောင်းသူ ကျောင်းသားများအားလုံး စာအပေါ် မှာ အာရုံစိုက်နေကြပုံရသည်။ ဆရာမ ကို လှမ်းကြည့်တော့လည်း ဆရာမက သူ့စားပွဲမှာ ဟိုရှာဒီရှာနှင့် အလုပ်ရှုပ် နေသည်။သိပ်မကြာပါ။

” ဒီး ဒီး”

တယ်လီဖုန်းမှာ အသံမထုတ် ထားပဲ၊ ဗာဘရေး (Vibrate) သာ လုပ်ထား၍ ဗာဘရေးရှင်းသံ ထွက် လာ၍ အံ့အားသင့်သွားသည်။ မည် သူမသိအောင် တယ်လီဖုန်းကို ဖွင့်၍ ကြည့်လိုက်တော့

 “ဟင်”

သူခုနတင်လိုက်သော Status   အောက်မှာ 1 Comment ဆိုသည် တွေ့လိုက်တော့ အံ့အားသင့်သွား သည်။ ဖွင့်ကြည့်လိုက်တော့

“မင်းတစ်ယောက်တည်း မထင် နဲ့ကွ။ ငါလည်းပါတယ်”

နာမည်ဖတ်ကြည့်လိုက်တော့ ‘သီဟ။’

ဒီကောင်အရှေ့ဆုံးတန်းမှာ ဆရာမနဲ့ အနီးကပ်နေရသည့် ကောင်။ တယ်လီဖုန်းကို ဘယ်လိုခိုးသုံးနေ သည်မသိ။ သူ့ဘက်လှည့်ပြီး ဂုဏ်ယူ သည့်အနေနှင့် ပြုံးတောင်ပြနေ သေး။ နှစ်ယောက်သား အကြည့် ချင်းဆုံတော့ ပြုံးမိသေးတယ်။ ထိုစဉ် မှာပင်

“ဒီး ဒီး”

ထပ်ဝင်လာသော တယ်လီဖုန်း ဗာဘရေ့သံကြောင့် သူရိန်လန့်သွား ၏။ အသာအယာဖွင့်ကြည့်လိုက် တော့

 “နင်တို့တွေ ယွနေတယ် ဟုတ် လား။ အတန်းထဲမှာ နင်တို့ပဲ Facebook သုံးတတ်တယ် ထင်လို့ လား”

နာမည်ကြည့်လိုက်တော့ ‘သဇင်’။ မိန်းကလေး၊ ဒုတိယတန်းမှ အိနြေ္ဒ ရှင်ကောင်မလေး။ သူရိန် ထပ်ပြုံး မိ၏။ ဖုန်းခိုးသုံးနေတာ သူ တစ် ယောက်တည်းမဟုတ်။ အဖော်တွေ ပါပါ၍ ပျော်သွားသည်။ ထိုစဉ်မှာပင်

“ဒီး ဒီး”

“ဟော ထပ်ဝင်လာပြန်ပြီ”

အသံမြည်နေသောဖုန်းကို ပွတ် ရင်း ဖွင့်ကြည့်လိုက်တော့

 “မင်းတို့အခန်းကပဲ လူလည် ထင်လို့လား။ ငါတို့အခန်းမှာလည်း ဒီအတိုင်းပဲ”

နာမည်ကြည့်လိုက်တော့ ကျော်စွာ။  ဒီကောင် ဘေးအခန်းက ကောင် ပဲ။ ဒီကောင်တွေအခန်းကလည်း သူ တို့လိုတယ်လီဖုန်း ခိုးသုံးနေတာပဲ။ သိရ၍ ပျော်သွားသည်။ ထိုစဉ် မှာပင်

“ဟိတ် ငြိမ်ငြိမ်နေကြစမ်း။ ဆရာမသိလို့ ဒုက္ခရောက်ကုန်မယ်”

“ရှင်ငြိမ်း”

ဒီကလေးမကလည်း ကျော်စွာ တို့အခန်းက ကောင်မလေးပဲ။ သူရိန် အသံထွက်ပင် ရယ်ချင်သွား၏။ သို့သော်မရယ်ရဲ။ ဆရာမသိသွားမှာ စိုးရသေးသည်ကိုး။ ထိုခဏမှာပင်

“ဒီး ဒီး”

ဖွင့်ကြည့်လိုက်တော့  “ငါကဘာလို့မသိရမှာလဲ။ နင် တို့ထက်တော်လို့၊ နင်တို့ဆရာမ ဖြစ် နေတာ။ မပြောချင်လို့ ကြည့်နေတာ။ ကျောင်းအုပ်ကြီးသိရင် မလွယ်ဘူး”

“ဟာ” သူရိန်လန့်ဖျပ်သွးသည်။ ထို comment ရေးတာက သူတို့ရှေ့က အလုပ်ရှုပ်နေသည်ထင်ရသော ဆရာမသင်းသင်းငြိမ်း။ ခေါင်းနား ပန်းကြီးပြီး ဖုန်းကိုပြန်သိမ်းမည် အလုပ်တွင်

“ဒီး ဒီး” လာပြန်ပြီ message တစ် စောင်။ ဖွင့်ကြည့်လိုက်တော့  “သိတယ်၊ သိတယ်ဆရာမရေ။ ကျုပ်လည်းမပြောချင်လို့ ကြည့်နေ တာ။ အလုပ်ကလည်း အားတာ မဟုတ်ဘူး” “ဦးချမ်းကြွယ်” “ဟာ ကျောင်းအုပ်ကြီး” ကျောင်းအုပ်ကြီးကပါ comment ဝင်ရေးနေတော့ သူရိန် ပိုလန့်သွား သည်။ ဖုန်းကိုဖွက်ပဲထားရမလား။ ကောက်ပစ်လိုက်ရမလားမသိ၊ ဝေခွဲ မရဖြစ်နေမိ၏။ ကျောင်းအုပ်ကြီး ကပါ သူဖုန်းခိုးသုံးနေတာသိတော့ အမှုက ကြီးပြီကိုး။ ထိုခဏမှာပင်

“ဒီး ဒီး”

ဝင်လာပြန်ပြီ  message ။ ဖွင့်ကြည့်လိုက်တော့ comment တစ်ခု။  “သူငယ်ချင်းရေ မင်းတို့ကျောင်း မှာချည်းပဲ မဟုတ်ဘူး။ ငါတို့ကျောင်း မှာလည်း ကျောင်းသူ၊ ကျောင်းသား တွေ၊ ဆရာ၊ ဆရာမတွေကို ဒီကိစ္စ ပြောလို့ကိုမနိုင်ဘူး” နာမည်ကြည့်လိုက်တော့  “ဦးမြိုင်သင်း” “ဟာ၊ ဒါဟိုဘက်ကျောင်းက ကျောင်းအုပ်ပဲ” ထိုခဏမှာပင်

“ဒီး ဒီး”

လာပြန်ပြီ။ comment ဖတ် ကြည့်လိုက်တော့ “မင်းတို့ပညာရေးမှာပဲ မဟုတ် ဘူး သူငယ်ချင်းရေ။ ငါတို့ရုံးလုပ်ငန်း မှာ အောက်လက်ငယ်သားတွေ ပြော လို့ကို မနိုင်ဘူးရယ်” “ဥက္ကဋ္ဌ ဦးကျော်ထင်” “ဟင်၊ ကျောင်းအုပ်ကြီး သူငယ် ချင်းပဲ” သူရိန်အနည်းငယ်တော့ ချွေး စို့လာ၏။ ထိုစဉ်မှာပင် “ဒီး ဒီး” ဝင်လာပြန်ပြီ၊ နောက်တစ်ခု။ သူရိန်အင်တာနက်ကို ပိတ်သင့်၊ မပိတ်သင့် စဉ်းစားသည်။ နောက်မှ  “ဒီတစ်ခုဖွင့်ဖတ်ရုံနဲ့ ဘာမှ မထူးတော့ပါဘူး” စဉ်းစားမိကာ ဖွင့်လိုက်တော့…..

“ဟာ ဥက္ကဋ္ဌကြီး၊ ကျွန်တော်တို့ က အရေးကြီး အစည်းအဝေးအတွက် လက်မှတ်ထိုးဖို့ လိုက်ရှာနေတာ။ ဒီ ရောက်နေတာကိုး”

“တိမ်ရောင်လေး”

ဘယ်ကမှန်းမသိ။ သူနှင့် Friend မဟုတ်ပါပဲ ဝင်လာသော comment တစ်ခု။

“ဒီး ဒီး”

လာပြန်ပြီ နောက်တစ်ခု။ အလို လိုနေရင်း ဖွင့်မိလျက်သား။

“သြော် အစိုးရဝန်ထမ်းတွေ ဒီ လောက်တောင် အားနေတော့မှ တိုးတက်ဦးမယ် ဒီနိုင်ငံက” နာမည်ဖတ်ကြည့်လိုက်တော့

“မျိုးချစ်ကြီး”

သူရိန်စဉ်းစားသွားသည်။ ထိုသူ များမှာ သူနှင့်လုံးဝမသိ။ အပြင်မှာ မြင်ဖူးဖို့ဝေးရော။ Facebook မှာလည်း Friend ပါမဟုတ်။  ကိုယ်နဲ့မဆိုင်တာမို့ ဖျက်ပစ် လိုက်ရင် ကောင်းမလား စဉ်းစားစဉ် မှာပင်

“ဒီး ဒီး”

ဝင်လာပြန်သည်  comment တစ်ခု” ဟေ့ကောင် မျိုးချစ်ကြီးဆိုတဲ့ ကောင်။ အားနေလား။ အားနေရင် ရခိုင်မှာ လူလိုနေတယ်။ မင်းလိုက် သွားပါလား” နာမည်ကြည့်လိုက်တော့  “ရဲရဲတောက်ဇာနည်သွေး”  Profile မှာကျ လူဓာတ်ပုံမပါ။ ဘုရားပုံနှင့်ဘာနှင့်။  “ဘယ်က လူတွေပါလိမ့်” သူရိန်စဉ်းစားနေစဉ်မှာပင်….

“ဒီး ဒီး”

” ဟေ့ကောင် ရဲရဲတောက်ဇာ နည်သွေးဆိုတဲ့ကောင်။ ငါကအပြော သမားမဟုတ်ဘူး။ လက်တွေ့သမား။ အမျိုးကိုကာကွယ်ဖို့ အမြဲအသင့်ရှိ တယ်။ မင်းတို့လို ထဘီခြုံထဲက လက် သီးထုတ်ပြတာ မဟုတ်ဘူး။ သတ္တိရှိ ရင် ကြိုက်တဲ့နေရာ လာရှင်း” ဓာတ်ပုံမပါ။ နာမည်က “မြန်မာ့သွေး” သူရိန်စိတ်ပျက်လာသည်။ သူ ရေးခဲ့သည်ကိုတောင် ပြန်မမှတ်မိ ပေ။ သို့သော်  “ဒီး ဒီး” ” ဘောမ ဖြင့်လည်း အေးဆေး မပါ မြန်မာ့သွေးဆိုတဲ့ကောင်ရယ်။ သူ များတွေ မျိုးရိုးနဲ့ချီပြီး ပြဿနာတက် နေရတဲ့အထဲ မင်းတို့ဝင်မပါပါနဲ့” “မောင်လူချော” “ဒီး ဒီး”

“အစ်ကိုတို့၊ အစ်ကိုတို့ နည်းနည်း ဖယ်။ ကျွန်တော်က ဖျာခင်းတာ”  “လူပျော်လေး”

“ဒီး ဒီး”

“ရှင်တို့လိုလူတွေရှိနေလို့ အမျိုးဘာသာ၊ သာသနာ ပျောက် ကွယ်တော့မယ်။ အမျိုးသားရေး အောင်ရမည်။ ဘာသာရေးအောင် ရမည်။ သာသနာရေး အောင်ရမည်” “မျိုးချစ်သမီးလေး” “ဒီး ဒီး” “မြန်မာဘောပုံးပွဲလေး ဘယ် သူနိုင်သွားလဲ အလင်းပြပါဦး” “ထာဝရမန်ယူလူငယ်” “ဒီး ဒီး” “ဟေ့ကောင်တွေ၊ အမျိုးသား ရေးဆို ဘယ်တော့မှ ဓားမဆိုင်းဘူး။ မန်ယူနဲ့ အမျိုးဘာသာမထိနဲ့” “မြန်မာအရေး ဓားသွေးထား သူ” “ဒီး ဒီး” သူရိန်ကွန့်မန့်တွေဖတ်ရင်း စိတ်ပျက်လာ၏။ သူဘာရေးခဲ့သလဲ ဆိုသည်ကိုပင် သူပြန်မမှတ်မိချင် တော့။ မတတ်သာသည့်အဆုံး အင် တာနက်လိုင်းကို ပိတ်ချလိုက်သည်။ သို့သော် ခသာာနညအ များတွင်တော့  “ဒီး ဒီး”  “ပြောလိုက်ရင်တော့ အလုံးကြီး ပဲ။ ချကြ။ ဘာပြောင်းလဲလို့လဲ။ အစိုးရ က ဘာတွေလုပ်နေလဲ” “ရန်ထက်လူ”

“ဒီး ဒီး ဒီး”

“သမ္မတကို ဘယ်နားဝှက်ထား ကြတာလဲ” “ခြင်္သေ့ရာဇာ”

“ဒီး ဒီး”

“အဲတော့ မင်းညီမလေး ငါ့ဆီ လွှတ်လိုက်ပါလား” သူရိန်ကား တယ်လီဖုန်းပိတ်ပြီး  အိပ်တာတောင် အတော်ကြာပြီ။ သို့သော် facebook တိုက်ပွဲကား မဆုံးသေး။

 “ဒီး ဒီး”

“ဒီး ဒီး”

“ဒီး ဒီး”

အကြည်တော်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071