သမ္မတ ဂျိုးဘိုင်ဒင်သည် အမေရိကသမိုင်းတွင် အသက် ၈၀ ပြည့်နှစ် မွေးနေ့အား အိမ်ဖြူတော်တွင် ပထမဆုံး ကျင်းပသည့် အမေရိကန်သမ္မတ ဖြစ်လာခဲ့သည်။
ဘိုင်ဒင်၏ မွေးနေ့ကို နိုဝင်ဘာလ ၂၀ ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့သည်။
သမ္မတကတော် ဂျိုးလ် ဘိုင်ဒင်သည် တနင်္ဂနွေနေ့ နေခင်းပိုင်းတွင် သူနှင့် ဘိုင်ဒင်တို့ တွဲကနေသည့် ဓာတ်ပုံနှစ်ပုံကို တွစ်တာပေါ် တင်ခဲ့ပြီး “မင်းကလွဲပြီး ဘယ်သူနဲ့မှ တွဲမကချင်ပါဘူး။ ပျော်ရွှင်ဖွယ် မွေးနေ့လေး ဖြစ်ပါစေ ဂျိုး၊ ငါမင်းကို ချစ်တယ်” ဟူ၍ ရေးသားဂုဏ်ပြုခဲ့သည်။
အခြားပို့စ်တစ်ခုတွင်လည်း သမ္မတကတော်က မွေးနေ့ပွဲကျင်းပနေသည့် သူတို့ မိသားစု၏ ဓာတ်ပုံများကို မျှဝေခဲ့သည်။
သို့ရာတွင် ဘိုင်ဒင်၏ မွေးနေ့ပွဲနှင့် ပတ်သက်၍ အိမ်ဖြူတော်က မည်သည့် ကြေညာချက်မျှ ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း အေအက်ဖ်ပီသတင်းဌာနက ပြောခဲ့သည်။ ထို့ပြင် လူသိရှင်ကြား အခမ်းအနားပွဲများလည်း ကျင်းပခဲ့ခြင်းမျိုး မရှိပေ။
Source: WION


