(Unicode)
(၈)လကျော်ကာလအတွင်း ရခိုင်ပြည်နယ်မှတိုက်ပွဲရှောင် ၁၆၀၀၀ကျော်ကို မူလနေရပ်ပြန်ပို့နိုင်ခဲ့
၂၀၂၁ ခုနှစ်၊ ဧပြီလမှ ယနေ့အထိ နယ်မြေတည်ငြိမ်အေးချမ်းမှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းနေ တိုင်းရင်းသား အိမ်ထောင်စု ၃၈၅၈ စု၊ လူဦးရေ ၁၆၇၁၇ ဦးတို့ကို မူလနေရပ်များသို့ ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု နစကပြန်ကြားရေးကဆိုသည်။
ဒီဇင်ဘာလ ၁၉ ရက်ကစပြီး ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီးများ၏ ခရီးစဉ်များနှင့် ပတ်သတ်ပြီး ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ရာတွင် အထက်ပါစာရင်းကို ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အဖွဲသည် ဒီဇင်ဘာလ ၂၁ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တစ်လုံး IDP စခန်း၊အမ်းမြို့နယ်၊ အမ်းတောင်ကျေးရွာအုပ်စုရှိ တိုက်ပွဲရှောင်စခန်း တည်ဆောက်နေမှု၊ ပဲပဒုံ တိုက်ပွဲရှောင်စခန်းနေ ပြည်သူ များ၊အမ်းမြို့မှ တိုက်ပွဲရှောင်စခန်းနေ ပြည်သူများနှင့် ယာယီခိုလှုရာ စခန်း ၃ ခု၊ စုရပ် ၄ ခုမှ ပြည်သူများစသည်တို့နှင့် တွေ့ဆုံခဲ့ကာ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ခြင်းနှင့် ထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ကြသည်ဟုသိရသည်။
ယင်းနောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ နှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာအမျိုးသားအဆင့်ကော်မတီများအနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။
(Zawgyi)
(၈)လေက်ာ္ကာလအတြင္း ရခိုင္ျပည္နယ္မွတိုက္ပြဲေရွာင္ ၁၆၀၀၀ေက်ာ္ကို မူလေနရပ္ျပန္ပို႔ႏိုင္ခဲ့
၂၀၂၁ ခုႏွစ္၊ ဧၿပီလမွ ယေန႔အထိ နယ္ေျမတည္ၿငိမ္ေအးခ်မ္းမႈေၾကာင့္ ရခိုင္ျပည္နယ္အတြင္းရွိ တိုက္ပြဲေရွာင္စခန္းေန တိုင္းရင္းသား အိမ္ေထာင္စု ၃၈၅၈ စု၊ လူဦးေရ ၁၆၇၁၇ ဦးတို႔ကို မူလေနရပ္မ်ားသို႔ ျပန္လည္ေနထိုင္ႏိုင္ေရး ေဆာင္႐ြက္ေပးႏိုင္ခဲ့သည္ဟု နစကျပန္ၾကားေရးကဆိုသည္။
ဒီဇင္ဘာလ ၁၉ ရက္ကစၿပီး ရခိုင္ျပည္နယ္သို႔ ေရာက္ရွိေနသည့္ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ႏွင့္ ျပည္ေထာင္စုဝန္ႀကီးမ်ား၏ ခရီးစဥ္မ်ားႏွင့္ ပတ္သတ္ၿပီး ျပန္ၾကားေရးဌာနက သတင္းထုတ္ျပန္ရာတြင္ အထက္ပါစာရင္းကို ထည့္သြင္းေဖာ္ျပခဲ့ျခင္းျဖစ္သည္။
ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ႏွင့္အဖြဲသည္ ဒီဇင္ဘာလ ၂၁ရက္ေန႔အထိ ရခိုင္ျပည္နယ္အတြင္းရွိ ေက်ာက္တစ္လုံး IDP စခန္း၊အမ္းၿမိဳ႕နယ္၊ အမ္းေတာင္ေက်း႐ြာအုပ္စုရွိ တိုက္ပြဲေရွာင္စခန္း တည္ေဆာက္ေနမႈ၊ ပဲပဒုံ တိုက္ပြဲေရွာင္စခန္းေန ျပည္သူ မ်ား၊အမ္းၿမိဳ႕မွ တိုက္ပြဲေရွာင္စခန္းေန ျပည္သူမ်ားႏွင့္ ယာယီခိုလႈရာ စခန္း ၃ ခု၊ စုရပ္ ၄ ခုမွ ျပည္သူမ်ားစသည္တို႔ႏွင့္ ေတြ႕ဆုံခဲ့ကာ လိုအပ္သည္မ်ား ေဆာင္႐ြက္ေပးခဲ့ျခင္းႏွင့္ ေထာက္ပံ့ျခင္းမ်ား ေဆာင္႐ြက္ခဲ့ၾကသည္ဟုသိရသည္။
ယင္းေနာက္ ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ လုပ္ငန္းမ်ား ညႇိႏႈိင္းေပါင္းစပ္ေရးေကာ္မတီ ႏွင့္ ျပည္တြင္းေနရပ္စြန႔္ခြာသူမ်ား ျပန္လည္ေနရာခ်ထားေရးႏွင့္ ယာယီခိုလႈရာစခန္းမ်ား ပိတ္သိမ္းေရး ဆိုင္ရာအမ်ိဳးသားအဆင့္ေကာ္မတီမ်ားအေနျဖင့္ ဆက္လက္ေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္မ်ားကို ညႇိႏႈိင္းေပါင္းစပ္ေဆြးေႏြးခဲ့ၾကသည္ဟုသိရသည္။