နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ ဒီဇင်ဘာ ၃၁ ရက်နံနက်ပိုင်းက တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်မည့် ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော်အကြီးအကဲများနှင့်တပ်မတော်အရာရှိကြီးများ၏ မိသားစုဝင်များအား နေ ပြည်တော်ရှိ ဘုရင့်နောင်ဧည့်ရိပ်သာ၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
နစက ဥက္ကဋ္ဌသည် တစ်ဦးချင်းလိုက်လံနှုတ်ဆက် ၍ နေထိုင်စားသောက်မှုအခြေအနေ၊တစ်ဦးချင်းစီ၏ကျန်းမာရေးအခြေအနေနှင့်အခြားလိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းပေးခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားသို့ ဦးနု၏သမီး ဒေါ်သန်းသန်းနု၊ ဦးစန်းယု၏သမီး ဒေါ်လဲ့လဲ့ယု၊ ဗိုလ်ချုပ်မှူးကြီး
စောမောင်၏သား ဦးသီဟစော၊ ဦးနေဝင်း၏သ မီး ဒေါက်တာခင်စန္ဒာဝင်း၊ ဦးဗဆွေ၏သမီး ဒေါ်နေရည်ဗဆွေ၊ ဦးကျော်ငြိမ်း၏သမီး ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒု-ဗိုလ်ချုပ်ကြီးထွန်းရီ၏သား ဦးဇော်ထွန်းနှင့်ဦးစိန်လွင်၏သမီး ဒေါက်တာချိုလွင်ဦးတို့ တက်ရောက်ကြမည်ဖြစ်သည်။


























