၇၄နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းသစ်ထုတ်ဝေမည်
ပိုဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့စာတိုက် လုပ်ငန်းက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် (၂၀၀ ကျပ်တန်) စာပိုတံဆိပ်ခေါင်းသစ် သုံးမျိုးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်၊ နံနက် ၉ နာရီခွဲမှစတင်၍ ထုတ်လုပ်ရောင်းချမည်ဟုသိရသည်။
ရောင်းချပေးမှုကို နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီး၊ မန္တလေးစာတိုက် ကြီးတို့နှင့် တိုင်းဒေသကြီး / ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည်ဟုသိရသည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇန်နဝါရီ၄ရက်နေ့တွင် ဝယ်ယူသော စာပိုတံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့စာတိုက် လုပ်ငန်းက ပြောဆိုထားသည်။
Zaw Gyi
၇၄ႏွစ္ေျမာက္လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ စာပို႔တံဆိပ္ေခါင္းသစ္ထုတ္ေဝမည္
ပိုေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာန ျမန္မာ့စာတိုက္ လုပ္ငန္းက (၇၄) ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ အထူးထုတ္ (၂၀၀ က်ပ္တန္) စာပိုတံဆိပ္ေခါင္းသစ္ သုံးမ်ိဳးကို ၂၀၂၂ ခုႏွစ္ ဇန္နဝါရီ ၄ ရက္၊ နံနက္ ၉ နာရီခြဲမွစတင္၍ ထုတ္လုပ္ေရာင္းခ်မည္ဟုသိရသည္။
ေရာင္းခ်ေပးမွုကို ေနျပည္ေတာ္ ဗဟိုစာတိုက္ႀကီး၊ ရန္ကုန္ စာတိုက္ႀကီး၊ မႏၲေလးစာတိုက္ ႀကီးတို႔ႏွင့္ တိုင္းေဒသႀကီး / ျပည္နယ္မ်ားရွိ စာတိုက္မ်ားတြင္ ေရာင္းခ်ေပးသြားမည္ဟုသိရသည္။
အထူးအစီအစဥ္ တစ္ရပ္အေနျဖင့္ ေနျပည္ေတာ္ ဗဟိုစာတိုက္ႀကီး၊ ရန္ကုန္စာတိုက္ႀကီးႏွင့္ မႏၲေလးစာတိုက္ႀကီးတို႔တြင္ ဇန္နဝါရီ၄ရက္ေန႔တြင္ ဝယ္ယူေသာ စာပိုတံဆိပ္ေခါင္းမ်ားေပၚတြင္ ေန႔စြဲအမွတ္အသားတံဆိပ္ရိုက္ႏွိပ္ေပးမည္ဟု ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာန ျမန္မာ့စာတိုက္ လုပ္ငန္းက ေျပာဆိုထားသည္။