လော့ဆန်း ဂျလိစ်မြို့တွင် ဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့၌ ကျင်းပခဲ့သော ၆၅ ကြိမ်မြောက် ဂရမ်မီ ဆုပေးပွဲ၌ ဘီယွန်းဆေးသည် ဂရမ်မီဆု လေးခုကို သိမ်းပိုက်ကာ ဂရမ်မီသမိုင်းတွင် ဆုအများဆုံးဆွတ်ခူးရရှိသည့် အနုပညာရှင်ဖြစ်လာခဲ့သည်။
ယာဉ်ကြောပိတ်ဆို့မှုကြောင့် ဆုပေးပွဲသို့ နောက်ကျမှ ရောက်ရှိလာသော ဘီယွန်းဆေးသည် အကောင်းဆုံး R&B သီချင်းဆု၊ အကောင်းဆုံး အက သို့မဟုတ် အီလက်ထရွန်းနစ် သီချင်းဆု၊ အကောင်းဆုံး အက သို့မဟုတ် အီလက်ထရွန်းနစ် အယ်လ်ဘမ်ဆုနှင့် အကောင်းဆုံး ရိုးရာ R&B ဖန်တီးသီဆိုဆုတို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
ဘီယွန်းဆေးသည် အထက်ပါဆုများအပါအဝင် အဆိုတော်သက်တမ်းတစ်လျှောက် စုစုပေါင်း ဂရမ်မီဆု ၃၂ ခုကို ရရှိထားပြီဖြစ်သည်။
သို့ရာတွင် ဂရမ်မီဆုပေးပွဲ၏ အဓိက ဆုကြီးလေးဆုထဲမှ တစ်ဆုဖြစ်သည့် တစ်နှစ်တာ အကောင်းဆုံး အယ်လ်ဘမ်ဆုကိုမူ ဟယ်ရီစတိုင်က “Harry”s House” အမည်ရ အယ်လ်ဘမ်ဖြင့် ဘီယွန်းစေးနှင့် အဒဲလ်ကိုကျော်၍ သိမ်းပိုက်နိုင်ခဲ့သည်။
သူ၏ အဆိုတော်သက်တမ်းတစ်လျှောက် အကြီးမားဆုံးဆုလည်း ဖြစ်လာခဲ့သည်။
ထို့ပြင် ဟယ်ရီစတိုင်သည် အကောင်းဆုံး ပေါ့အဆိုအယ်လ်ဘမ်ဆုကိုလည်း ရရှိခဲ့သည်။
ဘီယွန်းဆေးသည် ဂရမ်မီဆုပေါင်းများစွာ ရရှိထားသော်လည်း တစ်နှစ်တာ အကောင်းဆုံး အယ်လ်ဘမ်ဆုကိုမူ ရယူနိုင်ခဲ့ခြင်း မရှိသေးကြောင်း သိရသည်။
Source: သည်ဂါးဒီးယန်း

