ဇွန်လ (၁) ရက်တွင် ဖွင့်လှစ်မည့် (၆၃) ကြိမ်မြောက် အောင် ဘာလေသိန်းဆုအတွက် ထီစာအုပ်အရေအတွက် ၅၅၀၀၀၀ ကျော်ရောင်းချနိုင်ခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ထုတ်ပြန်ထားသည်။
(၆၃) ကြိမ်မြောက် အောင်ဘာလေသိန်းဆု ထီဖွင့်ပွဲအတွက် ထီလက်မှတ်များကို ” က” အက္ခရာမှ “ဈ” အက္ခရာအထိ ထီစာအုပ်အရေအတွက် ၅၅၂၂၇၆ အုပ်ရောင်းချခဲ့ရပြီး အဆို ပါ ထီစာအုပ် ရောင်းရငွေမှ ငွေကျပ် ၅၅၂၂ ဒသမ ၇၆၀ သ န်းကျော်ရရှိခဲ့ကြောင်း သိသည်။
အဆိုပါ ထီရောင်းရငွေထဲမှ ၇၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ် ၃၈၆၅ သန်းကျော်နှင့် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း၂၅၀ ကို ထီဆုငွေအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
(၆၃) ကြိမ်မြောက် အောင်ဘာလေဆုများအနေဖြင့် ကျပ်သိ န်းငါးထောင် (၁)ဆု၊ ကျပ်သိန်းနှစ်ထောင် (၁)ဆု၊ ကျပ်သိန်းတစ်ထောင် (၁)ဆု၊ ကျပ်သိန်းငါးရာ (၄)ဆု၊ ကျပ်သိန်းနှစ်ရာ (၅)ဆု၊ ကျပ်သိန်းတစ်ရာ (၉)ဆု၊ ကျပ်သိန်းငါးဆယ် (၁၂) ဆု၊ ကျပ်သိန်းနှစ်ဆယ် (၁၆) ဆု၊ ကျပ်ဆယ်သိန်း (၁၄) ဆုများအပြင် ဝေဝေဆာဆာပဒေသာဆုအနေဖြင့် ကျပ်သုံးသိန်း (၃၀) ဆု၊ ကျပ်နှစ်သိန်း (၃၀၀) ဆု၊ ကျပ်တစ်သိန်း (၃ ,၀၀၀) ဆု၊ ကျပ်ငါးသောင်း (၂၀,၀၀၀) ဆု၊ ကျပ်တစ်သော င်း (၁၀၀,၀၀၀) ဆု ချီးမြှင့်ပေးသွားမည်ဖြစ်သည်။
ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း (၂၅၀) မှ ကျပ်ဆယ်သိန်း (၄) ဆု၊ ကျပ်သုံးသိန်း (၂၀) ဆု၊ ကျပ်နှစ်သိန်း (၂၀၀) ဆု၊ ကျပ်တစ်သိန်း (၂,၀၀၀) ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုလ ထီရောင်းရငွေသည် ဧပြီလတွင်ရောင်းရသည့် ထီစာအုပ်အရေအတွက်နှင့် ရောင်းရငွေမှာ အတူတူဖြစ်ကြော င်းလည်း အောင်ဘာလေသိန်းဆုဌာနခွဲမှ ထုတ်ပြန်ထားချက် အရ သိရသည်။
