(၆၂) ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီတွင် အမြင့်ဆုံးဆုဖြစ်သည့် ကျပ်သိန်းငါးထောင်ဆုကို (ဂ) ၁၈၅၆၇၇ နံပါတ်မှ ဆွတ်ခူးသွားကြောင်း ယနေ့ထီဖွင့်ပွဲမှ သိရသည်။
ထို့ပြင် ကျပ်သိန်းနှစ်ထောင်ဆုကို (စျ) ၉၂၆၅၇၈၊ ကျပ် သိ န်းတစ်ထောင်ဆုကို (ခ) ၄၉၀၀၂၂ မှဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ယနေ့ မေလ (၁) ရက်တွင် ဖွင့်လှစ်သည့် (၆၂) ကြိမ်မြောက် အောင်ဘာလေ သိန်းဆုအတွက် ထီစာအုပ်အရေအတွက် ၅၅၀၀၀၀ ကျော်ရောင်းချနိုင်ခဲ့ပြီး အဆိုပါ ထီစာအုပ်ရောင်းရငွေမှ ငွေကျပ် ၅၅၂၂ ဒသမ ၇၆၀ သန်းကျော်ရရှိထားကြောင်း သိရသည်။
အဆိုပါ ထီရောင်းရငွေထဲမှ ၇၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ် ၃၈၆၅ သန်းကျော်နှင့် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း၂၅၀ ကို ထီဆုငွေအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်သွားမည်ဖြစ်သည်။
ထို့ပြင် အကြိမ် ၆၂ ကြိမ်မြောက် အောင်ဘာလေဆုများအ နေဖြင့် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆု၊ ကျပ်သိန်းတစ်ထောင် တစ်ဆု၊ ကျပ်သိန်းငါးရာ လေးဆု၊ ကျပ်သိန်းနှစ်ရာ ငါးဆု၊ ကျပ်သိန်းတစ်ရာ ကိုးဆု၊ ကျပ်သိန်းငါးဆယ် ၁၂ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၆ ဆု၊ ကျပ်ဆယ်သိန်း ၁၄ ဆုများအပြင် ဝေဝေဆာဆာပဒေသာဆုအနေဖြင့် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၃,၀၀၀ ဆု၊ ကျပ်ငါးသောင်း ၂၀,၀၀၀ ဆု၊ ကျပ်တစ်သောင်း ၁၀၀,၀၀၀ ဆု ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ မှ ကျပ်ဆယ်သိန်း လေးဆု၊ ကျပ်သုံးသိန်း ၂၀ ဆု၊ ကျပ်နှစ်သိန်း ၂၀၀ ဆု၊ ကျပ်တစ်သိန်း ၂,၀၀၀ ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

