ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ (၆)ကြိမ်မြောက် ဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ အောက်တိုဘာ ၁၉ ရက်ကကျင်းပရာ သီတဂူဆရာတော်ကြီးနှင့် ရန်ကုန်၊ သန်လျင် သီတဂူဗုဒ္ဓတက္ကသိုလ်တို့မှ ပါမောက္ခ၊ ကထိကများ၊ သံလျင်သီတဂူမှ (BA)ဘွဲ့ရ ရဟန်း၊ သီလရှင် (၄၀၀)ကျော်ကြွရောက်တော်မူခဲ့ကြသည်။
