(၆)ကြိမ်မြောက် စစ်ရေးကင်းမဲ့ဇုန်ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲအား ကိုရီးယားနိုင်ငံ၊ Gyeonggi ပြည်နယ်၊ Paju မြို့ရှိ Imjingak မြစ်ဘေး၌ နိုဝင်ဘာ ၁ ရက်နံနက်ပိုင်းကကျင်းပရာ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးဦးမျိုးမြင့်မောင်နှင့် သံရုံးဝန်ထမ်းမိသားစုများ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
အဆိုပါ လမ်းလျှောက်ပွဲအား ကိုရီးယားနိုင်ငံ၏ နှစ် (၈၀)မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ကျင်းပခြင်းဖြစ်ကာ ငြိမ်းချမ်းရေးအမှတ်တရစကား များရေးသားဂုဏ်ပြုခြင်း၊ Imjingak မြစ်ဘေးတစ်လျှောက် Ecological Trail အတိုင်း ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။
