Saturday, June 21, 2025

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic...

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည...

သီတဂူစက္ခုဒါန ဆေးရုံတွင် မျက်စိကုသရန် စာရင်းပေးသွင်းသူ...

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအတွက် ယနေ့ ဇွန် ၂၀ ရက်(တစ်ရက်တည်း)ဖြင့် စာရင်းပေးသွင်းသူ(၁,၂၀၀)ဦးကျော်ရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်း ပါရမီလမ်း၊...

နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံ

ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်တို့ ယနေ့ ဇွန် ၂၀...

တောင်ဥက္ကလာဂေါက်ကွင်းရှေ့တွင် ကားနှစ်စီးတို-က် တစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာဂေါက်ကွင်းရှေ့တွင် ယနေ့ ဇွန် ၂၀ ရက်ညနေ ၅ နာရီခွဲခန့်က ကားနှစ်စီးတို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းမကြီးပေါ်ရှိ...
HomeNewsLocal News၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ကြေညာချက်ပါ...

၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ကြေညာချက်ပါ မြန်မာနိုင်ငံရေးကိစ္စနှင့်ပတ်သက်သည့် စာပိုဒ်အပေါ် မြန်မာနိုင်ငံအနေဖြင့် ပယ်ချ

(၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ကြေညာချက်ပါ မြန်မာနိုင်ငံရေးကိစ္စနှင့်ပတ်သက်သည့် စာပိုဒ်အပေါ် မြန်မာနိုင်ငံအနေဖြင့် ပယ်ချ

(၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သည့် ကြေညာချက်ပါ မြန်မာနိုင်ငံရေးကိစ္စနှင့်ပတ်သက်သည့် စာပိုဒ်အပေါ် မြန်မာနိုင်ငံအနေဖြင့် လက်မခံဘဲပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှ ဩဂုတ် လ ၆ ရက်နေ့အထိ ၇ရက် ကြာကျင်းပပြုလုပ်ခဲ့သည့် (၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီး များအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စား မပြုသည့်ပုဂ္ဂိုလ်ကိုသာ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဖိတ်ကြားခဲ့ရာ အာဆီယံ ပဋိညာဉ်စာတမ်း အပိုဒ်(၅)တွင် ဖော်ပြချက်နှင့် သိသာထင်ရှားစွာ သွေဖည်နေသဖြင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တက်ရောက်ခဲ့ခြင်းမရှိခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံအနေဖြင့် တူညီဆန္ဒ(၅)ချက်ကို တာဝန်သိအာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် လက်ခံခဲ့ပြီး၊ လက်ခံစဉ်ကလည်း မြန်မာနိုင်ငံ၏ ပြည်တွင်းတည်ငြိမ်မှုအပေါ် မူတည်ပြီး နိုင်ငံ့ကောင်းကျိုးအတွက် အာဆီယံပဋိညာဉ်စာတမ်း၊ အာဆီယံနည်းလမ်းနှင့် အာဆီယံစိတ်ဓာတ်တို့နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့ပါ သည်။ 

အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကိစ္စကို ပြင်ပမှမစွက်ဖက်ရေး၊ မနှောင့်ယှက်ရေး၊ အဖွဲ့ဝင်နိုင်ငံများအကြား နိုင့်ထက်စီးနင်းမှုမရှိရေး စသည့် မူ များကို အာဆီယံအနေဖြင့် လေးစားသင့်ပြီး  မြန်မာနိုင်ငံသည် မိမိ၏ပြည်တွင်းရေးကိစ္စကို မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေမှုကို လေးစားရန်လိုကြောင်းယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

(၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဆိုင်ရာ ပူးတွဲထုတ်ပြန်ချက် ပါ  မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုများ ခေါင်းစဉ်အောက်တွင် မြန်မာနိုင်ငံက တူညီဆန္ဒ (၅)ရပ် အကောင်အထည်ဖော်ရာတွင် တိုးတက်မှုမရှိကြောင်း ဖော်ပြချက်သည် မြန်မာနိုင်ငံ၏ အမှန်တကယ်ကြိုးပမ်းဆောင်ရွက်နေမှုများကို မျက်ကွယ်ပြု၍ လျစ်လျူရှုရာရောက်သည့်အတွက် ကန့်ကွက်ကြောင်းဆိုသည်။

မြန်မာနိုင်ငံသည် နိုင်ငံတွင်း ငြိမ်းချမ်း၊ တည်ငြိမ်မှုရရှိရေးအတွက် ကြိုးပမ်းနေသကဲ့သို့ တစ်ချိန်တည်းမှာပင် တူညီဆန္ဒ(၅)ရပ် အကောင်အထည်ဖော်ခြင်းကို လက်ရှိအာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယား၏ အထူးကိုယ်စားလှယ်နှင့် အပြုသဘော နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိ ပါသည်။   

မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် အစိုးရက ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်တိုင် ဦးဆောင်၍ ငြိမ်းချမ်းရေးကြိုးပမ်းအားထုတ်မှုများ ဆောင်ရွက်နေခြင်းသည် သိသာထင်ရှား သည့် တိုးတက်မှုတစ်ရပ်ဖြစ်ပါသည်။ 

တစ်နိုင်ငံလုံးတွင် ထာဝရငြိမ်းချမ်းမှုရရှိရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် တိုင်းရင်းသားလက်နက်ကိုင်(၁၀)ဖွဲ့နှင့် တွေ့ဆုံ ခဲ့ပြီး၊ ညှိနှိုင်းရေးကော်မတီသည်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီ များ၊ ငြိမ်းချမ်းရေးကိုလိုလားသည့် အခြားအဖွဲ့အစည်းများနှင့် (၇၅)ကြိမ် တွေ့ဆုံကာ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရေးအတွက် ပွင့်လင်းစွာ ဆွေးနွေးလျက်ရှိပါသည်။ 

ထို့ကြောင့် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးရရှိရန်အတွက် အစွမ်းကုန်ကြိုးပမ်းနေသော်လည်း NUG နှင့် PDF များက အကြမ်းဖက်မှုများကို ဆက်လက်လုပ်ဆောင်နေပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များ ကြောင့် အပြစ်မဲ့ပြည်သူများစွာ သေဆုံးဒဏ်ရာရမှုများကိုလည်း အစိုးရမှ အချိန်နှင့်တစ်ပြေးညီ တရားဝင်သတင်းများ ထုတ်ပြန်အသိပေးခဲ့ပြီးဖြစ်သည်။ 

သို့ပါ၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပြင်ပနိုင်ငံများသည် မြန်မာနိုင်ငံကို ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရေးကူညီရန် အမှန်တကယ် ဆန္ဒရှိသည်ဆိုပါက အကြမ်းဖက်အဖွဲ့အစည်း များဖြစ်သည့် NUG နှင့် PDF တို့နှင့် ထိတွေ့ဆက်ဆံရန် ပြောဆိုမှုများနှင့် အားပေးသည့် လုပ်ရပ်များကို ရှောင်ရှားသွားရမည်ဖြစ်သည်။ 

တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ရာတွင် သိသာထင်ရှားသည့် နောက်ထပ် ကိစ္စရပ်တစ်ခုမှာ AHA စင်တာမှတစ်ဆင့် လူသားချင်းစာနာမှု အကူအညီများပေးအပ်နေခြင်း ပင်ဖြစ်ပါသည်။ 

ထို့အပြင် လူသားချင်းစာနာမှု အကူအညီများလိုအပ်နေသူများထံသို့ မျှတမှုရှိပြီး ခွဲခြား ဆက်ဆံမှုမရှိဘဲ ပေးပို့ဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုကို အထူးအလေးထား၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ထို့ကြောင့် တူညီဆန္ဒ(၅)ရပ် အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်သည့်အခါတွင် မြန်မာနိုင်ငံက လက်တွေ့ဆောင်ရွက်နေသော ပကတိအခြေအနေများကို မှန်မှန်ကန်ကန် ထည့်သွင်းစဉ်းစားပြီး မျှတစွာသုံးသပ်ရန် လိုအပ်ပါသည်။ တစ်ဖက်သတ်သုံးသပ်ခြင်းမျိုး မဆောင်ရွက်သင့်ကြောင်းဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic Acid) ၂၅၅၀၀ လီတာကိုဖမ်းမိ

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည ၆ နာရီခွဲခန့်က ပျော်ဘွယ်မြို့နယ်၊ သပြေရိုးကျေးရွာ၌ စိုးသက်ပိုင်အား အထောက်ထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၃၀ လီတာစီပါ ပလတ်စတစ်ပုံး(၈၅ဝ)ပုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ယင်း ဓာတုပစ္စည်းများကို သိမ်းဆည်းရန် အခကြေးငွေပေး၍စေခိုင်းသူ ဇော်လင်းဦးအား ဇွန် ၁၀ ရက်၊ ဓာတုပစ္စည်းများအား ရန်ကုန်မြို့မှပျော်ဘွယ်မြို့သို့ တာဝန်ခံသယ်ဆောင်သူကျော်မြင့်ဦး(ခ)ဖိုးကျော်(ခ)ဖြိုးကျော်အား ဇွန်...

သီတဂူစက္ခုဒါန ဆေးရုံတွင် မျက်စိကုသရန် စာရင်းပေးသွင်းသူ (၁,၂၀၀)ဦးကျော်ရှိခဲ့

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအတွက် ယနေ့ ဇွန် ၂၀ ရက်(တစ်ရက်တည်း)ဖြင့် စာရင်းပေးသွင်းသူ(၁,၂၀၀)ဦးကျော်ရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်း ပါရမီလမ်း၊ ပင်လုံလမ်းနှင့် ဦးဝိစာရလမ်းဆုံမီးပွိုင့်နှင့် နာရီစင်မှတ်တိုင်အနီးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ပြုလုပ်မည့် သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူ၌ လာရောက်ကုသမှုခံယူလိုသူ များအား ဇွန် ၂၀ ရက်နံနက် ၇ နာရီမှစတင်၍ စာရင်းပေးသွင်းရန် ကြေညာထားခဲ့သည်။ ထိုသို့ ကြေညာထားသော်လည်း နံနက် ၄ နာရီမှစတင်ကာ တန်းစီစောင့်ဆိုင်းနေကြသူများရှိခဲ့ပြီး ကုသမှုခံယူလိုသူများပြားသဖြင့် တစ်ရက်တည်း၌ပင် လူဦးရေ(၁,၂၀၀)ကျော်သွားခဲ့၍ စာရင်းပိတ်ခဲ့ကြောင်း...

နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံ

ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်တို့ ယနေ့ ဇွန် ၂၀ ရက်နံနက် ၁၀ နာရီခွဲက နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးဦးကိုကိုကျော်သည်လည်း ယနေ့ ဇွန် ၂၀ ရက်မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနနှင့် ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန် ကြီးဌာန၊ အာရှနှင့် ပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေးဌာနတို့ကြား တွေ့ဆုံဆွေးနွေးပွဲတက်ရောက်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071