ယခု အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသည့် ပဲခူးမြို့နယ် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံ စီမံကိန်းသည် လက်ရှိအချိန်တွင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၉၂ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပဲခူးမြိုနယ်အတွင်း လျှပ်စစ်ဓာတ်အား ပိုလွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲစီမံကိန်းလုပ်ငန်းခွင်အတွင်း Control Building နှင့် Switch Yard တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီး၊ ထရန်စဖော်မာများ၊ Shunt Reactor နှင့် Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်ပြီးစီးနေပြီး ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းလုပ်ဆောင်မှုများကိုလည်း ယမန်နေ့ ဒီဇင်ဘာ(၂၄)ရက်နေ့က လျှပ်စစ်စွမ်းအားဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဦးညဏ်ထွန်းက သွားရောက်ကြည့်ရူခဲ့ကြောင်း သိရသည်။ ထိုနောက် ပဲခူးတိုင်းဒေသကြီး တောင်ငူမြိုရှိ မြိုရှောင်ရထားလမ်းဖောက်လုပ်ခြင်းနှင့် မြိုကွက်သစ်တိုးချဲ့စီမံကိန်းဧရိယာနှင့် လွတ်ကင်းမှုမရှိသည့် ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်မည့်အခြေအနေနှင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြိုနယ်ရှိ ၂၃၀ ကေဗွီမြောင်းတကာပင်မဓာတ်အားခွဲရုံမှ မြောင်းတကာစက်မှုဇုန်သို ဓာတ်အားပိုလွှတ် ဖြန့်ဖြူးပေးနေမှုတိုကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း လည်း သိရသည်။ တောင်ငူ မြို့ရှောင်ရထားလမ်းဖောက်လုပ်ရာတွင် လွတ်ကင်းမှုမရှိသည့် ဓာတ်အားလိုင်းများအား ပြောင်းရွှေ့တည်ဆောက်မည့် အခြေအနေနှင့် မြိုကွက်သစ်တိုးချဲ့စီမံကိန်းဧရိယာနှင့် လွတ်ကင်းမှုမရှိသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဓာတ်အားလိုင်းပြောင်းရွှေ့တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်မည့် အစီအမံများ၊ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးနှင့် ဓာတ်အားပြန်လည်ပိုလွှတ်နိုင်ရေး ဆောင်ရွက်သွားမည့် ဖြစ်ကြောင်း သိရသည်။
