Wednesday, May 21, 2025

တစ်ရက်တည်းတွင် သတ်မှတ်အသင်းအရေအတွက် ပြည့်ခဲ့သည့် MFF...

MFF Futsal Amateur Cup 2025 ပြိုင်ပွဲကို အသင်းပေါင်း (၅၀) ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အသင်းဝင်ခွင့်လျှောက်လွှာများကို ယမန်နေ့ မေ...

လိုင်စင်မဲ့ယာဥ်များစီးနင်းမှုကို ဖော်ထုတ်အရေးယူရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

လိုင်စင်မဲ့ယာဉ်များဖော်ထုတ်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် မှာကြားခဲ့ခြင်းဖြစ်သည်။ လိုင်စင်မဲ့မော်တော်ယာဉ်နှင့်...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)...

ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)သိန်းခွဲကျော်လုပ်ကိုင်လျက်ရှိသည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်သည် အကောင်းဆုံးဖြစ်ဟု နစက...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်ကိုထုတ်ယူသုံးစွဲခြင်းသည် အကောင်းဆုံးဖြစ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်က ဒုတိယနေ့အဖြစ်ဆက်လက်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့...
HomeNewsLocal News၃ နှစ်အတွင်း ပထမအကြိမ်...

၃ နှစ်အတွင်း ပထမအကြိမ် အိမ်ရှင်အဖြစ် လက်ခံကစားသည့်ပွဲတွင် မြန်မာအသင်း မလေးရှားအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်

မြန်မာနိုင်ငံက ၃ နှစ်အတွင်း ပထမအကြိမ်အိမ်ရှင်အဖြစ် လက်ခံကစားသည့်ပွဲဖြစ််သည့်မြန်မာအသင်းနှင့် မလေးရှားအသင်းပွဲစဉ်တွင်  မြန်မာအသင်းက မလေးရှားအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ်ခဲ့သည်။

၂၀၂၂ အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် မလေးရှားလက်ရွေးစင်အသင်းတို့သည် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းတွင် ယနေ့ ဒီဇင်ဘာ (၂၁) ရက်် ညနေ ၄ နာရီ ၃၀ မိနစ်က ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်း၏ အသင်းခေါင်းဆောင် မောင်မောင်လွင် ဒဏ်ရာရပြီးနောက်ပိုင်း

မလေးရှား အသင်းသည် ပွဲကို စိုးမိုးကစားခဲ့ပြီး ပွဲကစားချိန် ၅၂ မိနစ်တွင် ဦးဆောင်ဂိုး ရရှိခဲ့သည်။

ဦးဆောင်ဂိုးပေးခဲ့ရပြီးနောက်ပိုင်း မြန်မာအသင်းသည် တရစပ်တိုက်စစ်ဆင်ကစားလာပြီး မလေးရှားနောက်တန်းကို အကောင်းဆုံး ဖိအားပေးကစားလာခဲ့ကာ ပွဲပြီးခါနီး ၉၁ မိနစ်တွင် ပင်နယ်တီ ရရှိခဲ့ပေမယ့်လည်း မလေးရှားဂိုးသမား က လက်စွမ်းပြ ကာကွယ်သွားခဲ့သည်။

ထို့ကြောင့်ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းက မလေးရှားအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်သွားခဲ့သည်။

မြန်မာလက်ရွေးစင်အသင်းသည် ဒီဇင်ဘာ ၂၄ ရက်တွင် စင်္ကာပူအသင်း (အဝေးကွင်း)၊ ဒီဇင်ဘာ ၃၀ ရက်တွင် လာအိုအသင်း (အိမ်ကွင်း)၊ ၂၀၂၃ ဇန်နဝါရီ ၃ ရက်တွင် ဗီယက်နမ်အသင်း (အဝေးကွင်း) စသည့်အသင်းများကို ယှဉ်ပြိုင်ရဦးမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်ရက်တည်းတွင် သတ်မှတ်အသင်းအရေအတွက် ပြည့်ခဲ့သည့် MFF Futsal Amateur Cup 2025 ပြိုင်ပွဲဝင်ခွင့်

MFF Futsal Amateur Cup 2025 ပြိုင်ပွဲကို အသင်းပေါင်း (၅၀) ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အသင်းဝင်ခွင့်လျှောက်လွှာများကို ယမန်နေ့ မေ (၂၀)ရက် နံနက်ပိုင်းအချိန်၌ စတင်ထုတ်ပေးခဲ့ရာ ညနေပိုင်းအချိန်တွင် အသင်းအရည်အတွက် ပြည့်သွားခဲ့ပြီဖြစ်ကြောင်း ဖူဆယ်ကော်မတီက အသိပေးထားသည်။ ယခင်က အသင်းဝင်ခွင့် လျှောက်လွှာများကို မေ (၂၀)ရက် မှ (၂၃) ရက်အထိ လက်ခံသွားရန် စီစဉ်ထားသော်လည်း ပြိုင်ပွဲဝင် အသင်းအရေအတွက် အသင်း (၅၀)ပြည့် သွားခဲ့ပြီဖြစ်သဖြင့် အသင်းလျှောက်လွှာ ထုတ်ပေးခြင်းကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း အသိပေးထားသည်။ ယနေ့...

လိုင်စင်မဲ့ယာဥ်များစီးနင်းမှုကို ဖော်ထုတ်အရေးယူရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

လိုင်စင်မဲ့ယာဉ်များဖော်ထုတ်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် မှာကြားခဲ့ခြင်းဖြစ်သည်။ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များစီးနင်းနေမှုများကို ဖော်ထုတ်ရမည်ဖြစ်ကာ နံပါတ်ပြားအတုပြုလုပ်ခြင်း၊ လိုင်စင်အတုပြုလုပ်ခြင်းများကိုတွေ့ရှိရသဖြင့် တာဝန်ရှိသူများအနေဖြင့် ပါဝင်ပတ်သက်နေသူများအားလုံးကို စိစစ်ဖော်ထုတ်အရေးယူရမည်ဟု မှာကြားသည်။ " အဲဒီလိုစီးနင်းနေမှုတွေကြောင့် နိုင်ငံတော်အနေနဲ့ အခွန်အခတွေများစွာနစ်နာရသလို လုံခြုံရေးဆိုင်ရာကိစ္စတွေမှာလည်း အခက်အခဲတွေဖြစ်ပေါ်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းနဲ့ပြည်နယ်တွေအလိုက် လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေစီးနင်းမှုမရှိစေဖို့ကြပ်မတ်ဆောင်ရွက်ကြရပါမယ်"ဟု နစက ဥက္ကဋ္ဌက မှာကြားသည်။ ထို့အတူ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှလည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုထိခိုက်စေသည့် နယ်စပ်ဒေသများမှ တရားမဝင်ကုန်သွယ်မှုများမရှိစေရန်...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄) သိန်းခွဲကျော်လုပ်ကိုင်လျက်ရှိ

ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)သိန်းခွဲကျော်လုပ်ကိုင်လျက်ရှိသည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအထောက်အကူပြုနိုင်သည့် အင်အားများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများဖြစ်ပြီး ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်ရှိသည်ဟု ပြောသည်။ " အဲဒီအထဲကမှ(၄၃၀၀)ကျော်ကို SME Member ကတ်တွေထုတ်ပေးထားပြီးဖြစ်ပါတယ်။ အဲဒီ MSME လုပ်ငန်း(၈)သောင်းကျော်မှာ လုပ်သားဦးရေ(၄၆၄၀၀၀)ကျော်လုပ်ကိုင်နေကြပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် MSME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်နေပါတယ်"ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071