လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှုများ ဆွတ်ခူးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ကြရန် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ပြောသည်။
ယမန်နေ့က ကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲများ၏ အားကစားအောင်နိုင်ရေးနှင့် မျှော်မှန်းဆုတံဆိပ်များရရှိရေး ညှိနှိင်းအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အားကစားအဖွဲများ၏ အားကစားအောင်နိုင်ရေး၊ အားကစားနည်းအလိုက် မျှော်မှန်းဆုတံဆိပ်များရရှိရေး၊ ပြိုင်ပွဲကာလအတွင်း တည်းခိုနေထိုင်မှု၊ စားသောက်မှု၊ လေ့ကျင့်မှုများနှင့် ကြိုဆိုနေရာချထားရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက်လုပ်ငန်းတာဝန်များ ကြိုတင်ခွဲဝေဆောင်ရွက်ရေးလုပ်ဆောင်ကြရန်လည်း ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ပြောသည်။
၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို လာမည့် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည်ဖြစ်ပြီး ဗန်ကောက်၊ ချွန်ဘူရီနှင့် ဆုန်ခလာမြိုတို့၌ ကျင်းပမည်ဖြစ်သည်။
