Looking for something?

Explore the website

Looking for something?

Saturday, May 24, 2025

မြန်မာအစိုးရနှင့်ထိတွေ့ဆက်ဆံမှုကျယ်ပြန့်စေရန်ထိုင်းကတွန်းအားပေးနေ

လာမည့်သီတင်းပတ်တွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှခေါင်းဆောင် ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ပိုမိုထိတွေ့ဆက်ဆံရေးအတွက် ထိုင်းနိုင်ငံကရပ်တည်‌ပြောကြားပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး ရှည်ကြာနေသော ပြည်တွင်းစစ် အဆုံးသတ်ရေးတွင်...

ဟမ်းဘတ်မြို့ဘူတာရုံတွင် ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈...

ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့ရှိ အဓိကရထားဘူတာရုံတွင် သောကြာနေ့ညနေပိုင်းက ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့သူ လေးဦးမှာ...

ထိုင်းမှာ ရဲရဟတ်ယာဉ်ပျ-က်ကျ၍လူသုံးဦး‌ေ-သဆုံး

ထိုင်းနိုင်ငံ ပရာချွတ်ခီရီခန် ပြည်နယ် မွမ်ခရိုင်တွင် စနေနေ့ မွန်းလွဲပိုင်းက ရဲရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ မီးလေ-ာင်ခဲ့မှုကြောင့် လူ သုံးဦး‌ေ-သဆုံးကာ တစ်ဦးလေထီးခုန်ထွက်ခဲ့ကြောင်း သိရသည်။ နွန်ကော့ကျေးရွာတွင်...

လေပိုင်နက်သုံးခွင့်ပိ-တ်ထားခြင်းကိုအိန္ဒိယနှင့်ပါကစ္စတန် သက်တမ်းတိုး

ပါကစ္စတန်နိုင်ငံသည် အိန္ဒိယလေယာဉ်အားလုံးကို ၎င်း၏ လေပိုင်နက်အသုံးပြုခွင့်ကို ပိ-တ်ပင်ထားခြင်းကို တစ်လသက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့(PCAA) က သောကြာနေ့တွင် ကြေညာခဲ့သည်။ PCAA ၏ ထုတ်ပြန်ကြေညာခဲ့သော...
HomeNewsLocal News(၃)လအတွင်း မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်...

(၃)လအတွင်း မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၉,၀၄၅) ဦးကို ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်မှ ဧပြီလ (၃၀) ရက်အထိ (၃)လတာအတွင်း မြန်မာနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း (၉,၀၄၅) ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

၎င်းတို့အနက်မှ (၇,၅၈၅) ဦးကို ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင် လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင် ငံသား (၁,၄၆၀) ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံ အတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ကျောက်ခတ်နယ်မြေတွင်အွန်လိုင်းလေ-ာင်းကစားမှုများ၊ အွန်လိုင်းလိ-မ်လ-ည် မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူများအား ခြိမ်းခြောက်ထိခိုက်များ ရှိလာသည့် အွန်လိုင်းလိ-မ်လ-ည်မှု၊ အွန်လိုင်းလေ-ာင်းကစားမှု အပါအဝင် အွန်လိုင်းဒုစရိုက်မှုမျိုးစုံကို အမျိုးသားရေးအသွင်ဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများ နှင့် ပူးပေါင်းလက်တွဲကာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား တို-က်ဖျက်နှိမ်နင်းပြီး ထိန်းသိမ်းစစ်ဆေး လွှဲပြောင်းပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူ အဆင့်ဆင့်တို့ကလည်း အွန်လိုင်းလိ-မ်လ-ည်မှု၊ အွန်လိုင်း လေ-ာင်းကစားမှုအပါအဝင် အွန်လိုင်းဒုစရိုက်မှုလုပ်ငန်းများမရှိစေရေးဖော်ထုတ်ခြင်း၊ အရေးယူခြင်းတို့ကို ပြတ်ပြတ်သားသား ကိုင်တွယ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာအစိုးရနှင့်ထိတွေ့ဆက်ဆံမှုကျယ်ပြန့်စေရန်ထိုင်းကတွန်းအားပေးနေ

လာမည့်သီတင်းပတ်တွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှခေါင်းဆောင် ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ပိုမိုထိတွေ့ဆက်ဆံရေးအတွက် ထိုင်းနိုင်ငံကရပ်တည်‌ပြောကြားပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး ရှည်ကြာနေသော ပြည်တွင်းစစ် အဆုံးသတ်ရေးတွင် သံတမန်ရေးရာအရပိုမို အားထုတ်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဆောင်မည်ဟု သူကဆိုသည်။ အာဆီယံက ချမှတ်ထားသော ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးအစီအမံသည် မကြာသေးခင်ကအထိ တိုးတက်မှု တစ်စုံတရာမရှိခဲ့သော်လည်း အာဆီယံဥက္ကဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်သည် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်လည်းကောင်း၊ NUG နှင့် လည်းကောင်း သီးခြားဆွေးနွေးခဲ့သည့်အပြင်တွေ့ဆုံဆွေးနွေးရန် အသစ်တဖန်တွန်းအားပေးခဲ့သည်။ လူပေါင်း...

ဟမ်းဘတ်မြို့ဘူတာရုံတွင် ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ဒဏ်ရာရ

ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့ရှိ အဓိကရထားဘူတာရုံတွင် သောကြာနေ့ညနေပိုင်းက ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့သူ လေးဦးမှာ ကျန်းမာရေးတည်ငြိမ်လာပြီဖြစ်ကြောင်း ဟမ်ဘတ်ရဲတပ်ဖွဲ့က စနေနေ့တွင်ပြောကြားခဲ့သည်။ သောကြာနေ့ ညနေ ၆ နာရီ (ဂရင်းနစ်စံတော်ချိန် ညနေ ၄ နာရီ) ခန့်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်ပွားရာနေရာ၌ အသက် ၃၉ နှစ်အရွယ် ဂျာမန်အမျိုးသမီးတစ်ဦးကို ရဲအရာရှိများက ဖမ်းဆီးခဲ့သည်။ သံသယရှိသူတွင် စိတ်ကျန်းမာရေးချို့ယွင်းမှုရှိကြောင်း "အလွန်ခိုင်မာသော အထောက်အထား" ရှိပြီး တိုက်ခိုက်မှုမှာ နိုင်ငံရေးလှုံ့ဆော်မှုကြောင့်ဟူသည့် အထောက်အထားမတွေ့ရဟု...

ထိုင်းမှာ ရဲရဟတ်ယာဉ်ပျ-က်ကျ၍လူသုံးဦး‌ေ-သဆုံး

ထိုင်းနိုင်ငံ ပရာချွတ်ခီရီခန် ပြည်နယ် မွမ်ခရိုင်တွင် စနေနေ့ မွန်းလွဲပိုင်းက ရဲရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ မီးလေ-ာင်ခဲ့မှုကြောင့် လူ သုံးဦး‌ေ-သဆုံးကာ တစ်ဦးလေထီးခုန်ထွက်ခဲ့ကြောင်း သိရသည်။ နွန်ကော့ကျေးရွာတွင် မွန်းလွဲ ၁ နာရီခန့်က ရဟတ်ယာဉ်ပျ-က်ကျကာ မီးတောက်လေ-ာင်ခဲ့ခြင်းဖြစ်ပြီး မီးသ-တ်သမားများနှင့် ကယ်ဆယ်ရေးသမားများက မီးငြှိမ်းသတ်ပေးခဲ့သည်။ ဖြစ်စဉ်တွင် ပိုင်းလော့နှစ်ဦးနှင့် စက်ပြင်ဆရာတစ်ဦးတို့ ‌ေ-သဆုံးခဲ့သည်ဟု ထိုင်းမီးသတ်နှင့် ကယ်ဆယ်ရေးဌာန ဖေ့စ်ဘုတ်ပေ့ချ်တွင် ဖော်ပြခဲ့ပြီး လေထီးခုန်ထွက်ခဲ့သူ၏ အခြေအနေကိုမူ မသိရသေးပေ။ အဆိုပါရဟတ်ယာဉ်သည် ကန်ချနာဘူရီရဲတပ်ဖွဲ့ လေကြောင်းရဲဌာနမှ ဘဲလ် ၂၁၂ အမျိုးအစားရဟတ်ယာဉ်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး ရဟတ်ယာဉ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071