မြန်မာ့လက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းသည် ဖိလစ်ပိုင် ယူ-၂၃ အသင်းကို အဖွင့်ပွဲစဉ်မှာပင် (၂)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
ယနေ့ ပွဲစဉ်တွင် မြန်မာအသင်းသည် ပြိုင်ဘက် ဖိလစ်ပိုင်အသင်း၏ တိုက်စစ်ပိုင်းကို ခုခံချေပမှု အားနည်းသည်ကိုတွေ့ရပြီး ဖိလစ်ပိုင်အသင်း၏ တိုက်စစ်အားကောင်းမှုကြောင့် ချေပဂိုးပင် မသွင်းနိုင်ခဲ့ပေ။
မြန်မာ-ဖိလစ်ပိုင်တို့အသင်းသည် ယနေ့ ညနေ (၅ )နာရီခွဲအချိန်၌ ချင်းမိုင်မြို့ 700th Anniversary Stadium ၌ ယှဉ် ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် ယူ-၂၃အသင်းကို
နည်းပြချုပ် ကူရိုဆာကီက တာဝန်ယူကိုင်တွယ်နေသည်။
