Tuesday, April 22, 2025

လားရှိုးမြို့သို့ ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်းများ တပ်နေရာချမှု...

ယနေ့ ဧပြီ(၂၂)ရက် နံနက်ပိုင်းအချိန်က လားရှိုးမြို့သို့ စတင်ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်း အနေဖြင့်ထောက်ပို့တပ် အပါအဝင် ခလရ (၄၁) တပ်တို့တွင် တပ်နေရာနေရာချထားမှုများ ဆောင်ရွက်လျက်ရှိသည်ဟု...

ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ပမှဘိလပ်မြေများ...

ငလျင်ဒဏ်သင့်ဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ပမှ တင်သွင်းခွင့်ပြုထားသည့် ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်း၌ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်...

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ...

မြန်မာ့တပ်မတော်မှ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၂ ရက်မှ ၂၂ ရက်အထိသတ်မှတ်ခဲ့ရာမှ ယင်း ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးကာလကို ဧပြီ ၃၀ ရက်အထိထပ်မံတိုးမြှင့်ခဲ့ကြောင်း...

စစ်ကိုင်းရှိ ငလျင်ဒဏ်သင့် အိမ်ထောင်စု(၁၁၁)စုအား ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ငလျင်ကယ်ဆယ်ရေးစခန်းများတွင် ယာယီနေထိုင်သူများအနက် အိမ်ထောင်စု(၁၁၁)စုအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကို ယနေ့ ဧပြီ ၂၂ ရက်နံနက်ပိုင်းက IBEC ဆရာတော်တည်...
HomeNewsLocal News၂ နှစ်ကျော်ကြာပိတ်ထားသည့် မြန်မာ-ထိုင်းနယ်စပ်ရှိ...

၂ နှစ်ကျော်ကြာပိတ်ထားသည့် မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအမှတ်(၁)အား ဇန်နဝါရီ ၁၂ ရက်တွင်ပြန်ဖွင့်မည်

ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ၂ နှစ်ကျော်ကြာပိတ်ထားသည့် မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ -မဲဆောက် ချစ်ကြည်ရေးတံတားအမှတ်(၁)အား ဇန်နဝါရီ ၁၂ ရက်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်ကြည်ရေးတံတားအမှတ်(၁)အား ပြန်လည်ဖွင့်လှစ်ရန် တာ့က်ခရိုင်၌ ထိုင်းနိုင်ငံတာဝန်ရှိသူများက ဇန်နဝါရီ ၆ ရက်တွင် အစည်းအဝေးပြုလုပ်ခဲ့ကြပြီးနောက် ဇန်နဝါရီ ၁၂ ရက်၌ပြန်လည်ဖွင့်လှစ်မည်ဟု မဲဆောက်မြို့၏ မြို့တော်ဝန် မစ္စတာ စုံချိုင် တရိုင်ထစ်ချတ်စကွန်က အသိပေးရေးသားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“တံတားပြန်ဖွင့်ဖို့ကသေချာသွားပြီ မဲဆောက်မြို့တော်ဝန်က တရားဝင်ထုတ်ပြန်လိုက်တယ် ကုန်စည်ကူးသန်းရောင်းဝယ်ဖို့အတွက် ပိုပြီးအဆင်ပြေသွားတာပေါ့ အခုဆိုရင် မြဝတီမြို့က ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံးမှာ ဇန်နဝါရီ ၉ ရက်ကစပြီး နိုင်ငံကူးနယ်ခြားဖြတ်ကျော်ခွင့်စာအုပ်(Boder Pass)တွေလုပ်ပေးနေပြီ”ဟု မြဝတီမြို့ခံတစ်ဦးဖြစ်သည့် ကိုညီညီကပြောသည်။

အဆိုပါ နိုင်ငံကူးနယ်ခြားဖြတ်ကျော်ခွင့်စာအုပ် (Boder Pass) သည် မြဝတီမြို့မှမဲဆောက်မြို့သို့သွားရောက်ရာတွင် အသုံးပြုရသည့် စာအုပ်ဖြစ်ကာ တံတားပြန်လည်ဖွင့်လှစ်မည့်သတင်းအရ ပြုလုပ်သူများပြားလျက်ရှိကြောင်း သိရသည်။

မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားအမှတ်(၁) အား ပြန်လည်ဖွင့်လှစ်ရန် မြန်မာနိုင်ငံမှတာဝန်ရှိသူများနှင့်ထိုင်းနိုင်ငံမှတာဝန်ရှိသူများ အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပြန်လည်ဖွင့်လှစ်နိုင်ရန် မြန်မာနိုင်ငံဘက်ခြမ်းရှိ တံတားပေါ်နှင့်ဌာနဆိုင်ရာအဆောက်အဦးများထိုင်းနိုင်ငံဘက်ခြမ်းရှိ တံတားနှင့်ဌာနဆိုင်ရာအဆောက်အဦးများအား သန့်ရှင်းရေးပြုလုပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။

“တံတားပြန်ဖွင့်မယ့်သတင်းက ခနခနကြားနေရတယ် ပြီးခဲ့တဲ့ ၈ ရက်နေ့ကဖွင့်မယ်လို့သတင်းကြားတယ် မဖွင့်ဖြစ်ဘူး ၁၂ ရက်နေ့ကတော့တကယ်ဖွင့်ဖြစ်ပြီ ထိုင်းနိုင်ငံဘက်မှာတော့ အခမ်းအနားနဲ့ဖွင့်မယ်လိုလည်းကြားတယ် မြန်မာနိုင်ငံဖက်ကတော့ အခမ်းအနားနဲ့ဖွင့်ဖို့ရှိ/မရှိမသိဘူး” ဟု မြဝတီမြို့ခံတစ်ဦးဖြစ်သည့် ကိုညီညီကပြောသည်။

Photo-ဘီဝမ်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လားရှိုးမြို့သို့ ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်းများ တပ်နေရာချမှု ဆောင်ရွက်နေဟုဆို

ယနေ့ ဧပြီ(၂၂)ရက် နံနက်ပိုင်းအချိန်က လားရှိုးမြို့သို့ စတင်ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်း အနေဖြင့်ထောက်ပို့တပ် အပါအဝင် ခလရ (၄၁) တပ်တို့တွင် တပ်နေရာနေရာချထားမှုများ ဆောင်ရွက်လျက်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက‌ ပေါ်ပြူလာနယူးစ်ကို ပြောသည်။ " မြို့တွင်းမှာအေးဆေးပါဘဲ၊ အခု (၆၂၆)ထောက်ပို့တပ်နဲ့ ခလရ (၄၁) တပ်တွေမှာ တပ်နေရာချထားတာတွေလုပ်နေတာတွေ့ရပါတယ်" ဟု ၎င်းက ဆိုသည်။ ထို့ပြင် ယနေ့ ဝင်ရောက်လာသည့် တပ်မတော် စစ်ကြောင်းတွင် တပ်မိသားစုဝင်များ ပါဝင်လာသည်ကို တွေ့ရသော်လည်း ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများပါဝင်လာသည်ကိုမတွေ့ရှိရကြောင်း ၎င်းက သူမြင်တွေ့ရသည်ကို ပြောကြားသည်။ လားရှိုးမြို့အုပ်ချုပ်ရေးဆိုင်ရာအတွက် တပ်မတော်နှင့်...

ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ပမှဘိလပ်မြေများ ထပ်မံရောက်ရှိလာ

ငလျင်ဒဏ်သင့်ဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ပမှ တင်သွင်းခွင့်ပြုထားသည့် ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်း၌ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ တည်ဆောက်မှု လုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်းဘိလပ်မြေ လိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှ ဘိလပ်မြေများကို တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေရေယာဉ်များ စဉ်ဆက်မပြတ်ရောက်ရှိလျက်ရှိပြီး ယခုတန်ချိန် (၂၄၀၀) တင်ဆောင်လာသည့်ရေယာဉ်သည် ရန်ကုန်မြို့ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း သာကေတဆိပ်ခံတံတားသို့ ဧပြီ (၂၀)...

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်

မြန်မာ့တပ်မတော်မှ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၂ ရက်မှ ၂၂ ရက်အထိသတ်မှတ်ခဲ့ရာမှ ယင်း ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးကာလကို ဧပြီ ၃၀ ရက်အထိထပ်မံတိုးမြှင့်ခဲ့ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးမှ ယနေ့ ဧပြီ ၂၂ ရက်ကထုတ်ပြန်ခဲ့သည်။ မြန်မာ့တပ်မတော်မှ နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်နှင့် နိုင် ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုလျှင်မြန်စွာဖော်ဆောင်နိုင်ရန်၊ ရေရှည်တည်တံ့ပြီးစစ်မှန်သည့်ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်စေရန်နှင့် တည်ငြိမ် အေးချမ်းမှုကိုရှေးရှု၍ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးထုတ်ပြန် ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071