Tuesday, April 22, 2025

အမေရိက,ကအာဆီယံနိုင်ငံများမှဆိုလာသွင်းကုန်များကို35ဆခွဲထိအခွန်တိုးကောက်

ထရမ့်ပ်အစိုးရအဖွဲ့သည် ၎င်း၏ နောက်ဆုံးအကောက်ခွန် စည်းကြပ်မှုတွင် အရှေ့တောင်အာရှနိုင်ငံများမှ ဆိုလာသွင်းကုန်များအပေါ် အခွန်သစ်များ ချမှတ်ခဲ့ရာ၌ အမြင့်ဆုံးသည် ၃၅၂၁ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ တရုတ်နိုင်ငံထံမှ ထောက်ပံ့မှုများကို...

လားရှိုးမြို့တွင်းသို့ တပ်မတော်မှ ဝင်ရောက်အခြေချပြီးနောက် ပြန်လည်ထူထောင်ရေး...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ MNDAA အဖွဲ့များ ဆုတ်ခွာပြီးနောက် မြို့အတွင်းသို့ တပ်မတော်မှ ဝင်ရောက်နေရာယူလျက်ရှိကြောင်းနှင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပါဝင်လာနိုင်ကြောင်း လူမှုကွန်ရက် သတင်းရင်းမြစ်များက...

ကွမ်တမ် အေအိုင်က အလွန်လျင်မြန်စွာ‌တွေးနိုင်မည်

ဧပြီ ၂၂ ကွမ်တမ် ဉာဏ်ရည်တုနည်းပညာ သည် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်း မဟုတ်ပါ။ ၎င်းသည် စက်အသိဉာဏ် ၏ ကုဒ်ကို ဖေါ်နိုင်မှု၊ ပြဿနာဖြေရှင်းနိုင်မှုများအတွက် မျိုးဆက်သစ်...

အမေရိကနှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲ ရွှေ့ဆိုင်း–ပေတုံတန်

ဧပြီလ ၂၃ ရက်‌နေ့တွင် ပြုလုပ်မည့် ထိုင်း-အမေရိက ကုန်သွယ်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို ရွှေ့ဆိုင်းလိုက်သည်ဟု ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ အစီအစဉ်...
HomeNewsLocal News(၂၇) သိန်းအထက် ဈေးတင်ရောင်းသည့်...

(၂၇) သိန်းအထက် ဈေးတင်ရောင်းသည့် ရွှေဆိုင်များကို လိုင်စင်ပိတ်သိမ်းကာ Blacklist ကြေညာမည်ဟုဆို

ဈေးကွက်အတွင်း ရွှေဈေးကစားခြင်းနှင့် ဈေးဆွဲတင်ရန်ကြိုးစားမှုများ ရှိနေသည့်အတွက် ရွှေတစ်ကျပ်သား (၂၇) သိန်းကျပ်အထက် ရောင်းချသည့် ဆိုင်များကို ဆိုင်လိုင်စင်ပိတ်သိမ်းကာ အမည်ပျက်စာရင်း ကြေညာမည်ဖြစ် ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီ (၁၁) ရက်က စတင်ကာ ရန်ကုန်မြို့ တော်စည်ပင်နှင့် သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများက ဈေးကွက်အတွင်း စစ်ဆေးမှုများ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

” ရှိရင် ချက်ချင်း ပြောလိုက် ၊ ဆိုင်လိုင်စင်သိမ်းလိုက်မှာပဲ။ မနေ့က ဆိုင်လိုင်စင်သိမ်းမယ့်အဆင့် တခါတည်း လုပ်လိုက်တာပါ။ (၂၇) သိန်းကျော်လို့ ရှိရင် မြို့တော်စည် ပင်ကို အကြောင်းကြားလိုက်၊ အဲဒီမှာ ဆိုင်လိုင်စင် သိမ်းလိုက်မှာပဲ။ ဘာမှအကြောင်းပြစရာမရှိတော့ တရုတ်နှစ်ကူးတို့ ဘာတို့ လျှောက်ပြီး ပြောနေကြတယ်။ ကျွန်တော်တို့ကတော့ NGO အသင်းပဲဆိုတော့ မေတ္တာရပ်ခံတဲ့ သဘောပဲ လုပ်နေတာ။ ဌာနဆိုင်ရာကတော့ မနေ့ကတည်းက လိုက်ပြီးတော့ စစ်ဆေးနေပါပြီ။ သူတို့ အဆင်မပြေတာတွေ့ရင်တော့ ဆိုင်လိုင်စင်တစခါတည်း ပိတ်သိမ်းပြီးတော့ BlackList တခါတည်း ကြေညာလိုက်မှာပေါ့” ဟု ဦးမျိုးမြင့်က ပြော သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ (၂၆) သိန်းခွဲဝန်းကျင်ဖြင့် တည်ငြိမ်နေသည့် ပြည်တွင်း ရွှေဈေးကွက်မှာ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ (၂၇)သိန်းအထက်သို့ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဈေးကွက် မတည်မငြိမ်ဖြစ်ရခြင်းမှာ ကောလာဟလသတင်းဖြန့်ပြီး ဈေးကစားရန် ကြိုးစားမှုများကြောင့်ဖြစ်ပြီး ယင်းသို့ ဈေးကစားရန်ကြိုးစားမှုများအား ဖော်ထုတ်ကာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ရန်ကုန်ရွှေအသင်းက ယမန်နေ့က ကြေညာချက်တစ်​စောင် ထုတ်ပြန်ထားသည်။

” တို့အသင်းသားတွေထဲက မဟုတ်ဘူးကွ။ အပြင်က လူတွေကလုပ်နေတာ။အဲဒီတော့ တို့အသင်းမှာလည်း ရွှေဈေးကွက် ပျက်တာပေါ့ကွာ။ ဈေးကွက်တည်တည်ငြိမ်ငြိမ်မရှိတော့ဘူး။ အဲဒါကြောင့် တို့ကမေတ္တာရပ်ခံနေတာပေါ့ ” ဟု ဦးမျိုးမြင့်က ပြောသည်။

ယနေ့ ဇန်နဝါရီလ (၁၂) ရက် ပြင်ပဈေးကွက်တွင် အခေါက်ရွှေ (၁) ကျပ်သား၏ ပေါက်ဈေးမှာ ၂၈၃၀၀၀၀ ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်းကြားသိရသည်။

ယနေ့ ဇန်နဝါရီ (၁၂) ရက် နံနက်ပိုင်း ဈေးကွက်ဖွင့်ချိန် တွင် ကမ္ဘာ့​ရွှေ​တ​အောင်စပေါက်​စျေးမှာ ၁၈၈၄ ​ဒေါ်လာ ဖြစ်ပြီး ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ ၂၂၁၈၄၀၀ ကျပ်ဖြင့် ဈေးဖွင့်ထားပြီး မွန်းလွဲပိုင်း ​ရောင်းဈေးနှုန်းမှာ ၂၈သိနိး ဝန်းကျင်ဟု​ပြော​နေကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိက,ကအာဆီယံနိုင်ငံများမှဆိုလာသွင်းကုန်များကို35ဆခွဲထိအခွန်တိုးကောက်

ထရမ့်ပ်အစိုးရအဖွဲ့သည် ၎င်း၏ နောက်ဆုံးအကောက်ခွန် စည်းကြပ်မှုတွင် အရှေ့တောင်အာရှနိုင်ငံများမှ ဆိုလာသွင်းကုန်များအပေါ် အခွန်သစ်များ ချမှတ်ခဲ့ရာ၌ အမြင့်ဆုံးသည် ၃၅၂၁ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ တရုတ်နိုင်ငံထံမှ ထောက်ပံ့မှုများကို မမျှတစွာ အကျိုးခံစားခွင့်ရရှိနေသော ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ရှိ ဆိုလာထုတ်လုပ်သော ကုမ္ပဏီများသည် အမေရိကဈေးကွက်သို့ အလွန် ဈေးသက်သာသော ထုတ်ကုန်များကို အလုံးအရင်း ဖြင့် ရောင်းချနေခဲ့သည်ဟု စုံစမ်းစစ်ဆေးတွေ့ရှိခဲ့ပြီးနောက် တနင်္လာနေ့က အခွန်သစ်များကို ကြေညာလိုက်ခြင်းဖြစ်သည်။ စည်းကြပ်ခွန်အသစ်များသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ ဖြည့်တင်းရေးကွင်းဆက်နှင့် ဈေးကွက်များကို ကပြောင်းကပြန်ဖြစ်စေခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

လားရှိုးမြို့တွင်းသို့ တပ်မတော်မှ ဝင်ရောက်အခြေချပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ဖွယ်ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ MNDAA အဖွဲ့များ ဆုတ်ခွာပြီးနောက် မြို့အတွင်းသို့ တပ်မတော်မှ ဝင်ရောက်နေရာယူလျက်ရှိကြောင်းနှင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပါဝင်လာနိုင်ကြောင်း လူမှုကွန်ရက် သတင်းရင်းမြစ်များက ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။ ယခုလ ဧပြီလ ၁၉ ရက်နေ့တွင် တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း လားရှိုးမြို့တွင်း ရောက်ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် တပ်မတော်နှင့် MNDAA ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း တပ်မတော်နှင့် MNDAA နှစ်ဖက်လုံးမှ တရားဝင်သတင်းထုတ်ပြန်မှုများ ထုတ်ပြန်ထားခြင်းမရှိသေးပေ။ သဘောတူညီမှုများအရ MNDAA တပ်ဖွဲ့များသည် ဧပြီ ၂၁...

ကွမ်တမ် အေအိုင်က အလွန်လျင်မြန်စွာ‌တွေးနိုင်မည်

ဧပြီ ၂၂ ကွမ်တမ် ဉာဏ်ရည်တုနည်းပညာ သည် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်း မဟုတ်ပါ။ ၎င်းသည် စက်အသိဉာဏ် ၏ ကုဒ်ကို ဖေါ်နိုင်မှု၊ ပြဿနာဖြေရှင်းနိုင်မှုများအတွက် မျိုးဆက်သစ် အနာဂတ်တစ်ခု ဖြစ်သည်။ ကွမ်တမ်မက္ကင်းနစ်ပညာရပ်ကို ဥာဏ်ရည်တုနည်းပညာနှင့် ပေါင်းစပ်ခြင်းဖြင့် သုတေသီများသည် လူတို့နှင့် ဉာဏ်ရည်အလားတူသော အထွေထွေ ဉာဏ်ရည်တု နည်းပညာ (AGI) ကိုဖွင့်လှစ်နိုင်သည့် စနစ်များကို တည်ဆောက်လျက်ရှိသည်။ ဒေတာများကိုဖြတ်ကျော်သည့် ရိုးရာဉာဏ်ရည်တု AI မိုဒယ်များနှင့်မတူဘဲ၊ ကွမ်တမ် ဉာဏ်ရည်တုနည်းပညာ AI သည် အလွန်မြန်‌ေသာ နှုန်းဖြင့် ကြီးမားသောဒေတာအတွဲများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071