(၂၁)ကြိမ်မြောက် ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ(ကျွမ်းကျင်အဆင့်)နှင့် ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ(အငယ်တန်းအဆင့်) တို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ (Japanese Literature Translation Contest) သည် ဂျပန်စာပေ ဘာသာပြန်သူများ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်ပြီး ဂျပန်ခေတ်ပြိုင်စာပေများကို မြန်မာဘာသာသို့ ပြန်ဆိုရမည့်ဘာသာပြန်ပြိုင်ပွဲဖြစ်သည်။
မြန်မာနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသား မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ကျွမ်းကျင်အဆင့်ဘာသာပြန်ပြိုင်ပွဲကို Zoom online system ဖြင့် ကျင်းပမည်ဖြစ်သည်။
လျှောက်ထားရမည့်ကာလမှာ ဇန်နဝါရီ ၅ ရက်မှ ၁၈ ရက် အထိဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပြိုင်ပွဲကျင်းပမည်ဖြစ်သည်။
ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ (အငယ်တန်းအဆင့်) (Japanese Literature Translation Entry Level Contest) သည် ဂျပန်ဘာသာအရည်အချင်း N3 အဆင့်ရှိသည့်ဂျပန်စာလေ့လာနေသူများ ဂျပန်စာပေအပေါ် စိတ်ဝင်စားမှုတိုးပွားလာစေရန်အတွက်ရည်ရွယ်ပြီး လွယ်ကူရိုးရှင်းသော ဂျပန်ဘာသာစကားဖြင့် ရေးသားထားသည့် စာမူကိုမြန်မာဘာသာသို့ ပြန်ဆိုရမည့်ဘာသာပြန်ပြိုင်ပွဲဖြစ်သည်။
မြန်မာနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသား N3 အဆင့်ရှိသည့်ဂျပန်စာလေ့လာနေသူများ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး (*ဂျပန်ဘာသာအရည်အချင်း N1, N2 အဆင့်ရှိသူများ လျှောက်ထား၍မရပါ။)ကြောင်း သိရသည်။
အငယ်တန်းအဆင့်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင်ကျင်းပမည်ဖြစ်သည်။
