တရုတ်နှစ်သစ်ကူးညချမ်း ပဒေသာ ဖျော်ဖြေပွဲအတွက် ကမ္ဘာလုံးဆိုင်ရာ မိတ်ဆက်ဗီဒီယိုကို China Media Group မှ ထုတ်ပြန်ခဲ့ပြီး မကြာခင်ရောက်ရှိလာမည့် တရုတ်နှစ်ကူးပွဲတော်အတွက် ကန့်လန့်ကာ ဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နှစ်သစ်ကူးပွဲတော်ကို နွေဦးပွဲတော်လို့ ခေါ်ဆိုကြပြီး တစ်နှစ်တာအတွင်း အကြီးကျယ် အခမ်းနားဆုံး ရိုးရာပွဲတော်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO) က လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ ထည့်သွင်းသတ်မှတ်ထားခဲ့ကြောင်းလည်း သိရသည်။
တေးဂီတအကများ၊ ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်ပြီး သိပ္ပံနည်းပညာများနှင့် အားဖြည့်ဆောင်ရွက်ပြီး ရိုးရာဓလေ့များကို ပြန်လည်ဆန်းသစ် အသက်သွင်းနေကြောင်း လည်း သိရသည်။
ယခု CMG ၏ တရုတ်နှစ်သစ်ကူး ညချမ်း ပဒေသာဖျော်ဖြေပွဲဟာ “ ဒုန်းစိုင်းနှင်မည့်မြင်း၊ ရှေ့သို့ မဆုတ်မနစ်ချီတက်ခြင်း” ဆိုပြီး တရုတ်နှစ်သစ်ကူးမြင်းနှစ်ကို ကမ္ဘာတစ်ဝန်းက ကြည့်ရူသူ ပရိတ်သတ်များအတူ ကြိုဆိုခြင်းဖြစ်ကြောင်း သိရသည်။
