Sunday, April 12, 2026

ကမ္ဘောဒီးယားတွင် တရုတ်တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းဖွင့်      

ကမ္ဘောဒီးယားနိုင်ငံ ကော့ကွန်းပြည်နယ်တွင် နိုင်ငံတော်ဓာတ်အားလိုင်းအတွက် “အစိမ်းရောင် ပါဝါဘဏ်” အဖြစ် ဆောင်ရွက်ရန် ဒီဇိုင်းထုတ်ထားသော ဒေါ်လာ ၁ ဘီလျံတန် Upper Tatay...

အီရန်နှင့်ဆွေးနွေးပွဲသဘောတူညီချက်မရဘဲ ယူအက်စ်အဖွဲ့ ပြည်တော်ပြန်

အီရန်နှင့် အချိန် ၂၁ နာရီကြာ စေ့စပ်ညှိနှိုင်းမှုများလုပ်ခဲ့သော်လည်း သဘောတူညီချက်မရရှိခဲ့သောကြောင့် အမေရိကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်မှ ပြန်လည်ထွက်ခွာပြီဖြစ်ကြောင်း အမေရိကန်ဒုတိယ သမ္မတ ဂျေဒီဗန့်စ်က တနင်္ဂနွေနေ့တွင်...

ကမ္ဘောဒီးယားနှင့် နယ်စပ်ဆွေးနွေးပွဲအတွက် ထိုင်း အသင့်မဖြစ်သေး

 ပြည်တွင်းလုပ်ထုံးလုပ်နည်းများ မပြီးပြတ်သေးသောကြောင့် ဧပြီလ ၁၇ ရက် နေ့မှ ၂၅ ရက် နေ့အထိ ကျင်းပရန် စီစဉ်ထားသော ထိုင်း-ကမ္ဘောဒီးယား ပူးတွဲနယ်နိမိတ်ကော်မရှင်(ဂျေဘီစီ)...
HomeMovies၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့...

၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၇ သန်းကျော်တင်ပို့ထား

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲတန်ချ်န် ၂ဒသမ၇သန်းကျော်တင်ပို့ပြီး ဒေါ်လာ  ၈၆၁ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ထိုကဲ့သို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ အများဆုံးတင်ပို့ပြီး နိုင်ငံပေါင်း ၁၀ နိုင်ငံနှင့်အထက်ကို တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတွင် ဘဏ္ဍာနှစ်အစဖြစ်သည့် ဧပြီလတွင် တန်ချိန် ၁၄၂၇၈၈ တန်၊ မေလတွင် ၂၅၉၅၀၁ တန်၊ ဇွန်လတွင် ၂၁၂၄၁၆ တန်၊ ဇူလိုင်လတွင်၂၃၀၆၇၂ တန်၊ ဩဂုတ်လတွင် ၁၉၂၉၈၅ တန်၊ စက်တင်ဘာလတွင် ၁၆၈၀၄၆ တန်၊ အောက်တိုဘာလတွင် ၃၁၆၉၂၀ တန်၊ နိုဝင်ဘာလတွင် ၂၆၃၈၁၅ တန်၊ ဒီဇင်ဘာလတွင် ၃၃၁၈၆၉ တန်၊ ဇန်နဝါရီလတွင် ၂၀၈၈၄၇ တန်၊ ဖေဖော်ဝါရီလတွင် ၁၇၈၁၉၁ တန်၊ မတ်လတွင် ၂၃၄၆၉၀ တန် တင်ပို့ထားကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် (၃) သန်းအထိ တင်ပို့နိုင်ရေး လျာထားဆောင်ရွက်ခဲ့သော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် တန်ချိန် (၂.၇၄) သန်းခန့်သာ တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၈၆၁ သန်း ရရှိခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘောဒီးယားတွင် တရုတ်တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းဖွင့်      

ကမ္ဘောဒီးယားနိုင်ငံ ကော့ကွန်းပြည်နယ်တွင် နိုင်ငံတော်ဓာတ်အားလိုင်းအတွက် “အစိမ်းရောင် ပါဝါဘဏ်” အဖြစ် ဆောင်ရွက်ရန် ဒီဇိုင်းထုတ်ထားသော ဒေါ်လာ ၁ ဘီလျံတန် Upper Tatay ရေအားလျှပ်စစ်စီမံကိန်းစတင်ခြင်း အခမ်းအနားကို ကမ္ဘောဒီးယားနှင့် တရုတ်အရာရှိများ တက်ရောက်ခဲ့ကြသည်။    အရှေ့တောင်အာရှနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပုံစံသို့ ပြောင်းလဲရန် အသင့်ဖြစ်နေသော တရုတ်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၏ ပထမဆုံး ဂစ်ဂါဝပ်အဆင့်ရှိ ရေအားလျှပ်စစ်စက်ရုံတည်ဆောက်မှု တရားဝင်စတင်လိုက်ပြီဖြစ်သည်။ အနောက်တောင်ပိုင်း ကော့ကွန်းပြည်နယ်တွင် တည်ရှိသော အထက်တာတေး စီမံကိန်းသည် နိုင်ငံ၏ ကြီးထွားလာသော အစိမ်းရောင်စွမ်းအင်အခြေခံအဆောက်အအုံတွင် ဒေါ်လာ ၁ ဘီလျံနီးပါး ရင်းနှီးမြှုပ်နှံမှုကို...

အီရန်နှင့်ဆွေးနွေးပွဲသဘောတူညီချက်မရဘဲ ယူအက်စ်အဖွဲ့ ပြည်တော်ပြန်

အီရန်နှင့် အချိန် ၂၁ နာရီကြာ စေ့စပ်ညှိနှိုင်းမှုများလုပ်ခဲ့သော်လည်း သဘောတူညီချက်မရရှိခဲ့သောကြောင့် အမေရိကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်မှ ပြန်လည်ထွက်ခွာပြီဖြစ်ကြောင်း အမေရိကန်ဒုတိယ သမ္မတ ဂျေဒီဗန့်စ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။       ဆွေးနွေးပွဲတွင် အားနည်းချက်များကို ဗန့်စ်က ကိုးကားပြောဆိုခဲ့ပြီး အီရန်သည် နျူကလီးယားလက်နက်များ တည်ဆောက်ရေးကိစ္စအပါအဝင် အမေရိကန်၏ စည်းကမ်းသတ်မှတ်ချက်များကို လက်မခံကြောင်း ပြောကြားခဲ့သည်။          “သတင်းဆိုးကတော့ ကျွန်တော်တို့ သဘောတူညီချက် မရသေးဘူးဆိုတာပါပဲ။ ဒါက အမေရိကန်ပြည်ထောင်စုအတွက် သတင်းဆိုးဆိုတာထက် အီရန်အတွက် ပိုပြီး သတင်းဆိုးဖြစ်မယ်လို့ ထင်ပါတယ်” ဟု ဗန့်စ်က ပြောကြားခဲ့သည်။     “ဒါကြောင့် သဘောတူညီချက်မရဘဲ ကျွန်တော်တို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071