ပေကျင်း ၊ ဇန်နဝါရီလ ၈
၂၀၂၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု စုစုပေါင်း ၂၅၈,၀၀၀ ကို တရုတ်ရဲတပ်ဖွဲ့က ဖော်ထုတ်အရေးယူနိုင်ခဲ့ပြီး လိမ်လည်မှုနှင့် ဆက်စပ်နေသော ရန်ပုံငွေ ယွမ် ၂၁.၇ သန်းကျော် (အမေရိကန်ဒေါ်လာ ၃.၁ သန်း) ကို အရေးပေါ် ထိန်းချုပ်ပိတ်ဆို့နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကျန်းမင်းက ပြီးခဲ့သည့်နှစ်အတွင်း လိမ်လည်မှုဂိုဏ်းများနှင့် ဆက်စပ်နေသည့် ထောက်ပံ့ကူညီသူများ၊ ခေါင်းဆောင်များနှင့် အဓိကအဖွဲ့ဝင် များ စုစုပေါင်း ၅၄၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ထို့အပြင် ကျန်းက ယင်းကဲ့သို့သော ရာဇဝတ်မှုများကို တို-က်ဖျ-က်ရန်အတွက် တရုတ်ရဲတပ်ဖွဲ့သည် မြန်မာ၊ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့နှင့်အတူ နိုင်ငံတကာတရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံ၊ မြဝတီမြို့နယ်မှ ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူ တရုတ်နိုင်ငံသား ၇,၆၀၀ ကျော်ကို ပြန်လည်ခေါ်ဆောင်ဖမ်းဆီးနိုင်ခဲ့ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။
Ref: ရှင်းဟွာ
