လွိုင်ကော်တက္ကသိုလ် အဝေးသင်သင်တန်းများမှ ကျောင်းသားကျောင်းသူများအနေဖြင့် ၂၀၂၅ ပညာသင်နှစ် အဝေးသင် ဒုတိယအသုတ်နှင့် တတိယသုတ် အနီးကပ်သင်တန်းများကို လွိုင်ကော်တက္ကသိုလ်တွင် တက်ရောက် ဖြေဆိုရမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် အသိပေးထုတ်ပြန်ထားသည်။
၂၀၂၅ ပညာသင်နှစ် အဝေးသင်သင်တန်းများတွင် ကျောင်းအပ်နှံထားသည့် ကျောင်းသားကျောင်းသူများ အနေဖြင့် စာမေးပွဲများကိုလည်း လွိုင်ကော်တက္ကသိုလ်တွင် တက်ရောက်ဖြေဆိုရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
လွိုင်ကော်ဒေသအတွင်း တိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွိုင်ကော်တက္ကသိုလ်ကို ယခုပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် ကယားပြည်နယ်အစိုးရအဖွဲ့က ပြင်ဆင်မှုများလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
