တရုတ်နိုင်ငံ ၊ နန့်နင်းမြို့၌ China Media Group(CMG) နှင့် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအစိုးရတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် အာဆီယံမိတ်ဖက် မီဒီယာပူးပေါင်းဆောင်ရွက်မှုသီတင်းပတ် (2025 ASEAN Pa rtners Media Cooperation Week) ဖွင့်ပွဲကို ယမန်နေ့က ကျင်းပခဲ့ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မိမိတို့ အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများအကြား ပွင့်လင်းမြင်သာမှု၊ ယဉ်ကျေးမှုပူးပေါင်းဖလှယ်ခြင်း၊ မီဒီယာကဏ္ဍအပြန်အလှန်မြှင့်တင်ခြင်းများဖြင့် အချင်းချင်းပေါင်းသင်းဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ကြရန်လိုအပ်ကြောင်း၊ မိမိတို့အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသ၏ စွမ်းအားကို မြှင့်တင်စေမည်ဖြစ်ကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့် ဖွံဖြိုးတိုးတက်မှုကိုများစွာ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ မိမိတို့အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ကူးလူးဆက်ဆံမှုကောင်းများဖြင့် နယ်နိမိတ်များကို ကျော်လွှားပြီး တစုတစည်းတည်းဖြစ်သည့် အသိုက်အဝန်းကို တည်ထောင်နိုင်ရေး မိမိတို့မီဒီယာကဏ္ဍမှ နိုင်ငံအသီးသီးက ပူးပေါင်း၍ တက်ညီလက်ညီဆောင်ရွက်သွားကြရန်လည်း ဒုတိယဝန်ကြီး ကပြောသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တရုတ်နိုင်ငံမီဒီယာအဖွဲ့ CMG တာဝန်ရှိသူများ၊ သီးခြားတွေ့ဆုံ၍ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား မီဒီယာကဏ္ဍတိုးမြှင့်ဆောင်ရွက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ညှိနှိုင်းဆွေးနွေးခဲ့ကြော င်း သိရသည်။
