၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွက် ပြည်ပသို့ အလုပ်သမားစေလွှတ် လချုပ်စာရင်းများ ပေးပို့ရန် အေဂျင်စီ ၄၀ ကျော်ကျန်ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
ပြည်ပနိုင်ငံအသီးသီးသို့ အလုပ်သမား စေလွှတ်ခြင်းအတွက် အေဂျင်စီများသည် လစဥ် စေလွှတ်လုပ်သားစာရင်းများတင်ပြရန် ညွှန်ကြားထားသော်လည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွက် အလုပ်သမားစေလွှတ် လချုပ်စာရင်းများ အချိန်မီတင်ပြရန် လိုအပ်သော အေဂျင်စီ (၄၆) ခုရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၊ Safe Migration ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအေဂျင်စီများ အနေဖြင့် အချိန်မီစာရင်းမပေးပို့နိုင်ပါက ဒ-ဏ်ကြေးပေးဆောင်ရမည်ဖြစ်သည်။
လိုင်စင်ရ အေဂျင်စီများသည် နိုင်ငံအလိုက် မိမိတို့စေလွှတ်ခဲ့သော အလုပ်သမားတစ်ဦးချင်းစီ၏ အမည်၊ မှတ်ပုံတင် နံပါတ်၊ မွေးသက္ကရာဇ်၊ နိုင်ငံကူးလက်မှတ်နံပါတ်၊ ပြည်တွင်းနေရပ်လိပ်စာ၊ ပြည်ပသို့ သွားရောက်သည့်နေ့စွဲ၊ ပြည်ပတွင် အလုပ်လုပ်နေသည့် အလုပ်အကိုင်နှင့် နေရပ်လိပ်စာ စသည်များကို စာရင်းပြုစုပြီး အလုပ်သမားဝန်ကြီးဌာနသို့ပေးပို့ရခြင်းဖြစ်သည်။
