UAE နိုင်ငံတွင် ကျင်းပနေသည့် World Skateboarding Championships 2023 တွင် မြန်မာစကိတ်ဘုတ်အသင်းမှ လူငယ်တစ်ဦး ၀င်ရောက်ယှဉ်ပြိုင်နေကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို UAE နိုင်ငံ Aljada Skate Park, Sharaj မြို့တွင် ဇန်နဝါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီလ ၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။
မြန်မာစကိတ်စီးအားကစားအသင်းမှ ထက်မြက်နိုင်သည် Qualifier အဆင့်တွင် ဂျပန်၊ တောင်ကိုးရီးယား၊ ပီရူး၊ နီပေါ၊ ကာဇက်စတန်၊ မက်ဆီကို၊ အိုမန်၊ မော်ရကို၊ မိုဇမ်ဘစ် ကစားသမားများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အုပ်စုတစ်ခုတွင်၂၃ ယောက်ကစားရမည်ဖြစ်ပြီး Group ၈ ခုမှ အမှတ်များဆုံး ၃၂ ယောက်သည် quarterfinal သို့တက်ရောက်ခွင့်ရမည်ဟု သိရသည်။
အဆိုပါပြိုင်ပွဲသည် ပြင်သစ်အိုလံပစ်၏ ပွဲစဉ်တစ်ခုဖြစ်ပြီး ပြင်သစ် ၂၀၂၄ အိုလံပစ်၏ ခြေစစ်ပွဲစဉ်အတွက် အမှတ်ရမည့် ပြိုင်ပွဲလည်းဖြစ်ကာ စားစရိတ်အားလုံးကို ကမ္ဘာ့အိုလံပစ်ကောင်စီမှ ကျခံမည်ဖြစ်ပြီး ပြိုင်ပွဲသည် မြန်မာစကိတ်ဘုတ်အသင်းအတွက် ဒုတိယအကြိမ်အိုလံပစ်အတွေ့အကြုံဖြစ်ကြောင်း သိရသည်။


